ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 10, 2009

အောက်တိုဘာလအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ…

> (အောက်တိုဘာလ ၁၀-ရက် ၂၀၀၉) `ထိုင်းဘုရင် ဖလား တံခွန်စိုက် အလေးမပြိုင်ပွဲတရပ်ကို ထိုင်းနိုင်ငံ ဆိဆကက်မြို့၌ (အောက်တိုဘာလ ၁၀-ရက်နေ့မှ ၁၇-ရက်နေ့အထိ) ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဤပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လူငယ်ကစားသမား ၃-ဦးတို့သည် အောက်တိုဘာလ ၁၁-ရက်၊ ၁၂-ရက်နှင့် ၁၃-ရက်များ၌ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်၏။

(အောက်တိုဘာလ ၉-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။သက်ဆိုင်ရာ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး မလေးရှားအကျဉ်းစခန်းများတွင် သောင်တင်နေသည့် မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းအလုပ်သမား
(၃,၅၀၀) ခန့်ရှိကြောင်း လွတ်မြောက်လာသူများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူတို့က ပြောသည်
။အများစုမှာ လွတ်ရက်စေ့သော်လည်း မြန်မာနိုင်ငံသားအဖြစ် အထောက်အထား မပြသနိုင်ခြင်း၊ အပြန်လေ
ယာဉ်စရိတ် မတတ်နိုင်ခြင်းတို့ကြောင့် မလေးရှား ထိန်းသိမ်းရေးစခန်းများတွင် နှစ်ရှည်အကျဉ်းကျနေကြခြင်းဖြစ်ပြီး ၎င်းတို့အနက်အမျိုးသမီးများလည်း ပါဝင်သည်။(ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ ။ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေး တိုးချဲ့ရန်အတွက် ထိုင်း အစိုးရက မြ၀တီ-မဲဆောက် ဒေသတွင် မြစ်ကူးတံတားတစင်း ထပ်မံ ဆောက်လုပ်ရန် အင်္ဂါနေ့က ခွင့်ပြုလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
ဘတ်ငွေ သန်း ၄၀၀ ကုန်ကျမည့် မြစ်ကူးတံတား ဆောက်လုပ်ရေး အပါအ၀င် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အတွက် ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုပြုထားချက်ကို ထိုင်းနိုင်ငံ လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။
၎ လမ်းသွား တံတားသစ် ပါဝင်မည့် ဧက ၃၂၀၀ ခန့် ကျယ်ဝန်းသည့် အဆိုပါ စီးပွားရေးဇုန်စီမံကိန်းသည် ထိုင်းနိုင်ငံ၏ ပထမဆုံး ဘက်စုံ စီမံကိန်းလည်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ဒု-၀န်ကြီးက ပြောသည်။ (ဧရာဝတီ)

(အောက်တိုဘာလ ၈-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားဝင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေကို မှတ်ပုံတင်ခွင့် ပြုမှာဖြစ်ပြီး သူတို့ဟာ မိဘတွေအတိုင်း လူမှုဖူလုံရေး ခံစားခွင့်တွေ ရလာမှာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေဟာ ဒီအခွင့်အရေးတွေ ရမှာဖြစ်ပြီး သက်ဆိုင်ရာနယ်မြေ အုပ်ချုပ်ရေးရုံးတွေမှာ တပတ်အတွင်း မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။အလုပ်သမားဝန်ကြီး နိုင်ဖိုင်ထုံ ကယောက်ထောင်က တပတ်ပဲ မှတ်ပုံတင်ခွင့်ကာလ သတ်မှတ်တာဟာ ရွှေ့ပြောင်းအလုပ်သမားတွေ သူတို့နိုင်ငံတွေမှာ ကျန်ခဲ့တဲ့ သားသမီးတွေကို ပြန်ခေါ်ကြမှာစိုးလို့ဆိုပြီး ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ မာတီချွန် သတင်းစာကို ပြောပါတယ်။ခုလို မှတ်ပုံတင်ခွင့် ပြုတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုအရ ခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့လည်း အလုပ်သမားဝန်ကြီးက ဆိုပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့ရဲ့ အတည်ပြုချက် ရယူပြီးမှ စတင် မှတ်ပုံတင်ရမယ့်ရက်ကို သတ်မှတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။(VOA)
ဖြစ်ရပ်-၂။ ။ ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းသေးသိမ်စေသည့်အတွက် ဝိနည်းမလိုက်နာသည့် မြန်မာသံဃာတော်များအပါအဝင် ဘုန်းကြီးအတု၊ သီလရှင်အတုနှင့် သာသနာအရေခြုံလူအချို့တို့ကို မြဝတီခရိုင်အတွင်း လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း ခရိုင် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က မိန့်ကြားသည်။ မဲဆောက်မြို့၌ ယခုလ (၅) ရက်တွင် နှစ်စဉ်ကျင်းပသည့် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြဝတီမှသံဃာများနှင့် သီလရှင်များ လာရောက်အလှူခံရာတွင် ၀ိနည်းနှင့်အညီ နေထိုင်ခြင်းမရှိဘဲ ကပ္ပိယများမှာလည်း ထိုင်းဘုန်းကြီး ကျောင်းဝင်းအတွင်း မူးယစ်သောက်စားမှုများ ပြုလုပ်ကြသဖြင့် လူ (၁ဝဝ) ခန့်ကို မဲဆောက်ရဲက ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ မြ၀တီခရိုင်အတွင်း ရှာဖွေဖမ်းဆီးနေခြင်းဖြစ်သည်။(ခေတ်ပြိုင်)

(အောက်တိုဘာလ ရ-ရက် ၂၀၀၉) စစ်အစိုးရက ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA ) အားတိုက်ခိုက်ခဲ့လျှင် ဒုက္ခသည်ဦးရေ ၂ သိန်းကျော် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာနိုင်ကြောင်း ခန့်မှန်းပြောဆို နေကြသည်။တရုတ်-မြန်မာ နယ်စပ် တနေရာ၌ ပြီးခဲ့သည့် စက်တင်ဘာ လဆန်းက UWSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - Reuters)ယမန်နေ့က ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ပြုလုပ်သော ထိုင်း- မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတခုတွင် ယင်းကဲ့သို့ ခန့်မှန်းပြောဆို နေကြခြင်း ဖြစ်သည်။
ထိုဆွေးနွေးပွဲ၌ “လာမည့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ မြန်မာအစိုးရက UWSA အဖွဲ့အား တိုက်ခိုက်ခဲ့လျှင် ချင်းမိုင်နှင့် ချင်းရိုင် ပြည်နယ်များ အတွင်းသို့ ဒုက္ခသည်များ အလုံးအရင်းဖြင့် ၀င်ရောက် လာနိုင်သည်”ဟု ထိုင်း အမျိုးသား လုံခြုံရေးကောင်စီ ၏ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး Bhornchart Bunnag က ပြောသည် ဟု ထိုင်းနိုင်ငံထုတ် သည်နေရှင်း (The Nation) သတင်းစာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ သို့သော် ထိုင်းအစိုးရ အနေဖြင့် အဆိုပါ ဒုက္ခသည်များ ၀င်ရောက်လာခဲ့လျှင် အတင်းအကျပ် နေရင်းဒေသသို့ ပြန်လည် ပို့ဆောင်မည် မဟုတ်ဘဲ လူသားချင်းစာနာမှု အကူအညီများကို ပေးမည်ဟု ပြောကြားသွားကြောင်းလည်း ဆိုသည်။(ဧရာဝတီ)

(အောက်တိုဘာလ ၆-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မြန်မာပြည်၏ လူ့အခွင့်အရေးနှင့် အခြားရေးရာများကို သုံးသပ် ညှိုနှိုင်းဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်တက္ကသိုလ်၌ ယနေ့ကျင်းပကြ ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ချွန်ဘူရီခရိုင်ရှိ ဖိနပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား ၂၀၀၀-ခန့်တို့သည် အောက်တိုဘာလ ၃-ရက်နေ့မှ စတင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြရာ အောက်တိုဘာလ ၆-ရက်နေ့တွင် အလုပ်ရှင်မှ လိုက်လျောခဲ့ခြင်းကြောင့် အလုပ်သမားအခွင့်အရေးများကို အချိန်တိုတိုအတွင်း ရရှိသွားကြကြောင်း သိရသည်။ (RFA)
(အောက်တိုဘာလ ၅-ရက်) `နိုင်ငံတကာ ဆရာများနေ့´အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြို့ရှိ `စီဒီစီ´အထက်တန်းကျောင်းတွင် ဆရာနှင့် ကျောင်းသားများ ပညာရေးနှင့် အခြားအဖွဲ့အစည်း များ ပူးပေါင်းပြီး ကျင်းပကြသည်။
(အောက်တိုဘာလ ၄-ရက် ၂၀၀၉)ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံရောက် မြန်မာကလေးငယ်များအတွက် မြန်မာမိခင်နှင့် ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးဖွင့်လှစ်သော `အမေ့ကျောင်း´အမည်ရှိ ရွှေ့ပြောင်းစာသင်ကျောင်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၄-ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ (ယနေ့မြန်မာသတင်း)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း အောက်တိုဘာလ ၂-ရက်နေ့က မိုးသန်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် တောင်နံရံပြိုကျမှုဖြစ်ပွားသဖြင့် လမ်းပိတ်ဆို့မှု၊ လူနေအိမ်နှင့် အဆောက်အုံအချို့ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာပြည်တွင်း သတင်းစာများ၌ ဖော်ပြထားသည်။ မြေပြိုကျမှုကြောင့် သံဃာတော်နှစ်ပါးနှင့် သာမဏေ တစ်ပါးပျံလွန်တော်မူပြီး သာမဏေနှစ်ပါးနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ယနေ့ထုတ် ပြည်တွင်းသတင်းစာများ၌ ဖော်ပြထားသည်။
(အောက်တိုဘာလ ၃-ရက် ၂၀၀၉) ထိုင်းနိုင်ငံ ပတ္တရာနီပြည်နယ် တောင်ပိုင်း ကမ်းလွန်၌ အောက်တိုဘာလ ၃-ရက်က မုန်တိုင်းမိပြီး ငါးဖမ်းသင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ကြောင်း၊ သင်္ဘောသား ၁၃-ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ပျောက်ဆုံးနေသူများအား ရှာဖွေလျက်ရှိကြောင်း ထိုင်းရေတပ် အရာရှိများက ပြောဆို၏။

(အောက်တိုဘာလ ၁၀-ရက် ၂၀၀၉) `ထိုင်းဘုရင် ဖလား တံခွန်စိုက် အလေးမပြိုင်ပွဲတရပ်ကို ထိုင်းနိုင်ငံ ဆိဆကက်မြို့၌ (အောက်တိုဘာလ ၁၀-ရက်နေ့မှ ၁၇-ရက်နေ့အထိ) ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဤပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လူငယ်ကစားသမား ၃-ဦးတို့သည် အောက်တိုဘာလ ၁၁-ရက်၊ ၁၂-ရက်နှင့် ၁၃-ရက်များ၌ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်၏။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)