***ဒါတွေကိုဖတ်ပြီး ရင်သင် ရီချင်မှာ ဧကန်ပါပဲ...
* ဖမ်းဆီးခြင်းမရှိ။
+ တားဆီးစစ်ဆေးခြင်း မရှိ။
+ အခွန်ကောက်ခြင်း မရှိ... ဆိုတဲ့ မရှိတရား ၃-ပါးရယ်...။
+ တစ်ဦးလျှင် ၃၀၀၀-ကျပ်သာ ကုန်ကျမည်... ဆိုတာရယ်က (တကယ်ပြောတာလားဟင်)လို့ မေးစမ်းစရာ လိုပါဦးမလား။
+ ထိုင်းတစ်နိုင်ငံလုံးမှာ (ဒေသကြီး ၇၆-ခရိုင် ရှိရာမှာ) မြန်မာရွှေ့ပြောင်းအလုပ်သမားက ၃-သန်း လောက်ရှိတဲ့နေရာမှာ အခုပတ်စ်ပို့ အစီအစဉ်မှာ ပါဝင်ကြတာက မြန်မာအလုပ်သမား ၂၀၀၀-ကျော်ပဲ ရှိသေးတာက အခိုင်အမာသက်သေပေါ့ဗျာ။ အခုဆိုရင် ထိုင်းအစိုးရက ထိုင်းဘက်ကို ဘတ် ၂၀၀၀-ပေးရမယ့် နေရာမှာ ဘတ် ၅၀၀-ပဲ ပေးပါလို့ လျော့ပေါ့ပေးတာတောင် ပတ်စ်ပို့အစီစဉ်ကို သောင်းနဲ့ သိန်းနဲ့ချီပြီး အပြေးအလွှား မလုပ်ကြတာက `ယုံကြည်မှု´ဆိုတဲ့ ဝေါဟာရက ပေတံတစ်ချောင်းဖြစ်နေတယ်ဗျို့...။
+ မဲဆောက်ပတ်ဝန်းကျင်မှာတော့ ဒီကြော်ငြာကို လိုက်ဝေနေတာ တွေ့လို့ အခုလို လက်ဆင့်ကမ်း ပေးလိုက်ရတာပါ...။
*မြန်မာပြည်သား*

No comments:
Post a Comment