မူးတွင်ရေလာနေသည်။ လှတောသားလယ်သမားများသည် ရေကို အလှည့်ကျ လယ်ထဲသို့ ရေသွင်းနေကြရသည်။ ထိုအခါ ညပိုင်းတွင် ရေသွင်းခွင့်ရသည့် လယ်သမား လူငယ်များသည် လယ်ထဲသို့သွားရန် တပျော်တပါး ပြင်ဆင်ကြရာ မိခင်က မြွေစိုးရိမ်သဖြင့် ဓါတ်မီးယူသွားရန် သတိပေး၏။ သားက မယူချင်၊ ထို့ကြောင့် မိခင်က ပြောလိုက်ပုံမှာ…။
`ယူသွားမှ ဖြစ်မယ်ဟဲ့…၊ ဒီအချိန်မှာ မြွေပေါလိုက်ပုံကတော့ မြွေတွန်သံတွေဟာ ကာလသားတွေ တန်းစီးပြီး ပလွေမှုတ် နေသလားမှတ်ရ´ဟု ဖြစ်၏။
*** ဥကွဲရခြင်း ဋီကာ***
မိုးသားတိမ်လိပ်တွေ တက်လာသော်လည်း မိုးမရွာချေ တဖြည်းဖြည်းဝေးပြီး ပြယ်သွားသည့်အတွက် လူငယ်တစ်ယောက်က `အချို့တိုင်းပြည်တွေမှာတော့ အခုလို မိုးသားရှိပြီး မရွာရင် မိုးသားပေါ်ကနေ ရေခဲမှုန့်တွေ ဖျန်းချသတဲ့။ ကျုပ်တို့လည်း ဒီလိုလုပ်ရင် ကောင်းမယ်ဗျ…´ ထိုအခါ လူကြီးတစ်ယောက်က…။
`ကိုယ့်အထွာနဲ့ကိုယ်ပေါ့ကလေးရယ်… ဒေါင်းဥကို စာသူငယ်ဝပ်ရင် ရင်ကွဲသလို စာဥကို ဒေါင်းဝပ်ရင်လည်း ဥကွဲသတဲ့၊ တို့လည်း တစ်နေ့တော့ ဖြစ်ရမှာပေါ့…´ဟု ပြောလေ၏။
*** ဦးလှအောင်***
***( ကာလသားတွေ မှုတ်နေရော့သလားကွယ်)***

No comments:
Post a Comment