အိမ်ရှေ့တွင် ကလေးတွေစီနေသည်။ ထမင်းဆာသည် ပူသူပူ၊ မုန့်ဖိုးတောင်းသူတောင်းဖြင့် ညံနေစဉ် ဧည့်သည်များရောက်လာရာ ထိုကလေးများကို ကြည့်ပြီး ထိတ်လန့်သွားကြ၏။
`အလိုလေး… များလိုက်တဲ့ ကလေးတွေရယ်၊ မိုးဦးကျ မှိုတွေပေါက်နေသလားမှတ်ရ၊ ဒီအင်အားစုကြီးကို မင်းရတဲ့ လခလေးနဲ့ဆိုရင် ရေ၀ယ်တိုက်လို့တောင် ၀ပါ့မလား သူငယ်ချင်းရယ်´
*** သိဒ္ဓတ္ထသင်ယူသွားသော လေးအတတ်***
ကားဂိတ်တွင် သားရေခွကိုင်ကလေးများ ရောက်နေကြသည်။ သူတို့သည် တွေ့မရှောင် အကုန်ပစ်သော်လည်း မမိချေ။ စိုင်နိုင်သား တစ်ယောက်သည် ကွမ်းယာဝယ်စားနေရာက…
`ညံ့ပါ့ကွာ၊ ဒါနဲ့များ ဗတ်ခွက်ကိုင်ရသေးလား´ဟု အပြစ်တင်၏။ ထိုအခါ အပြောမခံနိုင်သော လူတစ်ယောက်က…
`အမယ်… ကလေးတွေက တကယ်မပစ်လို့ပါ မောင်ရာ၊ လှတောသားများ ဗတ်ခွက်ဘယ်လောက်တည့်တယ်၊ တော်တယ် ဆိုတာ မောင်ရင် မကြားဖူးသေးလို့ ဒီလိုပြောတာ၊ သိဒ္ဓတ္ထမင်းသားတောင် လေးအတတ်ကို လှတောသားဆီက သင်သွားရတာငါ့လူရ…´ဟု ၀င်ပြောလိုက်လေ၏။။
***ဦးလှအောင်***
***(သားသမီး ဒီပနီ)***

No comments:
Post a Comment