အရက်ဘားတစ်ခုတွင် အရက်ခွက်အား မေ့ထားပြီးလူတစ်ယောက် ထိုင်းမှိုင်းစွာရပ်နေသည်။ ဤသည်ကိုစချင်လာသောသဘောဖြင့် အဆိုပါ အရက်ခွက်အားအာဆင်နယ်အသင်း မှ ဆက်ဂ်နာကမော့သောက်လိုက်၏။ ထိုအခါ အဆိုပါပုဂ္ဂိုလ်က ဘာမပြောညာမပြောဖြင့် ချုံးပွဲချငိုလေသည်။ ထို့ကြောင့် ဆက်ဂ်နာကပြာပြာသလဲ ပြန်လည်တောင်းပန်၏။
`နေပါဦးမိတ်ဆွေရာ ကျုပ်ကစတာပါ။ ခင်ဗျားကို အများကြီးပြန်ဝယ်တိုက်မှာပါ´ ထိုအခါ အဆိုပါပုဂ္ဂိုလ်က မျက်ရည်သုတ်ရင်း…
`ခင်ဗျားကိုစိတ်ဆိုးလို့ မဟုတ်ပါဘူးဗျာ။ မနေ့က ကျုပ်ယူဖို့ရည်မှန်းထားတဲ့ ချစ်သူက သူများနဲ့အိမ်ထောင်ပြုတယ်။ စိတ်ညစ်ညစ်နဲ့လေပြီးမှ အလုပ်သွားတာ နောက်ကျလို့ဆိုပြီး အလုပ်ရှင်က အလုပ်ထုတ်လိုက်တယ်။ အပြင်ရောက်တော့ ကားပါအခိုးခံလိုက်ရတယ်။ တစ်ချိန်လုံးအဆင်မပြေလို့ ကိုယ့်ကိုကိုယ် သတ်သေမယ်ဆိုပြီး အရက်ထဲအဆိပ်ထည့်ထားတယ်။ ဟော… ခင်ဗျားက ယူသောက်သွားပြီ။ သေချင်တာတောင်မှ ငါကံဆိုးပါလားဆိုပြီး ငိုတာပါဗျာ…´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း- ဘာသာပြန်သည်)
***(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)**

No comments:
Post a Comment