ကျမ နာမည် အေးကြည်ပါ။ကျမ ကရင်ပြည်နယ်ဇွဲကပင်တောင်ခြေအနီး ရွာတစ်ရွာကပါ။ကျမ
အိမ်ထောင်ပြုပြီး မငယ်ဆိုတဲ့သမီးကလေး၃လအရွယ်မှာ ကျမခင်ပွန်းဆုံးပါးခဲ့တာကြောင့် အသက်
၂၀အရွယ်နဲ့ကျမ မုဆိုးမဖြစ်ခဲ့ရတယ်။
ကျမလည်း အမေအိုတစ်ယောက်။ကလေးတစ်ယောက်နဲ့ တော်တော်ခက်ရာခက်ဆစ်နဲ့အသက်မွေးဝမ်း
ကျောင်းနေခဲ့ရတယ်။သမီး မငယ် ၁နှစ်ကျော်ကျော်လောက်မှာ ဆင်းရဲပင်ပန်းမှုကို အံတုလိုရင်းနဲ့ ကျမ ထိုင်းနိုင်ငံဘန်ကောက်ကိုလာပြီးတော့ အိမ်အလုပ်သမအဖြစ်လုပ်ကိုင်လိုက်ပါတယ်။
**(အခန်း ၂)**
နို့စို့အရွယ်သမီးကလေးကိုရုတ်တရက်ခွဲခွာလာခဲ့တော့ကျမနိုးတွေတလမ်းလုံးတင်းလာတယ်။မခံနိုင်တဲ့အခါ
နို့ တွေကိုညှစ်ထုတ်လိုက်ရတယ်။ကျမရင်ထဲကမေတ္တာတရားနဲ့သမီးလေးအတွက်၊ထွက်လာတဲ့မိခင်နို့ရည်
တွေဟာ တောလမ်းက ပုရွက်ဆိပ်တွေရဲ့ အစာဖြစ်ကုန်တယ်။မတတ်နိုင်ဘူးလေ။ဖတဆိုးသမီးလေးရှေ့ 
ရေးကိုတွေးပြီးကျမအလုပ်လုပ်ဖို့ တက်လာခဲ့တာပဲဆိုပြီးအားတင်းလာခဲ့တယ်။
ကျမ အသိတစ်ယောက်အကူအညီနဲ့ ဘန်ကောက်မြို့ ဆူကူဗစ်မှာ ရှိတဲ့ထိုင်းသူဌေးတစ်ယေက်အိမ်မှာတစ်
လကိုဘတ်၄၀၀၀ နဲ့ကျမအလုပ်လုပ်တယ်။
**(အခန်း ၃)**
ကျမ ဘန်ကောက်ကိုရောက်ပြီး အိမ်ဖေါ်အလုပ်လုပ်တယ်။ပင်ပန်းလိုက်တာ။မနက်စောစော၅နာရီလောက်
မှာထပြီးတော့ ခြေရောလက်ပါ တစ်နေကုန်တစ်နေခန်းအိမ်မှာရှိသမျှအလုပ်တွေကိုလုပ်လိုက်ရတာ။ညဥ့်
တော်တော်နက်မှအိပ်ရတယ်၊တစ်ခါတစ်လေ၊ညဥ့် ၁၂နာ၇ီလောက်မှာ အိပ်ပျော်ခါစ၊အိမ်ရှင်တစ်ယောက်
ယောက်ကအခန်းခေါက်ပြီးနှိုးတယ်ဆိုရင်လည်း အိမ်ရှင်တွေခိုင်းတာကို အိပ်ချင်မူးတူးနဲ့ မညိုမညင်လုပ်ပေးရတယ်။ပင်ပင်ပန်းပန်းနဲ့အပ်ပျော်ခါစပဲရှိသေးတယ်လေ။ မတတ်နိုင်ဘူးလုပ်ပေးရတာပဲ။အိမ်အကူအလုပ်သမဘ၀ပဲလေ။
**(အခန်း ၄)**
ကျမ ဘန်ကောက်မှာအလုပ်လုပ်နေတာ နေသားကျလာခဲ့ပြီး ထိုင်းစကားလည်းအသင့်အတင့်ပြောတတ်ခဲ့
ပြီလေ။တစ်နှစ်အတွင်း ရွာမှာရှိတဲ့အမေနဲ့ သမီးမငယ်ကိုရသမျှငွေတွေအားလုံးကိုတစ်ပြားမကျန်ပို့ပေးခဲ့ပါ
တယ်။ရောက်စတုန်းကလို ပိုသီပတ်သီမနိုင်တော့ဘူးလေ။သမီကိုနို့ မတိုက်ရတော့တာကြာပြီးဖြစ်တာ
ကြောင့်နို့ လည်းမတင်းတော့ဘူး။ကရင်ပြည်နယ် ရပ်နီးရွာနီးကမိတ်ဆွေတွေတချို့ နဲ့ လည်းတွေ့ရပြောရတယ်။နေသားတကျ ဖြစ်လာခဲ့တာပေါ့။ရွာမှာလိုထင်းလည်းမခွေရ၊ရေလည်းမခပ်ရ၊ဟင်းလည်းမခူးရ၊ဖါးတွေငါး
တွေလည်းမရှာရ၊လိုချင်တာတွေကို အဆင်သင့်သွားဝယ်လိုက်ရုံပါ။နေထိုင်စားသောက်ရတာတွေအားလုံး
သန့်သန့်ရှင်းရှင်း၊သြော် သူများတိုင်းပြည်များရေမီးတွေပြည့်စုံလိုက်တာ။လမ်းပန်းဆက်သွယ်ရေး၊ဘဏ်စနစ်
စာတိုက်စနစ်အားလုံးကောင်းတယ်။လက်ကိုင်ဖုန်းတွေများဈေးပေါ့လိုက်တာ။ရွာမှာမြင်ဖူးဖို့ နေနေသာသာ
မြို့ မှာတောင်တော်ရုံလူကိုင်နိုင်တာမှမဟုတ်တာ၊ထိုင်းမှာတော့ဘတ်ငွေ၅၀၀ဆိုရင်ကိုင်လို့ ရတာတောင်ရှိ
တယ်။အကောင်းတွေအသစ်တွေဆိုရင် ထောင်ကဏန်းပေးရတာပေါ့။
**(အခန်း ၅)**
ကျမထိုင်းကိုရောက်လို့ ၂နှစ်တင်းတင်းပြည့်တဲ့နေ့ မှာရွာကအမေကဖုန်းဆက်လာတယ်။မငယ်နေမကောင်း
ဘူး။နေ့ရော ညပါ တငိုငိုနဲ့ကျမကိုခေါ်ပေးဖို့ ပူဆာတယ်လို့ ပြောတယ်။ထမင်းလည်းမစားညလည်းမအိပ်ပဲ
မေမေလာမှအိပ်မယ်။မေမေလာမှစားမယ်။အဲလိုပြောပြီးတမှိုင်မှိုင်တတွေတွေဖြစ်နေတတ်တယ်လို့ ပြောလာတယ်။ကျမကလည်းမုန်းဝယ်ကျွေး၊အ၀တ်တွေကောင်းကောင်းဝယ်ပေး၊ပျော်အောင်ထားဖို့ အမေ့ကို
မှာလိုက်ရတယ်။ကျမလည်းကျမ္မာအောင်နေပြီးအလုပ်ကြိုးစားပြီးလုပ်တယ်။အိမ်ရှင်ကလည်းအနေကြာလာ
တော့ရင်းနှီးလာတယ်။ဒီလိုနဲ့နောက်နှစ်ကိုရောက်လာတော့ ရွာကအမေကလူကြုံနဲ့လည်းမှာသလိုဖုန်းလည်း
မကြာကြာဆက်လာတယ်။မငယ် တော်တော်နေမကောင်း ပြန်လာခဲ့ဖို့ မှာတယ်။ရွာကတိုင်းရင်းဆေးဆရာနဲ့
ကုသလိုလည်းမရ။မြို့ ကဆရာဝန်ဆီသွားပြတော့လည်း အားရှိတဲ့အစားအစာတွေကိုကျွေး။ဘာရောဂါမှ
မရှိဘူးလို့ပြောတယ်။ဒါပေမယ့် အမေက ကလေးအခြေအနေတော်တော်ဆိုးတယ်လို့ပြောလာတယ်။
ကျမလည်းသမီးလေးမငယ်အတွက်စိုးရိမ်စိတ်တွေဝင်လာပြီးတော့ အိမ်ရှင်သူဌေးဆီးမှာခွင့်တောင်းပြီ
ရွာကိုပြန်ဖို့ပြင်ဆင်လိုက်တော့တယ်။
***(အခန်း၆)**
ကျမ ဘန်ကောက်မော်ချစ်အဝေးပြေးကားဂိတ်ကနေလက်မှတ်ဝယ်ပြီးညအဆင်းကားနဲ့လိုက်လာခဲ့တယ်။မိုးလင်းလို့မဲ
ဆောက်အ၀င်ရောက်တော့ဘန်ကောက်ကဆင်းလာတဲ့ကားပေါ်မှာ၊ပါသမျှမြန်မာနိုင်ငံသားတွေကိုဆင်းခိုင်းတယ်။
ပြီးတော့အချုပ်ကားနဲ့မဲဆောက်အချုပ်ခန်းကိုခေါ်သွားတယ်။မွန်းလွဲပိုင်းလောက်ရောက်တော့မြ၀တီဘက်ကမ်းက
ဒီကေဘီကေဂိတ်တွေကိုသွားပို့ တယ်။ထိုင်းနိုင်ငံအနှံ့အပြားကထိုင်းပုလိပ်တွေဖမ်းဆီးခံရတဲ့လူတွေ။အခြားအကြောင်းတွေကြောင့်ကိုယ့်တိုင်းပြည်
ကိုပြန်လာတဲ့မြန်မာတွေအများကြီးပဲ။အဲဒီမှာကျမအံ့သြတယ်။ဘန်ကောက်ကဆင်းလာရင်အဲဒီ။ဒီကေဘီအေဂိတ်မှာ ဘတ်၁၅၀၀/၂၀၀၀ ပေးရတယ်။ပိတ်ဆံမပါရင်ဖုန်းတွေသိမ်းတယ်။မိတ်ဆွေတွေဆီကိုငွေမှာရတယ်။လောလော
လတ်လတ်ငွေမပေးနိုင်
တဲ့လူတွေကိုဒီကေဘီအေအဖွဲ့တွေကဆက်ဆံလိုက်တာများ။မကြားဝံ့မနာသာပဲ။ကျမလည်းဘတ်၁၅၀၀ ပေးပြီး
တော့မြတ၀တီမြို့ ထဲကိုလာခွင့်ရခဲ့တယ်။အသိတစ်ယောက်အိမ်မှာကားလက်မှတ်ဝယ်ပြီးတစ်ညအိပ်လိုက်တယ်။
***(အခန်း ၇)**
ကျမမြ၀တီကပြန်လာတော့ကားပေါ်မှာစိတ်ကူလေးနဲ့ပျော်လာခဲ့တယ်။နို့စို့ကလေးအရွယ်မှာထားခဲ့ရတဲ့သမီးမငယ်
ခု ၄နှစ်အရွယ်ဆိုတော့ချစ်စရာလေးရှိမှာပေါ့။ဂါဝန်လှလှလေး၊ဖိနပ်လှလှလေး၊ဦးထုတ်လှလှလေးဝတ်ပေးလိုက်မယ်။
လာခါနီးဝယ်လာတဲ့ငါးမူးသားရွှေဆွဲကြိုးလေးဆွဲပေးမယ်။အရင်ပို့ထားတဲ့ငွေတွေနဲ့ခုပါလာတဲ့ငွေတွေနဲ့
တစ်ခုခုရင်းနှီးပြီးတော့ အမေအိုရယ်သမီး မငယ်ရယ် ပျော်ပျော်နေမယ်ပေါ့။သမီးလေးကိုပညာသင်ပေးမယ်။
အလှူတွေနိုင်သမျှလုပ်မယ်။ကျမအတွေးတွေက ပျော်စရာတွေပြည့်လို့။ဒီလိုနဲ့ညနေစောင်းတော့ကျမရွာကိုချောမောစွာနဲ့ရောက်လာခဲ့တယ်။သမီးအတွက်၊အမေ့
အတွက်စားစရာတွေဝတ်စရာတွေ၊ကစားစရာတွေအ
များကြီးဝယ်လာခဲ့တယ်။ရွာကိုဝင်လိုက်တယ်ဆိုရင်ပဲ၊ရွာကလူတွေကဘန်ကောက်မှာအလုပ်လုပ်နေကြတဲ့သား
သမီးတွေ။ခင်ပွန်းသည်တွေ၊အဖေအမေတွေကို သာကြောင်းမာကြောင်းမေးလိုက်ကြတာ၊မတ်တတ်ဖြေရင်းနဲ့
အချိန်တော်တော်ကြာမှ အမေနဲ့သမီးမငယ်တို့အိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့တော့တယ်။
***(အခန်း ၈)**
အိမ်ခြံထဲဝင်းလိုက်ပြီးတော့အိမ်ရှေ့ခွေးကတက်အခန်းပေါ်ကို ပါလာတဲ့အိပ်တွေကိုတင်လိုက်တယ်။ပြီးတော့
အမေ့ကိုအော်ခေါ်လိုက်တယ်။သမီးကိုအော်ခေါ်လိုက်တယ်။“အမေ…အမေ…သမီး..သမီး…မငယ်…အမေ
ပြန်လာပြီးလေ”
“သမီးပြန်လာပြီးလား အမေတို့အိပ်ယာပေါ်မှာ၊လာခဲ့လေ။မြေးလေးတော့ ညည်းပြန်လာမယ်ဆိုပြီး မနက်က
တည်းကခြံဝကထိုင်းစောင့်လိုက်။အိမ်တံခါးဝကထိုင်စောင့်လိုက်တစ်နေကုန်ပဲ။ငိုလိုက်မျှော်လိုက်နဲ့တစ်
နေကုန်ပဲ။နေညိုစောင်းလာတဲ့တိုင်အောင်သမီးမရောက်လာတော့ အိပ်ချင်လို့ပြောတယ်။အမေလာရင်သူ့
ကိုနှိုးပါတဲ့။လာလာသမီးလာ”
ကျမလည်းအပြေးကလေးသမီးလေးအိပ်ရာကိုရောက်သွားတယ်။“သမီးလေး…မငယ်…သမီး…မငယ်…
ကျမခေါ်လည်းခေါ်လှုပ်လည်းနှိုးလိုက်ပါတယ်၊မငယ်လေးမျက်လုံးတွေတွေပွင့်လာပြီးတော့ကျမကိုခေါ်တယ်။
အသံကတိုးညှင်းလွန်းတယ်။
မငယ်က“အမေပြန်လာပြီလားဟင်……. …..အင့်”……ကျမလက်ပေါ်မှာ
ပဲသမီးလေးပျော့ခွေဆင်းသွားတယ်။
***(အခန်း ၉)**
“သမီး..သမီး….ဖြစ်မှဖြစ်ရလေသမီးရယ်…..မေမေပြန်လာပြီလေ သမီးလေးရဲ့ …မေ့မေ့ကိုတွေ့ ချင်တယ်ဆို။
သမီး…မငယ်…သမီး…ခေါ်လို့မရတော့ဘူး…လုပ်ကြပါအုံး…ဟီး…ဟီး…..”
“မြေးလေး…မငယ်…ဖွားဖွားမြေးလေး… အဖြစ်ဆိုးလိုက်တာကွယ်။မြေးလေးမေမေေ၇ာက်ပြီလေ…
မေမေရောက်ရင် မြေးကနှိုးပါဆို…ဖွားဖွားနှိုးနေတယ်လေး…မြေးလေး…ထတော့လေ..မေမေနဲ့စကား
တွေထပြောအုံးလေ…ဟီး….ငါ့မြေးလေးဆုံးရှာပြီး…ကယ်ကြပါအုံးရှင်…..”
“ဆိတ်မ နင့်သမီး နို့မစို့ရတော့ဘူး……..”
“ပဲ…..ပဲ…..ပဲ…..ပဲဟဲ…..ဟဲ….”
တပဲပဲအော်ပြီးဝင်လာသောနို့ညှစ်ဆိပ်မကိုပြောလျှက်မိခင်ကြီးကအော်ငိုရှာတယ်။
အပြင်မှာအိမ်နီနားချင်းများဝိုင်အုံရောက်ရှိလာကြတယ်။
***(အခန်း ၁၀)**
“သမီးအေးကြည်။မြေးလေး မငယ်ဟာ အသက်၂နှစ်လောက်ရှိလာတဲ့အခါ ပျော်ပျော်ရွှင်ရွှင် မရှိတော့ဘူး။ဆော့လည်းမဆော့တော့ဘူး။
သမီးဘန်ကောက်က မီးကျောင်းကန်တို့။မြဘုရားတို့မှာရိုက်ထားတဲ့ဓါတ်ပုံကိုနေ့တိုင်းကြည့်ပြီးတော့။တငိုငို
ဖြစ်လာတယ်။ထိုင်းကပြန်လာတဲ့လူတွေဆီသွားပြီး မေမေနဲ့တွေ့ ခဲ့လား။ဘယ်တော့ပြန်လာမလဲ။အဲဒီလို
သွားမေးပြီး၊ပြန်လာတဲ့ညတွေဆိုရင် သူမအိပ်တော့ဘူး။
ရွာကိုမြို့ ကနေပြီး ဗွီဒီယိုတို့ ဘာတို့လာပြလို့ရှိရင် အခြားကလေးတွေဆိုပျော်လို့။
မငယ်ကိုခေါ်တော့၊မေမေလာမှကြည့်မယ်။စားစရာကျွေးတော့လည်းမေမေလာမှစားမယ်။အိပ်တော့လည်း
မေမေလာမှအိပ်မယ်။ငါလေ ချော့လိုက်ရတာမပြောနဲ့တော့။တစ်နေ့ထက်တစ်နေ့ဆိုးလာတာတွေ့လို့သမီး
ကိုမှာတာပေါ့။အိပ်ယာကနိုးလာရင်လည်းဖွားဖွား မေမေလာပြီးလား။ရောက်ပြီလား၊မေမေသမီးကိုမချစ်တော့လို့မလာတာလား၊အဲလိုပဲမေးနေတော့တာ”
“ဖြစ်မှဖြစ်ရလေသမီးရယ်။မေမေ့ကိုလွမ်းလို့သမီးလေးရင်ကွဲနာကျပြီးသေခဲ့ရတာ။မေမေချစ်တာပေါ့သမီးရယ်။
ဘန်ကောက်မှာရှိတဲ့၊အချို့ တွေဆို၇င် အိမ်ထောင်တွေပြုကြတယ်။မေမေကသမီးလေးအတွက် နောက်အိမ်ထောင်ပြုဖို့မစဉ်းစားဘူး။မေမေကတော့သမီးလေး
အတွက်သူများတိုင်းပြည်မှာသူတစ်ပါးမလုပ်ချင်တဲ့၊အိမ်ဖေါ်အလုပ်ကိုလုပ်ပြီး သမီးလေးရှေ့ ရေးအတွက်
အလုပ်လုပ်နေခဲ့တယ်။ခုတော့သမီးလေးလည်းဆုံးပြီ။ငါ့ရည်မှန်းခဲ့တဲ့မိသားစုဘ၀ဆိုတာဘယ်တော့မှမရ
နိုင်တော့ပါလား၊သမီးလေးကောင်းရာသုဂတိကိုလားဖို့ မေမေနဲ့ဖွားဖွားဆွမ်းသွတ်အမျှဝေးပေးအုံးမယ်သမီ
ရယ်။နောင်ဘ၀ဆက်တိုင်းဆက်တိုင်းမှာမိခင်နဲ့ ရင်အုပ်မကွာ နွေးထွေးစွာနေထိုင်ရတဲ့ဘ၀ကိုသမီးမငယ်
ရောက်ရှိနိုင်ပါစေလို့မေမေနေ့တိုင်းဆုတောင်းပေးနေမယ်သမီး”
“သမီး အေးကြည်၊တရားနဲ့ဖြေကြရမယ်။သတ္တ၀ါတစ်ခုကံတစ်ခုပေါ့ကွယ်။သမီးလေးဘယ်လောက်ပူဆွေးမယ်ဆိုတာ
မေမေသိတယ်။မေမေ လည်း သမီးဘန်ကောက်ကိုတက်သွားက ကတည်းက ဆိတ်မတစ်ကောင်ဝယ်ပြီးငါနို့ညှစ်ပြီး မငယ်ကိုမွေးခဲ့တယ်။ဆိတ်မကလည်းအလွန်နားလည်တယ်။ရွာထဲမှာ သူတပါး သီးပင်စားပင်တွေကိုမစါး
ဘယ်တော့မှမစားဘူး။သူ့ကိုကျွေးမှစားတာ။တိရိစ္ဆာန်ဖြစ်ပေမယ့်အထူးသန့်ရှင်းတယ်။အပေါ့အလေးကို လူနဲ့ဝေးတဲ့နေရာတွေမှာသွားစွန့်တယ်။သိပ်လိမ္မာတာ။မြေးလေးကိုသူကူပြီစောင့်ပေးတယ်။သူအစာဝလာပြီ
းပြန်လာရင်မြေးလေးအနားမှာအရိပ်တကြည့်ကြည့်နဲ့နေတာ။သူမွေးထားတဲ့သမီးလေးလိုပဲ။သိပ်လေးစား
စရာကောင်းတယ်။ရွာပြင်တစ်နေရာမှာသူအစာစားနေလို့ တစ်ယောက်ယောက်က ဟေ့ဆိတ်မ နင့်သမီးနို့
ဆာလို့ငိုနေတယ် နင်ပြန်တော့လို့ပြောလိုက်ရင် တပဲပဲအော်ပြီးအိမ်အရောက်ပြေးလာတယ်။အိမ်ရောက်ရင်
မငယ်ကိုပတ်ရှာ
တော့တာပဲ။မငယ်ကိုတွေမှ သူအော်တာကိုရပ်တာ။မြေးလေးဆုံးတဲ့နေကတည်းကသူမှိုင်နေတယ်။အစာလည်းကောင်းကောင်းသွားမစားဘူး။
ခုကြည့်လေ ငါတို့သားမိနှစ်ယောက်လို လူစကားမပြောတတ်လို့သာဝင်မပြောနိုင်တာ သူမျက်
လုံးမှာမျက်ရည်တွေနဲ့ပါလား။နင်းလည်းငါတို့ခံစားနေရမှန်းသိပါတယ်။ နင်းလည်းနို့ တိုက်ခဲ့တဲ့အမေတစ်ယောက်ပဲလေ။ဒီအမေတွေဘယ်လိုဖြေရမလဲသမီးရယ်။ ။
“ခရီးလွန် မိခင်/ဖခင်များ။သား/သမီးများအား ပြန်လာနိုးမျှော်ကိုးနေသူများဘယ်လောက်များရှိနေပြီလဲ”
***ကျော်သောင်း***
၂၀၀၉ စက်တင်ဘာ ၂ ရက်နံနက်၃နာရီ၃၅
**(အခန်း ၁)**

No comments:
Post a Comment