*** ကိုကိုရေ…
သူများကိုလေ၊ ဖုန်းကဒ်ထည့်ပေးပါဦး
အကြွေးလေး ဆပ်ပေးပါဦး
သုံးလုံးအပိုက်ကွက်လေး စိုက်ထိုးပေးပါဦး
ရှေ့အပတ် အလုပ်ပိတ်ရက်မှာ
ခရီးစရိတ်စိုက်ပြီး
ဘန်ကောက်တ၀ိုက်ကို လိုက်ပြပါဦး
ဒို့ သိပ်ကြိုက်တဲ့ ရက်ပ်အခွေတစ်လှေကြီး
အနီးအနားက ငှားခဲ့ပါဦး
ဦး…………. ဦး …………….. ဦး
မထူးပါဘူး ဆွီတီရာ
မင်းရုံးက ပြာတာသာ လုပ်ခိုင်းပါတော့…..။
*** ဟော… လာပြန်ပါပြီ
မျက်နှာကပြီ တီတီနဲ့
အီစီကလီကလည်း လုပ်သလား မမေးနဲ့
အလဲ့ကိုကို…. ဈေးသွားမလို့လား
ဟိုဟာလေး ၀ယ်ခဲ့ပါဦး
ဒါလေးလည်း အကြုံဆွဲခဲ့ပါဦး
ဟိုဥစ္စာလေးလည်း သူများ နေ့တိုင်းသုံး မို့လို့တဲ့
သေစမ်းဟဲ့…. ရယက လူကြီးရေ
ကျနော့် မိဘတွေတောင် ဒီလိုမခိုင်းခဲ့ပါဘူးဗျာ….။
*** မဲဆောက်မှာတုန်းကလည်း ဒီပုံခိုင်းခဲ့
ဘန်ကောက်ရောက်သွားတော့လည်း ဒီနည်းမောင်းခဲ့
ပုတီးနဲ့ တရားစာအုပ်တွေ ဆွဲလို့
နီးစပ်ရာ ထိုင်းဘုရားထဲ ကျနော်ရောက်သွား
ဘုရားကို သန့်ရှင်းရေး နည်းနည်းလုပ်
ဒီနေ့က လစာထုတ်ရက်မို့ အလုပ်ကပိတ်တယ်လေ
အနီးကပ် နှိပ်စက်နေတဲ့ သူမနဲ့ ဝေးရာဆီ
အဓိဌာန်ပြီး အခိုင်းခံဘ၀က လွတ်စေကြောင်းရယ်လို့
ဘုရားနဲ့ နတ်ဒေ၀တာအပေါင်းထံ ဆုတောင်းနေခိုက်မှာ
ဟိုက်……. ဟိုက်……… ဟိုက်
ကျနော့် ရှေ့မှာလက်ပိုက်ပြီး မကြည်ကြည့် ကြည့်နေတဲ့သူမ
ဘုရားရှေ့ရောက် ကျနော် ဘုရားသာ အကြိမ်ကြိမ်တနေမိပါရဲ့ဗျာ……..။
***လူဇော် (ဘန်ကောက်- ရွှေ့ပြောင်းတစ်ဦး)***
(ရွှေ့ပြောင်းတွေရဲ့ ရင်ဖွင့်သံ)

No comments:
Post a Comment