ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 28, 2009

အောက်တိုဘာလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

> *** A(H1N1)တုပ်ကွေးရောဂါ ကူးစက်မှု အမေရိကန်၌ အရေးပေါ် အခြေအနေကြေညာ…
(၀ါရှင်တန်၊ အောက်တိုဘာလ ၂၆-ရက်)
အမေရိကန်ပြည်ထောင်စုတွင် ကူးစက်ပျံ့နှံ့နေသော A(H1N1) တုပ်ကွေးရောဂါနှင့်စပ်လျဉ်း၍ သမ္မတ အိုဘား မားက အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း သမ္မတအိမ်ဖြူတော်မှ အောက်တိုဘာလ ၂၄-ရက်တွင် ကြေညာသည်။ ထိုသို့ အရေးပေါ် အခြေအနေကြေညာချက်ကို သမ္မတ အိုဘားမားက အောင်တိုဘာ ၂၃-ရက် ညတွင် လက်မှတ်ရေးထိုးလိုက်သည်ဟု ဆိုသည်။ အမေရိကန်ပြည်ထောင်စုတွင် ဧပြီလညကတည်းက စတင် ကူးစက်နေသည့် A(H1N1) တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၀၀၀-ကျော်ပြီး ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူနေရသူ ၂၁၀၀၀-ကျော်ရှိကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (စီဒီစီ)ကကြေ ညာသည်။ (ဆင်ဟွာ)

*** နိုင်ငံတကာ လေကြောင်း ညီလာခံနှင့် ကုန်စည်ပြပွဲ နိုင်ဂျီးရီးယား၌ လက်ခံကျင်းပမည်…
(လေပို့စ်၊ အောက်တိုဘာလ ၂၆-ရက်)
နိုင်ငံတကာ လေကြောင်းဆိုင်ရာ ညီလာခံ (အေစီအိုင်)နှင့် လေကြောင်း ကုန်စည်ပြပွဲကို ၂၀၁၀-ပြည့်နှစ်တွင် နိုင်ဂျီးရီးယားနိုင်ငံ၌ လက်ခံကျင်းပမည်ဖြစ်ကြောင်း ဒေသဆိုင်ရာရုံးအဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါ လေကြောင်းကုန်စည်ပြပွဲတွင် (အေစီအိုင်)အဖွဲ့ဝင်များမှ လေကြောင်း ၀န်ဆောင်မှု အရည်အသွေးမြှင့်တင်ရေး၊ အထူးသဖြင့် နည်းပညာအသုံးပြုမှုနှင့် သင်တန်းများကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ဂျီးရီးယားနိုင်ငံလေပို့စ်မြို့၌ အောက်တိုဘာလ ၂၃-ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ ထို့ပြင် လေကြောင်းပြပွဲများ ပြုလုပ်ခြင်းဖြင့် လေယာဉ်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုစက်မှုကဏ္ဍများ၌ အကျိုးအမြတ်များရရှိစေနိုင်ကြောင်း နိုင်ဂျီးရီးယားနိုင်ငံ လေကြောင်းအာဏာပိုင်အဖွဲ့က ထပ်လောင်းပြောကြားသည်။ (အင်တာနက်)

*** အာဖဂန်၌ ရဟတ်ယာဉ်ချင်းတိုက်မိ အမေရိကန်တပ်ပွဲဖွဲ့ဝင် ၁၄-ဦးသေဆုံး…
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း၌ အောက်တိုဘာလ ၂၆-ရက်နေ့ နံနက်ပိုင်းက ရဟတ်ယာဉ်နှစ်စင်းတိုက်မိရာ အမေရိကန်တပ်ဖွဲ့ဝင် ၁၄-ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိသွားကြောင်း အမေရိကန်စစ်ဘက်က ပြောကြားသည်။ (အင်တာနက်)

*** တရုတ်ပြည် ထုပ်ပိုးစက်ရုံမီးလောင် နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ…
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့ပိုင်း စီကွန်ပြည်နယ်တွင် ထုပ်ပိုးစက်ရုံတစ်ရုံ အောက်တိုဘာလ ၂၆-ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ လူ ၂-ဦးသေဆုံးပြီး ၄-ဦးဒဏ်ရာရရှိသွားကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။ (အင်တာနက်)

*** တူရကီ၌ A(H1N1)စတင်ဖြစ်ပွား စာသင်ကျောင်းများ ပိတ်ထားရန် အမိန့်ပေး…
တူရကီနိုင်ငံတွင် ပထမဆုံးအကြိမ် A(H1N1) တုပ်ကွေးရောဂါ စတင်ဖြစ်ပွားနေပြီဖြစ်ကြောင်း တူရကီကျန်းမာရေးအရာရှိများက ကြေညာလိုက်ပြီး အန်ကာရာမြို့ရှိ စာသင်ကျောင်းများ အားလုံးကိုပိတ်ထားရန် အန်ကာရာ အုပ်ချုပ်ရေးမှူးက အမိန့်ပေးထားသည်။ (အင်တာနက်)

*** A(H1N1) တုပ်ကွေးရောဂါ ဖြစ်သူ သြစတြေးလျတွင် များပြားလာ…
သြစတြေးလျဆေးရုံများတွင် A(H1N1) တုပ်ကွေးရောဂါဖြစ်ပွားသူ များပြားလာကြောင်း သုံးလအတွင်း ဆေးရုံတင်ကုသရသည့် အဆိုပါ A(H1N1) တုပ်ကွေးရောဂါ သည်များမှာ သုံးလအတွင်း ၂၃၇၈-ဦးအထိ များပြားလာကြောင်း သြစတြေးလျ ဆေးဂျာနယ်(အမ်ဂျေမေ)တွင် ဖော်ပြထားသည်။ (အင်တာနက်)

***(စုစည်းဘာသာပြန်- မောင်မောင်ဆွေ)***

*** A(H1N1)တုပ်ကွေးရောဂါ ကူးစက်မှု အမေရိကန်၌ အရေးပေါ် အခြေအနေကြေညာ…

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)