အရှေ့အလယ်ပိုင်း၊ ယီမင်နိုင်ငံမှ ပြန်လာသော အာဖရိကတိုက်၊ ဆိုမာလီနိုင်ငံမှ သမ္မတ ဖြစ်သူ- ရှိတ်ရှာရက်ဖ်ရှိတ်အာမက် စီးနင်းလိုက်ပါလာသည့် လေယာဉ်သည် မိုဂါဒစ်ရှူးမြို့တော် လေဆိပ်သို့ ဆင်းသက်လာပြီး မကြာမီတွင် စိန်ပြောင်းဖြင့် တိုက်ခိုက်ပစ်ခတ်မှုဖြစ်ပွားရာ၌ ၄င်း လွတ်မြောက်သွားကြောင်း သတင်းရရှိသည်။ (အင်တာနက်)
*** ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘောကြီးအား ဖင်လန်နိုင်ငံ သင်္ဘောကျင်း၌ လွှဲပြောင်းပေးအပ်…
ဖင်လန်နိုင်ငံ၊ တာကူးသင်္ဘောကျင်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး အပျော်စီးသင်္ဘော `အိုအေစစ်အော့ဖ်သည်ဆီး´ကို တည်ဆောက်ပြီးစီးသဖြင့် အောက်တိုဘာလ ၂၈-ရက်နေ့က အမေရိကန် ခရစ်သင်္ဘောလိုင်းဖြစ်သော ရွိုင်ရယ်ကာရေဘီယံနိုင်ငံတကာ သင်္ဘောလိုင်းသို့ လွှဲပြောင်းပေးလိုက်သည်။ (အင်တာနက်)
*** A(H1N1) တုပ်ကွေးဗိုင်းရပ်စ်ကို နိုင်ငံများအားလုံးက ပါဝင်တိုက်ဖျက်ရန် WHO က ပန်ကြား…
(ဟာဗားနား၊ ကျူးဘားနိုင်ငံ၊ အောက်တိုဘာလ ၂၉-ရက်)
နိုင်ငံပေါင်း (၁၉၅)နိုင်ငံ၌ ကူးစက်ပျံ့နှံ့နေသော A(H1N1) တုပ်ကွေးဗိုင်းရပ်စ်တိုက်ဖျက်ရေးကို အစိုးရများအနေဖြင့် စီမံချက်ချဆောင်ရွက်သွားကြရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူး- မာဂရက်ချန်က အောက်တိုဘာလ ၂၅-ရက်နေ့က ပန်ကြားလိုက်သည်။ A(H1N1) တုပ်ကွေးဗိုင်းရပ်စ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံများအားလုံး တစည်းတလုံးတည်း နည်းစနစ်ကျကျ ဆောင်ရွက်ကျရန် လိုအပ်သည်ဟု WHO ညွှန်မှူးက ပြောကြားသည်။ ကျူးဘားနိုင်ငံသည် ကမ္ဘာ့အနောက်ခြမ်းတွင် A(H1N1) တုပ်ကွေးဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အများဆုံးနိုင်ငံဖြစ်၏။ (အင်တာနက်)
*** ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့မထွက်သည့် မော်တော်ဆိုင်ကယ်သစ် တီထွင်ထုတ်လုပ်…
(တိုကျို၊ အောက်တိုဘာလ ၂၉-ရက်)
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လုံးဝမရှိသော မော်တော်ဆိုင်ကယ်လ်တစ်မျိုးကို ဂျပန်နိုင်ငံတွင် လာမည့်နှစ်မှ စတင်ကာ ရောင်းချတော့မည်ဖြစ်ကြောင်း အင်တာနက်သတင်းမှာ ဖော်ပြသည်။ ဂျပန်နိုင်ငံရှိ ပရိုစတပ်ဖ်ကုမ္ပဏီက တီထွင်ထုတ်လုပ်ထားသော မော်တော်ဆိုင်ကယ်လ်သည် ဘက်ထရီစွမ်းအားဖြင့် မောင်းနှင်နိုင်မည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ `မိုင်းလက်´ဟု အမည်ပေးထားသော မော်တော်ဆိုင်ကယ်သစ်ကို အရောင် (၁၂)မျိုးဖြင့် ထုတ်လုပ်ထားပြီး တစ်စီးလျှင် ယန်းငွေ ၁၅၆၉၀၀ (ဒေါ်လာ- ၁၇၃၀)နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်သည်။ ကာဗွန်ဓာတ်ငွေ့ ပေါ်ထွက်မှု လုံးဝမရှိသော မော်တော်ဆိုင်ကယ်သစ်၏ ဘက်ထရီကို အားတစ်ကြိမ်ဖြည့်ထားပါက ၂-နာရီမှ ၄-နာရီအကြား မောင်းနှင်နိုင်မည်ဖြစ်သည်။ (အင်တာနက်)
*** ပြည်ပခရီးမှ ပြန်လာသည့် ဆိုမာလီသမ္မတ သည် စိန်ပြောင်းဖြင့် ပစ်ခတ်မှုလွတ်မြောက်…

No comments:
Post a Comment