ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, August 22, 2009

သြဂုတ်လအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ

> သြဂုတ် ၂၂၊ ၂၀၀၉ (ဘန်ကောက်ပို့စ်)
အမျိုးသားရဲချုပ်အသစ် အမည်စာရင်းတင်သွင်းရာမှာ ထောက်ခံမှုမရပေမဲ့လည်း ၀န်ကြီးချုပ်အနေနဲ့ သူဟာ အဓိက တာဝန်ခံအဖြစ် ရှိနေတုန်းပဲလို့ အဘီဆစ်က ထပ်လောင်းပြောဆိုပါတယ်။ ရဲဗိုလ်ချုပ်ကြီး Prateep ကို ရဲချုပ်အဖြစ် အမည်စာရင်းတင်သွင်:်တာကို ဘုတ် အဖွဲ့က ကြာသာပတေးနေ့က ပယ်ချခဲ့ပါတယ်။ ဒါဟာ ၀န်ကြီးချုပ်အနေနဲ့ အလွန်အန္တရာယ်ကြီးတဲ့ အနေ အထားမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ ထိတ်လန့်စရာတွေ ဖြစ်ပေါ်လာနေပါတယ်။ “ ဒီရာထူးမှာ

ကျနော်ရှိနေသ၍တော့ ကျနော့်အနေနဲ့ တိုင်းပြည်ကို အုပ်ချုပ် ရမှာ ဖြစ်တယ်၊ ဒီလိုမလုပ်နိုင်ဘူးဆိုရင် ကျနော်ဆက်ရှိနေမှာမဟုတ်ဘူး၊ နောက်ပြီး ဒါဟာ အလွယ်တကူဖြေရှင်းနိုင်တယ်လို့ ကျနော် ထင်ပါတယ်” လို့ သူ့ဘေးမှာ စိတ်ဓါတ်ရေးရာ ၀ိုင်းရံအားပေးတဲ့ ဒီမိုကရက် အမတ်တွေကို သူက ပြောခဲ့ပါတယ်။(နေ့ သစ်)
(သြဂုတ်လ ၂၁ရက် ၂၀၀၉)ဖြစ်ရပ်-၁။ ။။ အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံဖြစ်သည့် မလေးရှားတွင် ယမန်နေ့ တရက်ထဲ၌ပင် လူတုပ်ကွေး ကပ်ရောဂါ A (H1N1) ကူးစက်ခံရသူ ၅၆၉ ဦး ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
A (H1N1) ကူးစက်ခံရသူပေါင်း ၄၂၂၅ ဦးအနက် သေဆုံးသူ ၆၂ ဦး ရှိခဲ့သဖြင့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရောက်ရှိနေသည့် မလေးရှားတွင် ယမန်နေ့ တရက်ထဲအတွင်း လူပေါင်း ၅၇၀ နီးပါး ထပ်မံ၍ ထိုကဲ့သို့ ကူးစက်ခံလိုက်ရခြင်း ဖြစ်သည်။ (မဇ္ဈိမ)
ဖြစ်ရပ်-၂ ။ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို့နယ်၌ ယခုလအတွင်း ကားချောဆွဲခံရမှုပိုမိုများပြားလာခြင်းကြောင့် ကား သမားများ အခက်အခဲဖြစ်နေသည်။ ကားသမားများအနေနှင့် ကားချောဆွဲခံရမှုများကို နေ့စဉ်ကြုံတွေ့နေကြရပြီး ပုံမှန်ဝင်ငွေလည်းမရ ဖြစ်နေကြရ သည်။ ဗျူဟာမှူး၏ အမိန့်အရ မော်တော်ယာဉ်ထိန်းသိမ်းရေးအသင်း(မထသ) တာဝန်ခံများမှ တဆင့် ကားချောလိုက် ရန်ဆင့်ခေါ်ခြင်းဖြစ်သည်။ ကော့သောင်းမြို့နယ်အတွင်း၌ ကားအစီးပေါင်း ၇၀ ခန့်ရှိ၍ ခရီးဝေးသွားသည့်ကားအစီး ၃၀ ခန့်ကိုသာ ချောဆွဲ ခြင်းဖြစ်ပြီး မြို့တွင်းပြေးဆွဲနေသည့်လိုင်းကားများ ချောဆွဲခံရခြင်း မရှိပေ။(NMG)
ဖြစ်ရပ်-၃။ ။ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံ၏တရားဝင် အလုပ်သမားမှတ်ပုံတင် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ၅၀ အား တရားဝင်နိုင်ငံကူးလက်မှတ်များပြုလုပ် ပေးနေသည်။ ဘန်ကောက်နှင့် မဟာချိုင်ဒေသရှိ မြန်မာအလုပ်သမား ၅၀ သည် ယခုလ (၁၈) ရက်နေ့က တာချီလိတ်မြို့၌ သွားရောက်ပြုလုပ်ခဲ့သည်ဟု ကိုယ်တိုင်သွားရောက်လုပ်ကိုင်ခဲ့သူ မဟာချိုင်ဒေသမှ အလုပ်သမား တစ်ဦးကိုပြောသည်။ တာချီလိတ်တွင် သွားရောက်လုပ်ကိုင်နိုင်ရန် ဘန်ကောက်မြို့တွင်ရှိသော ထိုင်း-မြန်မာ ချစ်ကြည်ရေးရုံးမှ ကား စီစဉ်ပေးပြီး ခရီးစရိတ် ထိုင်းဘတ်ငွေ ၃၁၀၀ နှင့် လက်မှတ်လုပ်ခ ဘတ် ၃၀၀၀ ကုန်ကျသည်။တာချီလိတ်တဖက်ကမ်းရှိ မယ်ဆိုင်မြို့၌ ဦးစွာစာရင်းသွင်းရပြီး မြန်မာဖက်ခြမ်း တာချီလိတ် ရဲစခန်းသို့ သွားရောက်စစ်ဆေးခံရကာ ထောက်ခံစာယူရသည်ဟု သိရသည်။(NMG)
ဖြစ်ရပ်-၄။ ။ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ ဖန်ဖလားရပ်ကွက် ၀ိတိုရိယကျောင်းတွင် မူလတန်း၊ အလယ်တန်း ကျောင်း ပေါင်း (၁၂) ကျောင်းမှ မြန်မာ ကလေးငယ်(၃၆)ဦးပါဝင်သည့် “လူကုန်ကူးမှု ရပ်တန့် ရေး” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲတရပ်ကို ယနေ့ နံနက် (၉)နာရီက စတင် ကျင်းပခဲ့သည်ဟု သတင်းရရှိသည်၊ယခုပြိုင်ပွဲတွင် ရနောင်းမြို့ စွယ်ကျက်ကျောင်းမှ တတိယတန်းကျောင်းသူ မနန္ဒာဝင်း၏“ပွဲစားပြောတိုင်း မယုံနဲ့ ဘ၀ပျက်တတ်သည်” အမည်ရှိ ခေါင်းစဉ်ဖြင့် ရေးဆွဲထားသော ပန်းချီက ပထမဆု ရရှိခဲ့သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက ပြောသည်။(ဧရာဝတီ.)
(သြဂုတ်လ ၂၀ရက် ၂၀၀၉) ။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်း အလုပ်သမားနည်းတူ အကျိုးခံစားခွင့် အပြည့်ဝပေးမည်ဟု ထိုင်းအလုပ်သ မားဝန်ကြီးဌာနက ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်ကြေငြာလိုက် သည်။ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမား ၆ သိန်း ၄ သောင်းဝန်းကျင်ကို ထိုင်းအလုပ်သမားနည်းတူ လုပ်အားခနှင့် လူမှုခိုလှုံရေး ခံစားခွင့်ပေးမည်ဟု အလုပ်သမားကာကွယ်ရေးနှင့် လူမှု ခိုလှုံရေးဌာနက ပြီးခဲ့သည့် သြဂုတ်လ (၁၆) ရက်နေ့ တနင်္ဂနွေနေ့မှာ ထုတ်ပြန်ထားကြောင်းလည်း RFA သတင်းဌာနကကြေငြာထားသည်။အပြည့်ဝပေးမည်ဟု ထိုင်းအလုပ်သ မားဝန်ကြီးဌာနက ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်ကြေငြာလိုက် သည်။
(သြဂုတ်လ ၁၉ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံတွင် A (H1N1) တုပ်ကွေးရောဂါကြောင့် သေဆုံးမှုနှုန်း မြင့်မားလာသဖြင့် လုပ်ငန်းအချို့ ရပ်နားထားသည့်အတွက် မလေးရှားရှိ မြန်မာနိုင်ငံသားအလုပ်သမားများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူအနောက်ဘက် စလန်ဂေါ်မြို့တွင် A (H1N1) တုပ်ကွေးရောဂါကြောင့် ပြီးခဲ့သည့် သီတင်းပတ်မှစ၍ လုပ်ငန်းများ ရပ်ဆိုင်းထားရာတွင် မြန်မာနိုင်ငံသားအများစု အလုပ်လုပ်နေသည့် စက်ရုံအလုပ်ရုံများလည်း ပါဝင်ခဲ့သည်။( ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ တိုးတက်သောဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ၉၉၉ တပ်မဟာအခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူသည် အောက်လက်ငယ်သားများ၏လုပ်ကြံမှုခံရ၍ ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒီကေဘီအေနှင့် နီးစပ်သည့် ဘာသာရေးခေါင်းဆောင် တဦးက ပြောသည်။(၉၉၉) အခြေချဗျူဟာမှူးသည် လွန်ခဲ့သည့်ဇွန်လက နအဖ၏အထောက်အပံ့ဖြင့် တလနီးပါးကြာမြင့်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသကို ထိုးစစ်ဆင်ရာတွင် အဓိကဦးဆောင်ခဲ့သူဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံးက ပြောသည်။( ခေတ်ပြိုင်)
(သြဂုတ်လ ၁၈-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မြန်မာနိုင်ငံမှ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင်ဆိုင်ပြီး ၄င်း၏သား-ပြည့်ဖြိုးတေဇက ဥက္ကဌအဖြစ်ပါဝင်ပဲ့ကိုင်နေသော `ရန်ကုန်ယူနိုက်တက်´ဘောလုံးကလပ်သည် ထိုင်းနိုင်ငံ အခြေစိုက်နာမည်ကြီး ဘောလုံးအသင်းများဖြစ်ကြသည့် (ထိုင်းဆိပ်ကမ်းအသင်း၊ ပတ္တယားယူနိုက်တက်အသင်း၊ BEC တယ်ရိုဆရိုနာအသင်း)တို့နှင့် သြဂုတ်လ ၂၀-ရက်နေ့၌ ခြေစမ်းကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (First Eleven)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံမှ `ကီလာ´စခန်းဟု လူသိများသော တရားမ၀င်နိုင်ငံခြားသာ်းများ ထိန်းသိမ်းရေးစခန်းမှ မြန်မာအကျဉ်းသားများ အချုပ်ခန်းဖောက်ပြေးကြပြီးနောက် ယင်းစခန်း၏ လုံခြုံရေးကို တိုးမြှင့်ချထားလိုက်ကြောင်း သိရသည်။ (NMG)
(သြဂုတ်လ ၁၇-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ကို ထောက်ခံသည့် ထောင်ပေါင်းများစွာသော အနီရောင်ဝတ်လူအုပ်ကြီးက ယနှေ့ဆန္ဒပြခဲ့ကြကြောင်း၊ လူ ၅-သန်းခန့်လက်မှတ်ရေးထိုးထားသော တပ်ဆင်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ဘုရင့်ထံအသနားခံခဲ့ကြ၏။
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံရှိ တရားမ၀င်နိုင်ငံခြားသားထိန်းသိမ်းရေးစခန်းတစ်ခုဖြစ်သော ကွာလာလမ်ပူနိုင်ငံတကာ လေယာဉ်ကွင်းအနီးရှိ (ကီလာ)စခန်းအား ဖောက်ထွက်ပြီး ထွက်ပြေးခဲ့ကြကြောင်း အန်န်အယ်လ်ဒီ၊ အယ်လ်အေ (မလေးရှားဌာနခွဲ)မှ ကိုအောင်ကျော်ဆက်က ပြောဆိုသည်။ (NMG-သတင်း)

သြဂုတ် ၂၂၊ ၂၀၀၉ (ဘန်ကောက်ပို့စ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)