ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 23, 2009

မဲဆောက်ဈေးရဲ့ တနင်္ဂနွေတစ်ရက်.....

>
(မွဲခြောက်ဈေးရဲ့ တနင်္ဂနွေ)

ဟုတ်ကဲ့…။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဆိုတာက သူ့ရဲ့ သာယာဝပြောမှု၊ စည်ပင်လှပမှု၊ ရောင်းပန်းဝယ် ပန်း ပွင့်လန်းမှု၊ ဒေသခံ ထိုင်းလူမျိုးတွေရော၊ အခြားနိုင်ငံခြားသား(မြန်မာပြည်သားများနဲ့ အန်ဂျီအိုများအပါ အ၀င်) နေသာထိုင်သာရှိမှုနဲ့ သက်သာချောင်ချိမှု ရှိတယ်ဆိုတဲ့ အချိန်တွေ၊ အခြေအနေတွေ၊ အနေအထားတွေ၊ အခင်းအကျင်းတွေကို ယနေ့ဆိုရင် ကျော်လွန်လာပြီးတော့ မဲဆောက်ဟာ `မွဲခြောက်´ဖြစ်နေပါပြီတဲ့။ ဒါက တစ်စိတ်တစ်ပိုင်းပေါ့နော်…။

အခုလို တနင်္ဂနွေနေ့မှာ ဆိုရင် မဲဆောက်ဈေးဟာ ခါတိုင်းရက်တွေနဲ့ မတူပဲ(ဓါတ်ပုံမှာ မြင်ရတဲ့အတိုင်း) စည်ကားနေတာ၊ အချို့အချိန်(နံနက်ပိုင်းနဲ့ ညနေ ၀၅း၀၀ နာရီလောက်မှာ)ဆိုရင် ဖြတ်သွား ဖြတ်လာ စက်ဘီးတွေ၊ ဆိုင်ကယ်လ်တွေ၊ မော်တော်ကားတွေသာမက ဈေးထဲက ကုန်စည်ပို့ဆောင်ရေးကို တနိုင်တပိုင် လုပ်ပေးနေတဲ့ ဂါလီတွေ၊ ဈေးထဲမှာ ခွက်လက်ဆွဲ တောင်းစားနေတဲ့(ကျနော်တို့ မြန်မာပြည်နဲ့ ထိုင်းနိုင်ငံမှာဆိုရင် ခါးမှာ ဗျောက်ထိုးထားပြီး၊ လက်မှာ အရှည်ကိုင်ထားပြီး တောင်းစားနေတဲ့သူတွေကို မိတ်ဆွေပြေးပြီးမြင်နိုင်ပါတယ်)
အဲဒီသူတောင်းစားတွေတောင်မှလူတွေကြပ်ညပ်လာတဲ့အခါ သူတို့ခမျာ ရွေ့မရ၊ ပြောင်းမရနဲ့ ဒုက္ခများရတာလည်း ရှိတယ်ဗျို့။ ဟုတ်တယ် လေဗျာ…။ လူတွေက စုပြီး တိုးတော့ သူတောင်းစားချထားတဲ့ခွက်ရယ်သော၊ ဘာရယ်သော ဘယ်မြင်နိုင်မတုန်း။ `ပန်ကိတ်´လိုက်တော့ တာပေါ့နော်။ `တနင်္ဂနွေ´ဆိုလို့ ပြောရဦးမယ်။ ထိုင်းနိုင်ငံမှာတင်မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း `တနင်္ဂနွေနေ့ဆိုတာ အလုပ်ပိတ်ရက်´ဖြစ်ပါတယ်။ အဲ… ဒီနေရာမှာ ပုံပြင်ပမာဖြစ်နေတာက ထိုင်းနိုင်ငံ တနံတလျားက(၀ါ)၇၆-ခရိုင်က ဒေသအသီးသီးမှာ ပျံ့နှံ့ရောက်ရှိပြီး ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ငန်းခွင်အသီးသီးမှာ ထိုင်းနိုင်ငံရဲ့ ဒေသအလိုက် လုပ်အားခစံနှုန်း(ဘန်ကောက်- တစ်နေ့ ၂၀၅-ဘတ်၊ အိုတီ ၁-နာရီ- ၃၆-ဘတ်၊ မဲဆောက်အပါအ၀င်တာ့(ခ်)ခရိုင်-တစ်နေ့ ၁၅၁-ဘတ်၊ အိုတီ ၁-နာရီ ၂၈-ဘတ်)စတာတွေဟာ တကယ့်ကို အိပ်မက်ပမာ၊ ပုံပြင်ပမာ၊ ဒဏ္ဍာရီဆန်ဆန်ဖြစ်ရပ်မှန်တွေပါပဲဗျာ။ အဲဒီတော့ လုပ်ခမကောင်း၊ ၀င်ငွေမကောင်းကြလေတော့ (အလုပ်ကလည်း ပုံမှန်မရှိတဲ့ စက်ရုံအလုပ်ရုံနဲ့ လုပ်ငန်းခွင်အနီးအနား ကျေးရွာက လယ်ကွက်ထဲက ချဉ်ပေါင်ခင်းနဲ့ ကန်ဇွန်းခင်းဟာလည်း `ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို´ သူတို့ခမျာ များမှာလည်း ခူးတဲ့လက်တွေကပဲ သူတို့အပေါ် အနိုင်ယူသွားလေတော့ သူတို့ဘ၀လေးတွေဟာ ကတုံး ကန်ဇွန်း၊ ကတုံး ချဉ်ပေါင် ဖြစ်သွားပါလေရော…။
အဲဒါကြောင့် စက်ရုံအလုပ်ရုံနဲ့ ဆောက်လုပ်ရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ကျပန်း၊ လုပ်သားတွေအတွက် ဟောဒီ ကဗျာတိုလေးနဲ့ ခံစားချက်ကလေးကို ဝေမျှလိုက်ချင်ပါရဲ့….။
`အကြံကုန်၊ လူစုံ ကန်ဇွန်းခူးထွက်…
အကြံကုန်၊ လူစုံ ချဉ်ပေါင်ခူးထွက်… တဲ့ဗျ။
ဟုတ်ကဲ့… မဲဆောက်ဈေးအပြင်တန်း ဈေးထောင့်တနေရာက အသက် ၉-နှစ်အရွယ် မန်ကျည်းရွက်၊ ချဉ်ပေါင်ရွက်၊ တမာရွက် စတဲ့ တိုလီ မိုလီတို့စရာ အသည်ကလေးကတော့ သူမဘ၀မှာ ဘာတွေများ အခူးထွက်ရဦးမှာပါလိမ့်….။
(ဆက်လက်ဖော်ပြပါမည်)
(သောင်ရင်းနဂါး-မြန်မာပြည်သား)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)