အပိုင်း- ၂
*** `အ´ ကိုသွားမယ်၊ လိုက်ကြဦးမလား…
ဆရာကြီး မောင်သာရရဲ့ နာမည်ကြီး ၀တ္ထုတစ်ပုဒ်ရဲ့ ခေါင်းစဉ်ကို လေးဦးဂိုဏ်း(ခေါ်) ၄-ယောက်ပေါင်း ၉-ဖွဲ့ အငတ်ပေါင်းစုကသွားပြီး သတိရမိတယ်ဗျ။ ဘာတဲ့ဗျာ။ `ကြောင်ကို ဘယ်သူ ခြူဆွဲပေးမလဲ´တဲ့။ ဟုတ်ကဲ့…။ ဒီလို oတ္ထုခေါင်းစဉ်မျိုးနဲ့ ခပ်ဆင်ဆင်ဖြစ်တဲ့- `လိပ်နဲ့ ကြမ်းပိုးကို ဘယ်သူက အပြိုင်ပက်လက်လှန်နိုင်မ လဲ´ဆိုတာကိုမေးခွန်းထုတ်ပစ်တာပေါ့ဗျာ။သတင်းမီဒီယာတွေကိုတင်စားပြောဆိုရရင်အမေး-နွားကျောင်းသား၊ အဖြေ-ဘုရားလောင်း´ဆိုသလိုပါပဲ။နွားကျောင်းသားလိုဟိုချုံရိုက်၊ဒီချုံရိုက်နဲ့လက်ထဲကကြိမ်တို့၊တုတ်တို့ကို အလကား မထားသလိုမျိုး မေးခွန်းထုတ်တာပေါ့ဗျာ။ ဖြေဆိုသူ(အင်တာဗျူးခံရသူ)ဟာ အဓိကပါပဲ။ဖြေဆိုသူ မရှိရင်၊မဖြေခဲ့ရင် သတင်းတပုဒ်၊အင်တာဗျူး(၀ါ)အင်တာဗြဲ(၀ါ)အင်တာကွဲမဖြစ်တော့ပါဘူး။(ဒါက ကြုံကြိုက်
တုန်း တိုက်ဆိုင်အောင် ဆိုင်တိုက်လိုက်တဲ့ အကြောင်းတစ်ခုပါ။)

ဟောဒီလောကီမှာ ဖောသီတွေက ဖောသီ၊ အိတ်ဖောင်းလို့ စိတ်ပြောင်းသူတွေက စိတ်ပြောင်း၊ သရိုးသရီ အီတီတီနဲ့ `အ´ကို သွားမယ်လိုက်ကြမလား-ဆိုရာမှာ `အီစီကလီရီးယား ဒေသ´ဆီကို အဲဒီဖောသီ၊ အိတ်ဖောင်း၊ အီတီတီ စတဲ့ လူတွေကို ခိုင်ထူး သီဆိုခဲ့ဘူးတဲ့ (မကျေနပ်ဘူး)သီချင်းရဲ့ စာသားအတိုင်း `ငါ့ကိုxxx လူတွေ ကြားထဲလာပြီးxxx အကြွေးတောင်းမနေနဲ့xxx ငါ့သိက္ခာxxx ၀ိတ်(Weight) တက်လေအောင်xxx ကျောက်ခဲလာတင်တာလားxxx အခုဆိုရင်xxx ကျောက်ခဲ ဇော်ဝမ်းxxx ငါ့ရှေ့ကထွက်သွားxxx ငါ့အလှည့်ရောက်ရင်xxx မထွက်မှာမပူနဲ့xxx ဟောဟိုကဆိုက္ကားxxx (ဒီဆိုက္ကားxxx ဒီဆိုက္ကားxxx ဒီဆိုက္ကား) အုံနာခတောင်xxx နေ့စဉ်အလျင်မမီခဲ့တဲ့ဘ၀ခါးxxx´
ဒီတစ်ခါ ဖိတ်စာကို ထပ်ပို့လွှတ်ပြန်တယ်။ လာပြန်ပြီ…`အ´ကိုသွားမယ်။ လိုက်ကြဦးမလားတဲ့။ `အ-အကြီးသာ ဖြစ်လိုပါ၏ လို့..။´
ဆုတောင်းပြန်ရင်လည်း သွားလေသူ ဆရာကြီး ဒေါက်တာ သန်းထွန်းကို မလေးစာ:ရာ၊ အလေးမထားရာ ရောက်ဦးမယ်ဗျ။ ဆရာကြီးက `သမိုင်းသင်တာ မအအောင်လို့´လို့ ပြောခဲ့တယ်မဟုတ်လား။ လူအ၊ လူနူံ၊ လူ့အန္ဓ စသဖြင့် မိမိကိုယ်ကို တုံးလိုက်လေခြင်း(၀ါ)အလိုက် လေခြင်း ရယ်လို့ နောင်တမရရလေအောင် `အမောင်တို့၊ အမယ်တို့ဟာ ကိုယ်စီးတဲ့လား (အဲလေ)ကိုယ်စီးတဲ့ မြင်းကို အထီးလား၊ အမလား၊ အထီးမမ(ဂျော်တကီမြင်း)စသဖြင့် ခွဲခြားသိမှတ်-ပိုင်းဖြတ်တတ်လေအောင် ကြိုးစား စွမ်းဆောင်ရမယ် ဘာဘာညာညာ ပြောဖြစ်ကြတယ် ပေါ့ဗျာ။ ဒါ့အပြင် ခဲမလောက်၊ ဆဲမလောက်တဲ့ ထုံထောင်းယူနိုက်တက်တို့၊ ဟိုဖွိုင်စီးတီးတို့၊ ဘတ်နူရာမီလန်တို့၊ ရီးယဲလ်ဘန်ကောက်တို့၊ ဘာစီချင်းမိုင်လိုနာတို့လို အိမ်ကွင်း-အဝေးကွင်း-မနီးမဝေးကွင်း၊ လယ်ကွင်း စသဖြင့် ကြိုက်သလို ကန်နိုင်စွမ်းရှိတဲ့ ခြေစွမ်းတွေကို မကြာမီဆင့်ခေါ်မယ့်`အ´ ဒေသမှာ ပြသနိုင်မှာ ဖြစ်ပါသတဲ့…။
(ဆက်လက်ဖော်ပြပါမည်)
ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)

No comments:
Post a Comment