အဲဗာတန်အသင်းမှ ဖီးလ်နဗီးတစ်ယောက် အရက်ဘားအတွင်းရောက်လာပြီးအရက်ဆိုင်ပိုင်ရှင် ကိုပြောသည်။
``အရက်အကောင်းစား ၁ပုလင်းလောက်လုပ်စမ်းပါဗျာ ။ ဒီနေ့ အရမ်းလိုအပ်နေလို့ ပါ´´
``ဘာလို့ လဲဗျ …..´´
``အေးဗျာ … ခင်ဗျား ကိုပြောပြရမှာပေါ့ ။ ဒီကနေ့ သူသေ ကိုယ်သေချတော့မယ်ဗျ ။ခင်ဗျား တစ်သက်တာမှာ
အကြီးအကျယ်ဆုံးရန်ပွဲ ကြီးတစ်ပွဲ တွေ့ ရတော့မယ်ဗျို့ ´´
ထိုသူက အရက်တခွက်ကို မော့ရင်းဆက်ပြောသည်။
``ဖုန်းခဏသုံးမယ်နော်´´
``ရပါတယ် ။ ဆက်ပါ ´´
ထိုနောက် ၄င်းကဆရာဝန်ထံဖုန်းဆက်ပြန်သည်။
``ဆရာ…ဆေးခန်းမပိတ်နဲ့ ဦးနော် ။ အရေးပေါ်စောင့် နေပေးပါဗျာ ။ အရေးကြီးရန်ပွဲ တစ်ပွဲ ရှိနေလို့ ပါ´´
ဖုန်းဆက်ပြီး ထိုသူကအရက်ဆက်သောက်ရင်း ဆိုင်ရှင်ကို ပြောပြန်သည်။
``နေပါဦး ….. မေးပါရစေဗျာ ။ ခင်ဗျား ကဒီနေ့ မှာ ဘယ်သူနဲ့ ရန်ဖြစ်မှာလဲ။ ပြောပါဦး … ဗျ´´
``ဟဲ…ဟဲ…ခင်ဗျား နဲ့ လေ ။ ခင်ဗျား သမီးကိုပစ်သွားတာ ကျနော်ပဲ ။ နောက်ပြီး ပေးစရာအရက်ဖိုး လည်းတစ်
ပြားမှမရှိဘူးလေ´´
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ….
(ဘာသာပြန် … အိတ်တင်း)
..**(ရွှင်ပြုံးတခဏ - ဘောလုံးဟာသ)***…..

No comments:
Post a Comment