(ဂျီနီဗာ၊ အောက်တိုဘာလ ၉ ရက်)
ကမ္ဘာ့ကုလသမဂ္ဂ ရာဇ၀တ်မှုတိုက်ဖျက်ရေး အဖွဲ့နှင့် အဖွဲ့ဝင်များက အကြမ်းဖက်မှုတိုက် ဖျက်ရေးဆိုင်ရာ အွန်လိုင်းလေ့ကျင့် သင်ကြားရေးအစီအစဉ်ကို စတင်လိုက်ပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ အရာရှိများက အောက်တိုဘာလ ၈ ရက်နေ့၌ ထုတ်ဖော်ပြောကြား၏။ မျက်မှောက်ကမ္ဘာတွင် အကြမ်းဖက်မှုသည် နယ်စည်းခြားနားမှု မရှိကြောင်း၊ ရာဇ၀တ်ကောင် များသည်
တနိုင်ငံမှ အခြားတနိုင်ငံသို့ ကူးပြောင်း၍လည်းကောင်း (၀ါ) နိုင်ငံသုံး-လေးနိုင်ငံ၌ လှုပ်ရှား၍လည်းကောင်း ပြစ်မှုများကို ကျူးလွန်လျက်ရှိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု နှိမ်နင်းရေးရုံး (UNODC) ကကျေညာသည်။ (အင်တာနက်)
*** ဆိုမာလီ ပင်လယ်ဓားပြ ၅ ဦးအား ပြင်သစ် ရေတပ်က ဖမ်းဆီး....
(ပါရီ အောက်တိုဘာလ ၉-ရက်)
ပြင်သစ် ရေတပ်သင်္ဘောကို တိုက်ခိုက်ခဲ့သော ဆိုမာလီ ပင်လယ်ဓားပြများအနက် ၅-ဦးအား အောက်တိုဘာလ ၇-ရက်နေ့ ညပိုင်းတွင် ပြင်သစ်ရေတပ်က ဖမ်းဆီးခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနက အောက်တိုဘာလ ၈-ရက်နေ့၌ ပြောကြားသည်။
ပြင်သစ် ရေတပ်သင်္ဘောမှာ အိန္ဒိယသမုဒ္ဒရာတွင် ခုတ်မောင်းသွားနေစဉ် ပင်လယ်ဓားပြ စက်လှေ နှစ်စင်းက မှားယွင်းတိုက်ခိုက်ခဲ့ သော်လည်း တဦးတယောက်မှ ဒဏ်ရာမရရှိကြောင်း သိရသည်။ (ဆင်ဟွာ)
*** ပစိဖိတ်ဒေသမှ မြေငလျင်များသည် တခုနှင့်တခု ဆက်စပ်မှုရှိနိုင်...
ဆာမိုအာ ကျွန်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ယခုအခါ လှုပ်နေဆဲဖြစ်သော ဗင်နော့တူနိုင်ငံ တို့တွင် လှုပ်ခဲ့သော မြေငလျင်များသည် တခုနှင့်တခု ဆက်စပ်မှုရှိနိုင်ကြောင်း ဟာဝိုင်ယီရှိ ပစိဖိတ်ဒေသ ဆူနာမီကြိုတင်သတိပေးရေးဌာန ညွန်ကြားရေးမှူး- ချားလ်မက်ခရိုနီက အောက်တိုဘာလ-၉ ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
*** ဟောင်ကောင်ဒေသရှိ သက်ကြီးရွယ်အိုများ စောင့်ရှောက်မှု အကျိုးခံစားခွင့် ရတော့မည်***
တရုတ်ပြည်၏ အထူးစီးပွားရေးဒေသဖြစ်သော`ဟောင်ကောင်´၌ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ရှေ့ပြေးစီမံကိန်းများ အရ မကြာမီကာလတွင် အဘိုးအို၊ အဘွားအို (၂၀၀၀) ကျော်တို့အား အကျိုးခံစားခွင့်များ ရှိတော့မည် ဖြစ်ကြောင်း သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဆွေးနွေးပွဲမှ တာဝန်ရှိသူ တဦးက အောက်တိုဘာလ ၉ ရက်နေ့မှာ ပြောကြားသည်။
(အင်တာနက်)
စုစည်းဘာသာပြန်-(တိုး)
*
*** အကြမ်းဖက်မှု တိုက်ဖျက်ရေး အွန်လိုင်းသင်ကြားမှု အစီစဉ်သစ်စတင်**.....

No comments:
Post a Comment