မန်ယူအသင်းမှ အားလပ်ရက်တွင် အသင်းသားများ အားလုံးကို အပန်းဖြေခရီးလွှတ်ခဲ့သော်လည်း အဆိုပါကစား သမားများအားလုံး သတ်မှတ်ရက်ထက် နောက်ကျပြီးမှ ရောက်လာကြလေသည်။ ဖာဂူဆန်က ဒေါသတကြီးဖြင့် အကြောင်းရင်းကိုမေးရာ ဖာဒီနန်က ရွာတစ်ရွာသို့ အပန်းဖြေခရီးထွက်ခဲ့ကြောင်း၊ တောထဲသို့သွား၍ အနားယူရာ အိပ်ပျော်သွားပြီး အိပ်ရာမှနိုးသောအခါ ရထားချိန်နီးနေပြီကိုသိရကြောင်း၊
ထို့ကြောင့် မြင်းတစ်ကောင်ငှားကာ လာသော်လည်း မြင်း မှာလမ်း၌ အမောဆို၍လဲကျသွား သောကြောင့် လမ်းလျှောက်လာခဲ့ရခြင်းကြောင့် နောက်ကျရခြင်းဖြစ်ကြောင်း ရှင်းပြသည်။ ထို့အပြင် ဤအသင်းသားအယောက် ၃၀-လုံးကလည်း ဤသို့ပင်ရှင်းလင်းမှုများပြုလုပ်သည်။ နောက်ဆုံးရူနီအလှည့်သာကျန်တော့သည်။ ဖာဂူဆန်က-
`ကိုင်း… မင်းလဲ တောထဲမှာ အိပ်တယ်ပေါ့…´
`ဟုတ်ပါတယ်ဆရာ´။ `နောက်ကျမှနိုးတယ်ပေါ့´။ `ဟုတ်ပါတယ်ဆရာ´။ `မြင်းငှားတယ်ပေါ့ ဟုတ်လား´။
`မြင်းမဟုတ်ပါဘူးဆရာ မော်တော်ကားပါ။ လမ်းမှာ မြင်းတွေအများကြီးလဲနေတာတွေ့တော့ ကွေ့ပတ်မောင်းလို့လဲမရ၊ ဖြတ်မောင်းလို့လဲ အဆင်မပြေတော့ ကားပေါ်ကဆင်းပြီး လမ်းလျှောက် လာရလို့နောက်ကျတာပါ…´
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ… (အိတ်တင်း) ဘာသာပြန်သည်။
(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)

No comments:
Post a Comment