အေဒင်ပင်လယ်ကွေ့အတွင်း သြဂုတ်လ ၁၄-ရက်နေ့ နံနက်ပိုင်းက ယူကရိန်းမှ ဆော်ဒီအာရေဗျနိုင်ငံသို့ ခုတ် မောင်းလာသော တူရကီကုန်တင်သင်္ဘောအား ပင်လယ်ဓါးပြများက ပြန်ပေးဆွဲရန် ကြိုးပမ်းမှုကို ဟန့်တားနိုင် ခဲ့သည့် တူရကီရေတပ်ကို ဂျာမနီစစ် ရဟတ်ယာဉ် တစ်စင်းက ကူညီခဲ့ကြောင်း ပြည်တွင်းသတင်းများက ဖော်ပြ သည်။
*** အော့ကလန် ပင်လယ်ကမ်းခြေတွင် လူသေနိုင်သော အဆိပ်များတွေ့ရှိ…
နယူးဇီလန်နိုင်ငံ၊ မြောက်ပိုင်းကမ်းခြေတွင် အဆိပ်သင်သေဆုံးခဲ့သော ခွေးတစ်ကောင်အား သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိပြီးနောက် တိရစ္ဆာန်များကဲ့သို့ လူများကို သေစေနိုင်သော အဆိပ်ဖြစ်ကြောင်း၊ နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် အော့ကလန်၌ ကျန်ရှိသော ပင်လယ်ကမ်းခြေများကို အသုံးပြုမှုအား ဆင်ခြင်ကြရန် ပြည်သူ့ကျန်းမာရေးဌာနက သတိပေးခဲ့သည်။
*** ရုရှားနှင့် ဂျာမနီ ခေါင်းဆောင်တို့မှ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံရေး ကိစ္စများ ဆွေးနွေးခဲ့ကြ…
(မော်စကို၊ သြဂုတ်လ ၁၅-ရက်)
ရုရှား ဖက်ဒရေးရှင်း သမ္မတ ဒီမီထရီမက်ဗီဒက်စ်သည် ဂျာမနီနိုင်ငံ ၀န်ကြီးချုပ် မစ္စက် အိန်ဂျယ်လာမာဂဲလ်အား ပင်လယ်နက်ကမ်းခြေရှိသူ၏ အပန်းဖြေနေအိမ်တွင် သြဂုတ်လ ၁၄-ရက်နေ့က လက်ခံတွေ့ဆုံခဲ့သည်။ ယခုအကြိမ်ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခြင်းသည် ၂၀၀၉-ခုနှစ်အတွင်း တတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သော ဇူလိုင်လ ကလည်း ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ခေါင်းဆောင်နှစ်ဦးတို့သည် ရင်းနှီးမြုပ်နှံရေးကိစ္စ၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စနှင့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြီးမှ လွတ်မြောက်အောင်မြင်ရေး နည်းလမ်းများ စသည်တို့အား ဆွေးနွေးကြသည်ဟု ဆိုသည်။ ဂျာမနီနိုင်ငံ၏ စီးပွားရေးအခြေအနေကျဆင်းနေရာမှ ပြန်လည်တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နိုင်သော လုပ်ရပ်ကို ရုရှားသမ္မတက ချီးကျူးပြောဆိုခဲ့သည်။ (အင်တာနက်)
*** ပစိဖိတ်သမုဒ္ဒရာအတွင်း `ဂယ်လာမို´ ဟာရီကန်းမုန်တိုင်းဖြစ်ပေါ်…
ပစိဖိတ်သမုဒ္ဒရာအတွင်းတွင် သြဂုတ်လ ၁၄-ရက်နေ့က `ဂယ်လာမို´အမည်ရှိ ဟာရီကန်း မုန်တိုင်းဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းမုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၈၀-နှုန်းခန့် တိုက်ခတ်နိုင်ကြောင်း မီယာမီရှိ အမေရိကန်ပြည်အမျိုးသား ဟာရီကိန်း လေ့လာရေးစခန်းက ဖော်ပြသည်။ အဆိုပါ မုန်တိုင်းသည် ဒေသစံတော်ချိန် နံနက် (၀၈း၀၀)နာရီက မက္ကဆီကိုနိုင်ငံ ဘာဂျာကယ်လီဖိုးနီးယား ကျွန်းဆွယ်တောင်ဘက်စွန်း၏ အနောက်နှင့်အနက်တောင်ဘက် မိုင်(၁၁၈၀)အကွာတွင် ဗဟိုပြုပြီး တစ်နာရီလျှင် ၁၅-မိုင်နှုန်းဖြင့် အနောက်ပိုင်းသို့ ရွေ့လျားနေသည်။ (အင်တာနက်) ဘာသာပြန်-စိုးစိုးနိုင်
*** အေဒင်ပင်လယ်ကွေ့အတွင်း တူရကီသင်္ဘောအား ပင်လယ်ဓါးပြများ တိုက်ခိုက်မှုကို တူရကီစစ်သင်္ဘော ဟန့်တား…

No comments:
Post a Comment