ပို့စ်မောက်တိုက်စစ်မှူးကနူးတစ်ယောက် နှလုံးရောဂါဖောက်ပြန်လာ၍ ဆရာဝန်ထံလာပြသည်။ ဆရာဝန်ကလည်း စမ်းသပ်စစ်ဆေးပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ကနူးအားပြောသည်။
`ပြောရမှာတော့ စိတ်မကောင်းစရာပါပဲကွာ။ ခင်ဗျားအခြေအနေက သိပ်မကြာတော့ဘူး၊´
`ဒါဆိုရင် ကျနော် ဘယ်လောက်ကြာကြာနေရမှာလဲဟင်´
`တစ်ဆယ်´ဟု ဆရာဝန်ပြောစဉ်မှာပင် ကနူးက အလျင်စလို ကြားဖြတ်ပြီးမေးလိုက်သည်။
`ဗျာ… တစ်ဆယ်ဟုတ်လား။ တစ်ဆယ်ဆိုတာရက်လား၊ လလား၊ နှစ်လား ခင်ဗျာ´
သို့သော် ဆရာဝန်က အဖြေမပေးဘဲ ဤသို့ ဆက်ရွတ်သည်။
`ကိုး… ရှစ်…. ခုနစ်…. ခြောက်…´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ..
ဘာသာပြန်- အိတ်တင်း
****(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)***

No comments:
Post a Comment