(ဖနွမ်းပင်၊ အောက်တိုဘာလ ၈-ရက်)
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြီးမှ ရင်ဆိုင်ဖြေရှင်းရန် နိုင်ငံတကာ ညီလာခံတရပ်ကို ကမ္ဘောဒီးယားနိုင်ငံ ပြောက်ပိုင်းတွင် အောက်တိုဘာလ ၈-ရက်နေ့မှ ၁၀-ရက်နေ့အထိ သုံးရက်ကြာ ကျင်းပနေကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်း ဇိမ့်ရက်ပ်ပြည်နယ်တွင် ကျင်းပနေသော အဆိုပါညီလာခံ၌ ယခုနှစ်အတွင်း ကမ္ဘာ့ငွေကြေးနှင့် စီးပွားရေး အကျပ်အတည်းများ
ဖြေရှင်းနိုင်ရန် အဓိကအားဖြင့် စည်းမျဉ်းဥပဒေများနှင့် အညီ လွတ်လပ်စွာစီးပွားရေး ကဏ္ဍများ ကုန်သွယ်မှုပြုနိုင်ရေးနှင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍတို့ကို ရည်ရွယ်ထားရှိသည်။ (အင်တာနက်)
*** အပိုဖစ်ဂြိုလ်သိမ် ဂြိုလ်မွှားသည် ကမ္ဘာနှင့် တိုက်မိမည့်အလားအလာပိုနည်း…
ဘောလုံးကွင်းနှင့်ကွင်း ခွဲခန့် ရှိသော `အပိုဖစ်´ဂြိုလ်သိမ်ဂြိုလ်မွှားသည် မူလလမ်းကြောင်း အတိုင်းအဟုတ်ဘဲ ပြောင်းသွားခြင်းကြောင့် (၂၀၃၆)ခုနှစ်တွင် အင်္ဂါဂြိုလ်နှင့် တိုက်မိမည့် အလားအလာမှ ပိုမိုနည်းပါးသွားသည့် လက္ခဏာရှိကြောင်း၊ နောက်ဆုံးရသတင်းအချက်အလက်များအရ နာဆာအဖွဲ့၏ သိပ္ပံပညာရှင်များက အောက်တိုဘာလ ၈-ရက်နေ့က ထုတ်ပြန်ကျေညာသည်။ (အင်တာနက်)
*** ခရီးသွားလုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂ ညီလာခံအား တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပမည်…
(ဆိုးလ်၊ အောက်တိုဘာလ ၈-ရက်)
တောင်ကိုရီးယားနိုင်ငံ အနေဖြင့် လာမည့် (၂၀၁၁)ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂ၏ ခရီးသွားလုပ်ငန်းအဖွဲ့(UNWTO)၏ အထွေထွေညီလာခံတရပ်ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်း ဆိုးလ်မြို့တော်ရှိ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောကြားသည်။ ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့၌ UNWTO အဖွဲ့ဝင် ၁၅-ဦးတို့က တွေ့ဆုံဆွေးနွေးကာ ယခုကဲ့သို့ ဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
*** တရုတ်ပြည် အန်ဟွေးပြည်နယ်တွင် ကားနှစ်စီးခေါင်းချင်းဆိုင်တိုက်မိ၊ ၈-ဦးသေဆုံး…
တရုတ်ပြည် အရှေ့ပိုင်းဒေသ အန်ဟွေးပြည်နယ်တွင် အဝေးပြေးလမ်းမကြီးပေါ်၌ ဘတ်စ်ကား တစ်စီးနှင့် ထရပ်ကားတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိကြရာ လူ ၈-ဦးသေဆုံးပြီး ၃၅-ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာလ ၈-ရက်နေ့မှာ ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြီးမှ ရင်ဆိုင်ဖြေရှင်းရန် ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံတကာ ညီလာခံကျင်းပ…

No comments:
Post a Comment