ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, August 22, 2009

ဉ်ီးကြည်မောင်နှင့် အမှတ်ရစရာ ပုံရိပ်လွှာအချို့ အပိုင်း (၃)

>
ဦးကြည်မောင်ဟာ ဦးအောင်ကြီးနဲ့ နိုင်ငံရေးလောက၊ စစ်ရေးလောကမှာ တော်တော်ကြီး ရင်းရင်းနှီးနှီးနေခဲ့ ရုံမက (လုပ်ဖော်ကိုင်ဖက်အဖြစ်လည်း) အဲဒီလောက နှစ်ခုစလုံးမှာ ထဲထဲဝင်ဝင် အကျွမ်းတ၀င်ဖြစ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဥပမာ-အားဖြင့် ၁၉၈၀-ခုနှစ်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဒီဂရီ(၂/၈၀)ကြေညာ ချက်ကို အဲဒီတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)က ကြေညာပြီး မြေပေါ်၊ မြေအောက် လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပါသတဲ့။ အဲဒီလို အမိန့်ကြောင့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၊ ဘိန်းဘုရင် လော်စစ်ဟန်နဲ့ လော်စစ်လင်း၊ အလံနီကွန်မြူနစ်ပါတီခေါင်းဆောင်

သခင်စိုးနဲ့ အလံနီရဲဘော်ရဲမေများ၊ ဖမ်းဆီးထားတဲ့ လက်ကျန် အရင်ပါလီမန် ခေတ်က ၀န်ကြီး၊ ၀န်ကလေး၊ အစိုးရအဖွဲ့အရာရှိကြီး, လတ်, ငယ်တွေ,၊ အခြားရာဇ၀တ်အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာကြပါတယ်။ အဲဒီလို မြေပေါ်(ခေါ်)မြန်မာပြည် ထောင်နံရံအသီးသီးမှာ စံမြန်းနေသူတွေကိုသာမက မြေအောက်(ခေါ်)မြန်မာပြည်ရဲ့ ပြင်ပရောက်စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်နေသူတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာမို့ ဦးနူကြီးမှူးတဲ့ ပြည်ပရောက် ပါလီမန်ဒီမိုကရေစီပါတီ(PDP)က ပုဂ္ဂိုလ်တွေလည်း လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပါသွားပါတယ်။ ဗိုလ်နေ၀င်းက `ကိုကြီးနူတို့ ကိုကြီးအောင်တို့ အသက်ကြီးပြီ၊ ပိဋိကတ်ဘာသာပြန် စာပေအသင်းမှာ တာဝန်ယူပေးပါ´လို့ ပန်ကြားပြီး ဦးနူက ပိဋိကတ်ဘာသာပြန်စာပေအသင်းဥက္ကဌ၊ ကိုကြီးအောင်(ခေါ်)ဗိုလ်မှူးအောင်(ပါလီမန်ခေတ် တိုင်းပြုပြည်ပြုလွှတ်တော်ဥက္ကဌ၊ ရဲဘော် သုံးကျိပ်ဝင်-သခင်စံလှိုင်)ကိုတော့ ရွှေတိဂုံ စေတီဂေါပကအဖွဲ့မှာ ဥက္ကဌလုပ်စေခဲ့ပါတယ်။ ကျနော် အဓိက တင်ပြလိုတာက အဲဒီလို (2/80)အမိန့် ဒီဂရီရဲ့ အကျိုးသက်ရောက်မှုအပြီး နောက်ပိုင်း (၁၉၈၄)ခုနှစ်ဝန်းကျင်လောက်မှာ CRDB (မြေအောက်လှုပ်ရှားမှုအဖွဲ့)ကို ဖွဲ့တည်ကြတဲ့အခါ နိုင်ငံရေး၊ စစ်ရေး လုပ်ဖော်ကိုင်ဖက်အချို့ရဲ့ မီးစတဖက်၊ ရေမှုတ်တဖက်(၀ါ)လှေနံနှစ်ဖက်နင်းတဲ့ ရပ်တည်ချက်တွေကို သာဓကပြလိုတာ ဖြစ်ပါတယ်။ ဒီသာဓကဟာ ဦးကြည်မောင်နဲ့လည်း ပတ်သက်ပါတယ်။ ဦးနူက မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်တည်ဆောက်ရေးကော်မတီ(Committee for Restoration of Democracy in Burma-CRDB)ကို မြေအောက်အဖွဲ့ အစည်းတစ်ခုအနေနဲ့ မေမြို့(ပြင်ဦးလွင်)က သူ့ရဲ့ နွေရာသီအိမ်တစ်ခုမှာ ဖွဲ့စည်းဖို့ ဖိတ်ခေါ်ခဲ့ပါသတဲ့။ သူက စီအာဒီဘီအဖွဲ့မှာ နာယက၊ ဗိုလ်မှူးအောင်တို့၊ ဦးကျော်ငြိမ်းတို့၊ ဦးဗဆွေတို့၊ ဦးအောင်ကြီးတို့ကို ယူနစ်ခေါင်းဆောင်တွေပေါ့လေ။ ဦးအောင်ကြီးရဲ့ ယူနစ်ထဲမှာ ဦးကြည်မောင်တို့၊ ဦးချစ်ခိုင်(ဒုတိယဗိုလ်မှူးကြီးဟောင်: ဇေယျကျော်ထင်ချစ်ခိုင်၊ နောင်-NLDအတွင်းရေးမှူး ၁၉၉၀)တို့ပါဝင်ကြသတဲ့။ အဲဒီလို မြေအောက်လျှို့ဝှက်အဖွဲ့ ဖွဲ့တာကို ရက်ကြာကြာမဆိုင်းပဲ ဗိုလ်နေ၀င်းဆီကို သံတော်ဦးသွားတင်တာ ဘယ်သူအောက်မေ့လို့လဲ။ `ဦးချစ်ခိုင်´ဆိုတဲ့ ယူနစ်အဖွဲ့ဝင်ပေါ့။ ဦးချစ်ခိုင်က အဲသလို သတင်းပို့နိုင်အောင် နောက်ကွယ်ကနေ စီမံညွှန်ကြားသူက ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးတဲ့လေ။ ဟုတ်ကဲ့- လှေနံနှစ်ဖက်နင်းတဲ့ `နိုင်ငံရေး၊ စစ်ရေး နှစ်ဖက်ချွန်´များအကြောင်း စပ်မိစပ်ရာ ပြန်လည်ဖောက်သည်ချရတာပါဗျာ။ အဲဒီလို လုံးစေ့ပတ်စေ့ မိမိထံကို သတင်းပို့တာကို ကြားသိရတဲ့ ဗိုလ်နေ၀င်းက အဲဒီအချိန်မှာ စိတ်ကောင်းဝင်နေချိန်မို့လို့ ထင်ပါရဲ့။ `ဟာကွာ- ချစ်ခိုင်ရာ၊ ဒီလူကြီးတွေ အသက်လည်းကြီးပါပြီကွာ၊ စိတ်ရူးပေါက်လို့ လျှောက်လုပ်တာနေမှာပါ။ ထားလိုက်ပါကွာ´လို့ ပြောတဲ့အကြောင်း အတွင်းသိ၊ အစင်းသိအချို့က ကျနော်ကို ပြန်ပြောတာမှတ်မိပါတယ်။ ဦးကြည်မောင်ဟာ ဦးအောင်ကြီးတို့၊ ဦးချစ်ခိုင်တို့နဲ့က ဟိုး… ကျောင်းသားလှုပ်ရှားမှု၊ သခင်လှုပ်ရှားမှုတွေကတည်းက တွဲလာသူဆိုတော့ သံယောဇဉ်နှောင်ကြိုးက ဖြတ်မရဘူးထင်ပါတယ်။ သူတို့ကိုမူ မကြိုက်ပေမယ့် လူချင်းက တအားခင်မင်နေတာမို့ ရှေ့ဆက်ပြီးလည်း အတွဲပျက်ကြပုံမရပါဘူး။

(ဆက်လက်ဖော်ပြပါမည်)
***သောင်ရင်းနဂါး***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)