ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 11, 2009

ကူဝိတ်နိုင်ငံ ကိုသွားချင်တဲ့အခါသတိပြုရမှာက

> ကူဝိတ်နိုင်ငံကိုအလုပ်နှင့်လာဖို့ စိတ်ကူးနေကြတဲ့ အစ်ကို,အစ်မများ,ညီ,ညီမများအတွက်သိသင့်တာလေးတစ်ချို့ ကိုမျှဝေပေးပါရစေ။ ကျွန်တော်လေ့လာမိသလောက်လေးပါ။
ကူဝိတ်နိုင်ငံရဲ့ ငွေကြေးကိုတော့ KD or KUWAIT DINNER လို့ ခေါ်ပါတယ်။ကူဝိတ် 1 KD ဟာ မြန်မာငွေ ၃၇၅၀ ၀န်းကျင်ရှိပါတယ်။
လတ်တလောပေါက်ဈေးပါ။မြန်မာနိုင်ငံကိုပိုက်ဆံပြန်ပို့ တဲ့ အခါ တိုက်ရိုက်ပြန်ပို့ လို့ မရပါဘူး။ကြားခံနိုင်ငံတစ်ခုခုရဲ့ အကူအညီနှင့်ပို

့ရပါတယ်။ဒူဘိုင်း,စက်ာပူ,ထိုင်း စသည့် မြန်မာနိုင်ငံနှင့်တိုက်ရိုက်ဆက်သွယ်လို့ ရမဲ့ နိုင်ငံတစ်ခုခုကနေ ပို့ ရပါတယ်။ရမယ့်လစာနှင့်ငွေကြေးပို့ ခတွေ ချိန်တတ်အောင်လို့ ပါ။(မှတ်ချက် 20 KD တန်ငွေစက္ကူသည် ကူဝိတ်ရဲ့ အမြင့်ဆုံးငွေစက္ကူဖြစ်သည်။)
သင်တစ်နေရာရာကိုသွားချင်တဲ့အခါ ဘက်စ်ကား(သို့ )တက်စီ သာအားကိုးရမှာပါ။ရထားမရှိပါဘူး။ဘက်စ်ကားစီးမယ်ဆိုရင် ကူဝိတ်200 fils (ပြား၂၀၀)ပေးရပါတယ်။ဘယ်ခရီးပဲပဲဖြစ်ဖြစ်ပေါ့။တက်စီငှါးမယ်ဆိုရင်တော့ 1 kd ကနေစတောင်းပါတယ်။အထူးသတိပြုရမှာက
မိန်းကလေးတစ်ယောက်ထဲအပြင်မထွက်သင့်တာပါပဲ။အပြင်ထွက်လျှောက်လည်တဲ့အခါ မိန်းကလေးများအနေနဲ့  သူတို့ ရဲ့ သူတို့ ရဲ့ 
ပေါင်တံသွယ်သွယ်လေးတွေကိုထုတ်ကြွားခွင့်မရကြပါဘူး။အကြောင်းက အပြင်ထွက်ရင်စကပ်အတို ,ဘောင်းဘီအတိုဝတ်ခွင့်မရှိလို့ လေ။
ကူဝိတ်နိုင်ငံရဲ့ ဥပဒေနှင့်အညီ လက်ထပ်ထားခြင်းမရှိသောစုံတွဲများ,သက်ဆိုင်ရာသံရုံးတို့ တွင် လက်ထက်ထားခြင်းမရှိသောစုံတွဲများ
အနေဖြင့် အပြင်ထွက်လျှောက်လည်တဲ့အခါ လက်ချင်းချိတ်ထ၍လျှောက်လည်ခြင်း,ဖက်လဲတကင်းနေခြင်း,အနမ်းမိုးစွေခြင်းများပြုလုပ်ခွင့်မရှိပါဘူး။(စွေတတ်ရင် မလာနဲ့ နော်ဟဲဟဲ...)ဘက်စ်ကားစီးရင်တောင် အတူတွဲထိုင်ခွင့်မရှိပါဘူး။
သူတို့ လူမျိုးအချင်းချင်း(မိန်းကလေးအချင်းချင်း)(ယောက်ျားလေးအချင်းချင်း)ဖက်နမ်းနှုတ်ဆက်တာက သူတို့ ရဲ့ ယဉ်ကျေးမှု့ ပါ။
သူဝိတ်မှာအပန်းဖြေလည်ပတ်စရာဆိုလို့  ကူဝိတ်တာဝါ,ပင်လယ်ကမ်းခြေတစ်လျှောက်,သိပံ္ပပြတိုက်,ငါးပြတိုက်,နှင့် ကျွန်းငယ်ပုံစံ
ဖန်တီးထားတဲ့ ကျွန်း၂ခုရှိပါတယ်။တိရစ္ဆာန်ရုံတော့ ရှိပါတယ် ခပ်ငယ်ငယ်လေးရယ်ပါ။များများစားစားလည်ပတ်စရာသိပ်မရှိပါဘူး။
ရှော့ပင်းထွက်ချင်ရင်တော့ ဈေးခေါင်ခိုက်နေတဲ့  နေရာတွေ ပေါမှပေါ။အစားစားစရာအနေနဲ့ ကတော့ အာရပ်ဘီအစားစာ,လက်ဘနွန်အစားစာ,အိန္ဒိယအစားစာ,တွေပဲအများဆုံးတွေ့ ရတာပါ။သူတို့ လူမျိုးအများစုက အပူအစပ် မစားကြပါဘူး။
ဖိလစ်ပီးအစားစာ,တရုတ်အစားစာ,တွေလည်းရနိုင်ပါသေးတယ်။
ရာသီဥတုအနေနဲ့ ကတော့နွေနှင့်ဆောင်းလို့ ပဲဆိုပါရစေ။မိုးရွာတယ်ဆိုတာတစ်နှစ်လုံးနေမှ ၂ကြိမ်မှ ၆ ကြီမ်အတွင်ဲး့ရှိတာပါ။ဒါတောင် မိုးဖွဲဖွဲလေးတွေပါ။နွေရဲ့ ပျှမ်းမျှအပူချိန်ကတော့ ၄၅ံc အထက်မှာပဲရှိပါတယ်။နွေရာသီမှာ မရှိမဖြစ်လိုအပ်တာကတော့ ဦးထုပ်ကောင်းကောင်း,နေကာမျက်မှန်,သူနာပြုတွေသုံးတဲ့ မျက်နှာဖုံးစွပ်(face mask)တို့ ပါပဲ။နေ့ လယ်ခင်းမှာ နေက ပူမယ်,သစ်ပင်ကြီးကြီးမရှိတဲ့ အတွက် လေ ကပူမယ်, မြေကြီးကထွက်တဲ့ အပူငွေ့ ရှိမယ်။သင်အပြင်ထွက်ရတဲ့ အခါ သင်မျက်လုံးတွေအရောင်ပြောင်းဖို့ ရှိပါတယ်။မျက်နှာဖုံးစွပ်ကတော့ သဲမုန်တိုင်း(sand storm)ကျတဲ့ အခါ ကာကွယ်ဖို့ ပါ။
နွေမှာသဲမုန်တိုင်းကလည်းမကြာခဏကျလေ့ ရှိပါတယ်။
ဆောင်းမှာတော့ နှင်းမကျပါဘူး ဒါပေမယ့် အရမ်းအေးပါတယ်။ကြာမြင့်ချိန်ကတော့ ၂လ မှသည် ၄ လအထိပါ။ဆောင်းမှတော့လေ တိုးတိုင်းအေးနေတော့တာပါပဲ။ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆိုရင် ကူဝိတ် ကိုလာရမယ်ဆိုတော့ ဘောင်းဘီတိုတွေနှင့်စွပ်ကြယ်လက်ပြက်တွေပဲ ၀ယ်လာခဲ့ပါတယ်။သူ့ အတွက် ပထမဆုံးဆောင်းရက်တွေမှာတင် တော်တော်လေးခံစားလိုက်ရရှာပါတယ်။
မိုးကောင်းစွာမရွာတဲ့ အတွက် သစ်ပင်ကြီးကြီးမားမားမရှိပါဘူး။ရှိနေတဲ့ သစ်ပင်လေးတွေကိုလည်းမြေအောက်ရေပေးဝေမှု့ စနစ်
နှင့်ပျိုးထောင်ထားပါတယ်။ပြောရအုံးမယ် ဓာတ်ဆီဈေးနှင့်ရေဈေး မှာရေဈေးကပိုကြီးပါတယ်။အရက်,ဘီယာ,၀ိုင်,၀က်သားမရပါဘူး။
အမေရိကန်စစ်တပ်ဝန်းထဲကလွဲရင်ပေါ့လေ။ဒါပေမယ့် ဘဂ်လားဒေ့ရှ်,အိန္ဒိယ လူမျိုးတွေကတော့ "ဆာတီးကီ"လို့ ခေါ်တဲ့ အရက်တစ်မျိုးကို ကိုယ်တိုင်ချက်လုပ်ပြီး ဒိုင်လျှိုရောင်းချကြပါတယ်။ 'ဆာတီးကီ' ဆိုတာသူတို့ ပြောနေတဲ့ အသံထွက်အတိုင်းလိုက်ရေးထားတာပါ။စာလုံးဘယ်လိုပေါင်းလဲတော့မသိပါဘူး။အလုပ်လာလုပ်တဲ့ လူအများစုကတော့ အီဂျစ်,လက်ဘနွန်,အိန္ဒိယနှင့်ဖိလစ်ပိုင်အများစုပါပဲ။
ကြုံတုန်းလေးပြောလိုက်ရအုံးမယ်ဗျာ။သင်ငှါးစီးလာတဲ့တက်စီဟာ မီးပွိုင့်တစ်ခုခုမှာ မိနေတဲ့အခါ မြီးကောင်ပေါက်ဆယ်ကျော်သက်လေးတွေနှင့်ကြုံတဲ့အခါ ကားတံခါးကိုအတင်းဆွဲဖွင့်ခြင်း အော်ဟစ်လှောင်ပြောင်ခြင်းတွေပြုလုပ်လေုရှိပါတယ်။သင်ကြောက်ရွံ့ နေရင် ပိုကဲပြပါလိမ့်မယ်။သင်ပြန်အော်ရင်တော့ ရန်ဖြစ်ပြီသာမှတ်ပါ။တည်တည်ငြိမ်ငြိမ်လေးနေလိုက်ရင် သူတို့ ဘာသာ ကားတံခါးကို ဆောင့်ပိတ်ပြီးပြန်ထွက်သွားပါလိမ့်မယ်။
တက်စီသမားအများစုက မြီးကောင်ပေါက်ဆယ်ကျော်သက်အရွယ်တွေချည်းကားလာငှါးရင် မလိုက်ရဲကြပါဘူး။ဒါလေးတွေက ကိုယ်တွေ့ မို့ ပါ။

ချစ်ခြင်းမေတ္တာအားဖြင့်

***ကျော်ဌေး***

ကူဝိတ်နိုင်ငံကိုအလုပ်နှင့်လာဖို့ စိတ်ကူးနေကြတဲ့ အစ်ကို,အစ်မများ,ညီ,ညီမများအတွက်သိသင့်တာလေးတစ်ချို့ ကိုမျှဝေပေးပါရစေ။ ကျွန်တော်လေ့လာမိသလောက်လေးပါ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)