ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 16, 2009

မယ်ရမတ်မြို့နယ် သစ်စက်တစ်ခုက အလုပ်သမားများ၏ ဘ၀နှင့် လုပ်ခလစာ…

>

`တ၀မ်းတခါးအတွက်´တဲ့။ `သမုဒ္ဒရာဝမ်းတထွာအတွက်´တဲ့…။ ကြည့်ပါအုံး… သူတို့ရဲ့ ရင်ဘတ်ထဲက စကားသံတွေ။`ကျနော်တော့ ဘတ် ၉၀-ပဲ ရတယ်ဆရာမရေ့၊ ဒီတစ်လ ဒါနဲ့ ဘယ်လိုစားရမလဲ၊ ကြည့်ပါဦး လခထုတ် တဲ့စာရွက်´`ကျနော်ကတော့ ၇၅၀-ဘတ်ရတယ်၊ ဟင်းကြွေး၊ ဆန်ဖိုး၊ အကြွေး၊ ဆီဖိုးအကြွေး၊ ထွေလီကာလီ အကြွေးတွေနဲ့ ကျနော့် မိန်းမရယ်၊ ကျနော့် ကလေး ၂-ယောက်ရယ် ဒီလထဲမှာ ဘယ်လိုစားသောက်ရမှာလဲ…။ ဒီသစ်စက်မှာက ၂-လလောက်ရှိပြီ။ အလုပ်မရှိလို့ သစ်စက်လုပ်သားဘ၀ကနေ ခြံတောင်ယာလည်း သွားလုပ်လိုလုပ်ရ၊ ငါးဖမ်းစားလိုစားရနဲ့ ဆရာမရေ…´

ဟုတ်ကဲ့ပါရှင်။ ။ ဒီအသံဗလံတွေက သမုဒ္ဒရာဝမ်းတစ်ထွာအတွက်၊ တစ်ဝမ်းတစ်ခါးအတွက် မြန်မာပြည်ပဲခူး
တိုင်း ပဲနွယ်ကုန်းနဲ့ ညောင်လေးပင်၊ ဖြူး၊ ဝေါ၊ သနပ်ပင် စတဲ့ မြို့နယ်တွေကနေ မွန်ပြည်နယ်၊ ဘီးလင်း၊ သထုံ၊ ကျိုက်ထို၊ မြို့နယ်တွေကနေ၊ ကရင်ပြည်နယ် ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ဖာပွန်၊ ဖားအံ၊ မြို့နယ်တွေကနေ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရဲ့ မြောက်ဘက်က နယ်နိမိတ်ချင်း ထိစပ်နေတဲ့ `မယ်ရမတ်မြို့နယ် ဘက်ကသစ်စက်လုပ်သားတွေဆီက ၁၅-ရက်တစ်ပတ် လုပ်ခလစာရှင်းပေးတာကို တွေ့ကြုံသိရှိခဲ့ရတာပါရှင်။ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေတစ်ဖြစ်တဲ့ BE-2541(1998)Act အရဆိုရင် မယ်ရမတ်အပါအ၀င် တာ့ခ်၊ မဲဆောက်၊ ဖုတ်ဖရား၊ အုန်းဖန်၊ ထဆောင်ယန်းမြို့နယ် ၆-ခုမှာ (တာ့ခ်ခရိုင်)မှာ အလုပ်သမားတစ်ဦးအတွက် လုပ်အားခစံနှုန်း သတ်မှတ်ချက်က တစ်နေ့အလုပ်ချိန် ၈-နာရီအတွင်း (၁၅၁-ဘတ်)နဲ့ အိုတီကြေး ၁-နာရီကို ၂၈-ဘတ်ဖြစ်ပါသတဲ့။ အခု တကယ့်လက်တွေ့မှာ မယ်ရမတ်မြို့နယ်အတွင်း သစ်စက်တွေရှိကြတဲ့ ကျေးရွာတွေဖြစ်တဲ့ မယ့်ကဆာ၊ မယ့်ရိုင်၊ ၀မ်းဖာ၊ မယ်ကုဆန္ဒ၊ မယ့်ကျရော စတဲ့ နေရာတွေမှာ တစ်နေ့လုပ်အားခ (၈၀-၁၀၀-၁၂၀)စသဖြင့် ရတာရှိသလို၊ (၁၀၀- ၁၂၀- ၁၅၀-၂၀၀)ရတာတွေလည်း ရှိပါတယ်။ အဓိကပြောချင်တာက နေ့စဉ်အလုပ်မရှိတာမို့ လုပ်ရတဲ့နေ့မှာ သစ်စက်လုပ်သားတစ်ဦးဟာ ဥပမာ-၂၀၀ ဘတ်ပဲရတယ်ထားဦး၊ နောက်နေ့တွေမှာ သူ့ကို အလုပ်ကြပ်(၀န်ဏ)က `မင်းနေခဲ့၊ နောက်နေ့မှ ခေါ်မယ်´လို့ ထားခဲ့တာချည်းပါပဲ။ အဲဒါကြောင့် ၁၅-ရက်တစ်ပတ် လုပ်ခရှင်းတိုင်း တစ်ဦးနဲ့ တစ်ဦး ၀န်ဏနဲ့ ပြေလည်သူတွေ၊ မန်နေဂျာနဲ့ အလွမ်းသင့်သူတွေ၊ တချို့တလေကလွဲပြီး အများစုသော သစ်စက်လုပ်သားတွေ ဟာ လုပ်အားခ ပုံမှန်မရှိကြသလို စားစရာလည်း ပုံမှန်မရှိကြပါဘူး။`ဒီသစ်စက်မှာ ဈေးဆိုင်ဖွင့်ရောင်းတဲ့ မအေးကိုပဲ ကျေးဇူးရှင်လုပ်ပြီး နတ်လိုကိုးကွယ်နေရတယ် ဆရာမရေ´` ဟုတ်ကဲ့ပါ။ ။ မဲဆောက်ဈေးထဲက ခေါက်ပြန်ကြေးနဲ့ ပစ္စည်းအစုံအလင်ကို အကြွေးနဲ့ ရယူပြီး အဲဒီသစ်စက်လုပ်သားတွေကို ၁၅-ရက်တကြိမ် အကြွေးပြန်ရှင်းတဲ့ နည်းနဲ့ အကြွေးရောင်းနေတဲ့ ပဲနွယ်ကုန်းသူ မအေးဆိုတာရှိပါတယ်။ တနွယ်ငင် တစင်ပါဆိုသလို မအေးဟာလည်း တချိန်က ဒီသစ်စက်မှာ မောင်သိန်းတို့၊ မိငြိမ်းတို့နဲ့ သစ်ထမ်း ၀ါးထမ်း လုပ်ခဲ့ဘူးသူပါပဲ။ နော်ကတော့ ချဲကလေး နဲနဲပေါက်ပြီး မဲဆောက်ဈေးနဲ့ အဆက်ရလာပြီး အခုလို ဆိုင်လေး ကန္နား လေးကနေ ဆိုင်လတ်ကန္နားလတ်အဆင့်ထိ ရောက်လာအောင် တဒေသတည်းသား ပဲနွယ်ကုန်းသား၊ ဒေသချင်းကပ်လျက် ညောင်လေးပင်သား၊ ဖြူးသား၊ စတဲ့ ဘ၀တူ သစ်စက်လုပ်သားတွေက အကြွေးနဲ့ ၀ိုင်းပြီး အားပေးကြရတာပေါ့…။ မအေးက မောင်သိန်းတို့ မိငြိမ်းတို့ရဲ့ အမတော်စပ်ပြီး သူ့တစ်ဆိုင်ထဲမှာပဲ အကြွေးယူသူတွေက ၁၅-ရက်ပြန်ပေးဘ၀ကနေ အခုလို အနိုင်တို့ ၉၀-ဘတ်ပဲရတာတို့၊ မောင်လပြည့်တို့ ၇၅၀-ဘတ်ပဲရတာတို့ကို နားလည်မှုနဲ့ အကြွေးဆက်ပေးပါသတဲ့ရှင်…။
ဟုတ်ကဲ့ပါ။ ။ သစ်စက်လုပ်သားတွေဆိုတော့ လက်ချောင်းလေးတွေ မစုံမလင်နဲ့ တစ်ချောင်းပြတ်သူ၊ နှစ်ချောင်းပြတ်သူ၊ တွေရှိသလို ဘာမှမပြတ်ပဲ သစ်မှုန်တွေ မျက်လုံးထဲဝင်လို့၊ ဖွဲမှုန်တွေ မီးခိုးမှုန်တွေ မျက်လုံးထဲဝင်လို့ အများအခေါ် ကျောင်းသားဆေးခန်း (၀ါ) မယ်တော်ဆေးခန်းက နိုင်ငံခြားက မျက်စိအထူးကုတွေလာတဲ့အခါ သူတို့ခမျာ သိပ်ပြီး ကုချင်ရှာကြပါတယ်။ ဒါပေမယ့် သူတို့လုပ်သက် ၆-နှစ် ၇-နှစ် သာရှိလာကြတယ်။ အလုပ်သာ နေ့စဉ်မရှိတာ၊ အဲဒီလို မယ်တော်ဆေးခန်းကို ဆေးသွားကုဖို့ ခွင့်တောင်းရင် `ဒီနေ့ မယ်တန်ဘက်က သစ်ကားလာချင်လာမှာနော်´ `ဒီနေ့ သူဌေးမ လာချင်လာမှာနော်´ `ဒီနေ့ သူဌေးသား လာချင်လာမှာနော်´ စသဖြင့် လာချင်လာမှာနော် လို့ပြောပြီး ဘယ်တုန်းကမှ ခွင့်မပေးခဲ့ပါဘူးတဲ့။ ရှေ့က ပြောခဲ့သလို လက်ချောင်းလေးတွေ ပြတ်တောက်သူတချို့တလေကတော့ မြန်မာပြည်သားအဖွဲ့ (၀ါ)မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဆီကို အရင်ဦးဆုံး ရောက်လာကြ၊ စုပေါင်းတိုင်ပင်ကြ၊ ပြီးတော့ စုပေါင်း အရေးဆိုကြနဲ့ ၂၀၀၅-ခုနှစ် မေလက တစ်ကြိမ်၊ ၂၀၀၅-ခုနှစ် အောက်တိုဘာလက တစ်ကြိမ် လက်ချောင်းလေးတွေ ပြတ်တောက်သူတွေ လျော်ကြေးရပြီး အခြားတိုင်ကြားသူတွေကလည်း လုပ်အားခ ၂၅-ဘတ်စီ တိုးမြှင့် ရရှိခဲ့ပါတယ်ရှင်…။
သစ်စက်ဘေးမှာ ရစ်ခွေစီးဆင်းနေတဲ့ မြောင်းငယ်၊ ချောင်းငယ်နဲ့ အဲဒီထဲမှာရှိတဲ့ ငါးတွေဟာ သူတို့ တတွေဖမ်းစားစရာ အစားအစာတွေပါရှင်..။ လယ်ကန်သင်းရိုးတစ်လျှောက်မှာရှိတဲ့ ကန်ဇွန်း၊ ကနဖော့၊ ညံ၊ သံလွင်၊ လယ်ပတူ၊ ပုဇွန်စာ၊ ကညို့တို့အပြင် တမာရွက်အမျိုးမျိုးရယ်၊ အခုနေခါ ရာသီပေါ်မျှစ်တွေဟာ အဲဒီသစ်စက်လုပ်သားတွေ မိုးမကုန်မချင်း ရှာဖွေစားသောက်နေရမယ့် သဘာဝက ပေးထားတဲ့ စားစရာတွေသာ ဖြစ်ပါကြောင်း တင်ပြပါရစေရှင်…။
***ဒေလီယာ (မြန်မာပြည်သား)***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)