တောင်အမေရိကတိုက်၊ ကိုလံဘီယာနိုင်ငံမှ သမ္မတ(အုရုဘီ)သည် လူတုပ်ကွေးရောဂါခံစားနေရသဖြင့် ဆေးဝါး ကုသမှု ခံယူလျက်ရှိကြောင်း၊ လုပ်ငန်းတာဝန်များကို နေအိမ်မှပင် ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ ပြောခွင့်ရ သူက ပြောကြားသည်။ (အင်တာနက်)
*** တရုတ်နှင့် ရုရှား တပ်ဖွဲ့ဝင်များ၊ ဆိပ်ကမ်းလုံခြုံရေး ပူးပေါင်းလေ့ကျင့်…
(ပေကျင်း၊ စက်တင်ဘာလ ၁-ရက်)
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ လုံခြုံရေးတပ်ဖွဲ့များသည် သင်္ဘောဆိပ်ကမ်းများတွင် အရေးပေါ်အခြေအနေ၊ အကြမ်းဖက်မှုများနှိမ်နင်းရမည့်နည်း လမ်းတို့နှင့် ပတ်သက်ပြီး လေ့ကျင့်မှုများပြုလုပ်ခဲ့ကြသည်။ ထိုလေ့ကျင့်မှုကို တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလုံကျန်ပြည်နယ်နှင့် ရုရှားနိုင်ငံ ဘလာဂိုဗစ်ရှန်စကီးဒေသတို့ ဆုံရာ ဟေလုံကျန်ဖြစ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
*** လစ်ဗျားနိုင်ငံတွင် အဝေးပြေးလမ်းဖောက်လုပ်မည့် စီမံကိန်းအား လစ်ဗျားခေါင်းဆောင်နှင့် အီတလီဝန်ကြီးချုပ်တို့က အုတ်မြစ်ချ…
(ကိုယုရှာ၊ တူနီးရှားနိုင်ငံ၊ စက်တင်ဘာလ ၁-ရက်)
လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီနှင့် အီတလီဝန်ကြီးချုပ် ဆဲလ်မီအိုဘာလုကိုနီ တို့သည် လစ်ဗျားကမ်းခြေတလျှောက်တွင် အဝေးပြေးလမ်းဖောက်လုပ်မည့်စီမံကိန်းအတွက် အုတ်မြစ်ချခဲ့ကြသည်ဟု AFP သတင်းတပုဒ်မှာ ဖော်ပြသည်။ အဝေးပြေးလမ်းဖောက်လုပ်မှုသည် တူနီးရှားနိုင်ငံနယ်စပ်၊ အနောက်ပိုင်းမှ အီဂျစ်နိုင်ငံ နယ်စပ်အရှေ့ပိုင်းအထိဖြစ်သည်။ လမ်းဖောက်လုပ်မှုစီမံချက်အတွက် လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ အရှေ့ဘက်ကီလိုမီတာ (၅၀)အကွာ၊ ကိုယူရှာဒေသ၌ အုတ်မြစ်ချခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
*** ဆိုမာလီနိုင်ငံတွင် ပြန်ပြေးဆွဲခံထားရသော ယူကရိန်းသင်္ဘောသားများ လွတ်မြောက်နိုင်ရေး စီစဉ်ပေးရန် မေတ္တာရပ်ခံ…
(နိုင်ရိုဘီ၊ ကင်ညာနိုင်ငံ၊ စက်တင်ဘာလ ၁-ရက်)
အာဖရိကတိုက်၊ ဆိုမာလီနိုင်ငံ၊ ရေပြင်တွင်ပြန်ပြေးဆွဲခံထားရသည်မှာ ၃-ကြာနေပြီဖြစ်ပြီး ၄င်းတို့လွတ်မြောက်ရေးအတွက် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးပါရန် အဖမ်းခံယူကရိန်းသင်္ဘောသားများ၏ မေတ္တာရပ်ခံချက်ကို ပေးပို့ထားကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။ အဆိုပါသင်္ဘောပေါ်တွင် အမျိုးသမီး တစ်ဦးလည်းပါရှိရာ ယခုအခါ သူမမှာမကျန်းမမာဖြစ်နေသဖြင့် လွတ်မြောက်ရေးကို အမြန်ဆုံး ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။ (အင်တာနက်) စုစည်းတင်ပြသူ- သန်းလွင်
*** လူတုပ်ကွေးကူးစက်ခံရသဖြင့် ကိုလံဘီယာနိုင်ငံ သမ္မတ အနားယူနေရ…

No comments:
Post a Comment