အောက်တိုဘာ ၁၁
ရှမ်းပြည်မြို့တော်တောင်ကြီးရှိ KK ကျောင်းသားအဆောင်တစ်ခုမှ အသက် ၁၄နှစ် အရွယ် န၀မတန်းကျောင်းသူ နန်းယမင်းအောင်(ခေါ်)နန်းဟွမ်နွမ် ဆိုသူ ပျောက်ဆုံးသွားခဲ့ကြောင်း မိခင်ဖြစ်သူက ဒီမိုကရက်တစ်မြန်မာ့အသံ ဒီဗွီဘီ ပေးစာပြန်စာကဏ္ဍမှ ကိုယ်တိုင်ကြေညာ သွားခဲ့သည်။ အောက်တိုဘာ ၈ရက်နေ့ ညပိုင်းအစီ အစဉ်တွင် ထုတ်လွှင့်သွားခဲ့သည်။
မိခင်ဖြစ်သူ လာရှိုးမှာနေထိုင်ပြီး မနန်းယမင်းအောင်မှာ ငယ်စဉ်ကတည်းကပင် အဖိုး အဖွား၊ သူ့အဒေါ်နဲ့ တောင်ကြီမှာ နေထိုင်ကြောင်း မိခင်ဖြစ်သူကပြောသည်။ “ကိုးလပိုင်းဆယ်ရက်နေ့ က ဆရာမက ခွင့်ယူခိုင်းတယ်လို့ သိရတယ်။ တကယ်လို့ရည်းစားရှိရင်လည်း ခုလောက်ဆိုသတင်းရသင့်ပြီးလေ။ အပျိုပေါက်အရွယ် ကလေးငယ်ဆိုတော့ တစ်စုံတစ်ခု ဖြစ်ပြီး တစ်ခုခုဖြစ်သွားသလား၊ဒါမှမဟုတ်လူကုန်ကူးသူတို့ လက်ထဲသို့ များရောက်သွားလေသလား စိုးရိမ်ပူပန်မိတယ်” ဟုမိခင်ဖြစ်သူက ဒီဗွီဘီမြန်မာပိုင်အသံလွှင့်အစီအစဉ်သို့ပြောကြားသွားသည်။ ကိုငယ်ဆိုသော အင်တာနက်အီးမေး မိတ်ဆွေတစ်ယောက်က ဓါတ်ပုံနဲ့တကွ အောက်ပါအတိုင်းရေးသားလာပါတယ်။စက်တင်ဘာလ ၁၀ ရက်နေ့ က ၉တန်း (အထက ၅ )တောင်ကြီးမြို့ မှ နန်းယမင်းအောင်(ခေါ်)နန်းဟွမ်နွမ် အဆောင်မှာ ဖျားလို့ တစ်ယောက်တည်း ကျန်နေရင်းကပျောက်သွားတယ်လို့ လဲသိရပါတယ်။ သူငယ်ချင်းတို့အနေနဲ့ ကိုယ်တိုင်မတွေ့ခဲ့ရင်တောင် နီးစပ်ရာသူငယ်ချင်းတွေကို မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ် ။ “တစ်ယောက်အားဖြင့် မစွမ်းသော်လည်း၊ စုပေါင်းအားဖြင့် အောင်မြင်နိုင်မည် ဟုမျှော်လင့်မိပါတယ်”
ဆက်သွယ်ရန်လိပ်စာ
ဦးစံဖူး+ဒေါ်အေးခမ်း
အမှတ် (၁၉/365 )၊ အဝေရာလမ်း
ဖုန်း-082-23367

No comments:
Post a Comment