** ကျန်းမာရေးအတွက် အားထားရသော မုန်ညင်းစေ့----
မုန်ညင်းစေ့တွင် `ဂလူးကို့စ်ဆိုင်နိုလိပ်´ဟု ခေါ်သောအပင်မှထုတ်ယူရရှိသည့် အာဟာရအများ အပြားပါဝင်သည်။ မုန်ညင်းစေ့တွင်ပါဝင်သော အိုင်ဆိုသီယိုဆိုင်ယာနိတ် (ခေါ်) အပင်မှ ထုတ်ယူရရှိသည့် အာဟာရမှာ ကင်ဆာရောဂါ တုက်ဖျက်ရေးတွင် ထိရောက်အားထားလောက် ကြောင်း အကြိမ်ကြိမ် စမ်းသပ်တွေ့ရှိရသည်။မုန်ညင်းစေ့တွင် ပါဝင်သော အဟာရဓာတ်များက ရင်ကျပ်ပန်းနာ ရောဂါကို သက်သာစေပြီး အဆစ်ရောင်ရောဂါ
လက္ခဏာများကိုလည်း လျော့ပါးသက်သာစေသည်။ ထို့အပြင် ကင်ဆာ ရောဂါကာကွယ်ရေး တွင်များစွာ အထောက်အကူဖြစ်သည်။ နှလုံးရောဂါကိုလည်း ကာကွယ် ပေးနိုင်သည်ဟုဆို၏။ အိုမီဂါ-၃ ဖက်တီးအက်စစ်နှင့် တကွ သံဓါတ်၊ ကယ်လ်ဆီယမ်၊ သွပ်၊ မင်ဂနီးစ်၊ မဂ္ဂနီဆီယမ်၊ ပရိုတိန်း၊ နစ်ကိုတင်းနစ် အက်စစ်နှင့် အစားအစာတွင် ပါဝင်သော အမျှင်ဓါတ်များမှာလည်း ဤမုန်ညင်းစေ့တွင် ပါဝင်ကြောင်းတွေ့ရ သဖြင့်မုန်ညင်းစေ့သည် ကျန်းမာရေးအတွက် အားထားရသော အာဟာရတမျိုး ဖြစ်သည်။ (အင်တာနက်)
++(Public Health)++

No comments:
Post a Comment