ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, November 23, 2009

23Nov, 09// ကံကြီး စလင်းလွှတ်သလို

> ***(ဟာသပုံပြင်များ)***
ကျောင်းအုပ် ဆရာမကြီး ဒေါ်စိန်ဖွား သုံးစွဲလေ့ရှိသော စကားတစ်ရပ် ရှိ၏။ ထိုစကားမှာ `ကံကြီးစလင်းလွှတ်သလို´ဟူ၍ ပေတည်း။ ဆရာမကြီးသည် သူ၏ တပည့်သားမြေးများ လုပ်ပုံကိုင်ပုံကို သဘောမတွေ့လျှင် မြည်တွန်တောက်တီးသည်။ ထိုအခါတွင် ထိုစကားသည် မပါမဖြစ်ပါလာတော့သည်။ သို့အတွက် ကံကြီး သို့မဟုတ် ဘကံကြီး၊ ဘိုးကံကြီး အကြောင်းကို စုံစမ်းရတော့သည်။ သူ့အကြောင်းမှာ ဤနှယ်ဖြစ်ပါသည်။
မူရင်းစကားနှင့် လိုက်လျောညီအောင် ကံကြီးဟူ၍ပဲ ခေါ်ကြပါစို့။ ကံကြီးသည် ရယ်မောစရာကောင်း၏။ ရယ်မောစရာများကို ရယ်စရာမှန်းမသိဘဲ သူတစ်ပါးရယ်ရအောင် လုပ်တတ်၏။ တစ်ခုသော ညခမ်းအခါတွင် သူ့အဖေသည် ထမင်းစားနေရာက ကိစ္စတစ်ခုကို သတိရသဖြင့် `ကံကြီးကိုတော့ စလင်းကို လွှတ်ဦးမှပဲ´ဟု ဇနီးအား တိုင်ပင်၏။ ဇနီးက `ဒါဖြင့်လဲ ကြိုကြိုတင်တင် သတိပေးထားဦးလေ´ဟု သတိပေး၏။
`ကံကြီးရေ နက်ဖြန် မနက်ကျရင် စလင်းကို သွားလိုက်စမ်းကွာ´

ဟုတ်ကဲ့ ဟုတ်ကဲ့`
ကံကြီးသည် ထမင်းစားပြီးနှင့်ပြီဖြစ်သဖြင့် ရွာရိုးကိုးပေါက် လျှေက်လည်ရန် အိမ်ပေါ်မှ ဆင်းသွားလေ၏။ သို့ရာတွင် နောက်တစ်နေ့ နံနက်မိုးလင်းချိန်၌ သူ့အဖေမှာ ကံကြီးကို ရှာ၍မတွေ့ချေ။ အိမ်သားများထံ စုံစမ်းသော်လည်း သိသူ မရှိချေ။ မအေဖြစ်သူမှာ `တယ်ခက်တဲ့ကောင်ပဲ၊ ညတုန်းကအိမ်ကိုမှ ပြန်အိပ်ရဲ့လားမသိဘူး´စသည်ဖြင့် တစ်ဗျစ်တောက်တောက် ဖြစ်နေတော့သည်။
ဆွမ်းခံပြန်ချိန်ခန့်တွင် ကံကြီးသည် အိမ်ပေါ်သို့ ဘွားခနဲ တက်လာ၏။ ချွေးတွေ သန်တွေရွှဲနေ၏။ ခြေဖမိုးနှင့် ခြေကျင်းဝတ်တွင် ဖုတ်တွေဖွေးနေ၏။ ဖအေက စိတ်ပျက်လက်ပျက် ဆီးကြိုမြည်တွန်၏။
`မင်းကွာ ကြိုကြိုတင်တင်ပြောထားလျက်နဲ့ ဘယ်သွားနေတာတုန်း´
`အဖေပဲ မနက်စောစော စလင်းသွားချေစမ်းဆို၊ အခုစလင်းက ပြန်လာခဲ့တာပေါ့ဗျ၊ အဖေရ´
`စလင်းက ဘယ်သူ့ဆီကို ဘာကိစ္စ သွားတာတုန်း ဘာတွေ ပြောခဲ့သတုန်း မင်း စလင်းမှာ ဘာတွေလုပ်ခဲ့သတုန်း´
`သိဖူးလေဗျာ စလင်းကို သွားလိုက်စမ်းဆိုလို့ သွားတာပေါ့ ရောက်တော့ ပြန်လာတာပေါ့´
ကံကြီး၏ အဖေမှာ အော်ပြီးရယ်ချင်၏။ အော်ပြီးလည်း ငိုချင်၏။ တစ်ဖန် ထကန်ရ ကောင်းနိုး၊ အဆဲပဒေသာဖြင့် ဆဲပစ်ရကောင်းနိုး ဖြစ်သွားလေ၏။
ကံကြီးမှာ သော်ကား သူ့အဖေ မခံချိမခံသာ ဖြစ်နေသည်ကို သိဟန်မပြ သူလုပ်ခဲ့သော အလုပ်မှာ အဟုတ်မဟုတ်ကြောင်းလည်း သတိပြုမိဟန်မရှိ အေးဆေးစွာ ရေသောက်နေချေသည်။
ဆရာမကြီးဒေါ်စိန်ဖွားသည် ကံကြီးအကြောင်းကို ဤမျှသာသိ၏။ ဤရွေ့ ဤမျှသာသိသောကြောင့် ဤမျှသာပြောခြင်းဖြစ်သည်။ အမှန်မှာမူ ကံကြီးတွင် ရယ်စရာတွင် အများကြီး ရှိသည်။
ဆရာမကြီး မသိသာ များစွာအနက်မှ တစ်ခုမှာ `အထင်ခံရ နည်းသလား´ပင်ဖြစ်၏။
အရပ်ထဲတွင် မိန်းမပျိုကလေးတစ်ယောက် ပျောက်သွားလျှင် ကံကြီးလည်း ပျေက်သွားတော့သည်။ ကာလသားချင်းမို့ ကံကြီးသိသည်။ ထိုမိန်းမပျိုကို အခြားကာလသားတစ်ယောက်က ခိုးပြေးခြင်းဖြစ်သည်။ သို့သော် အရပ်က မသိ ကိုသာဝသားနှင့်လော၊ မပုမ တူနှင့်လော စသည်ဖြင့်သာ ထင်နေကြ၏။ ထိုအထဲတွင် ကံကြီးကပါ ပျောက်နေသောအခါ `မဟုတ်ကာမှ လွဲရော ကံကြီးနဲ့များလား မသိဘူး´ဟူ၍ ကံကြီးအထင် ခံလို၏။
ကံကြီး အဘယ်အရပ်သို့ ရောက်နေပါသနည်း။ ကံကြီးသည် အဘယ်အရပ်သို့မျှ ရောက်မနေပါ။ အိမ်ဘေးရှိ စပါးကျီထဲသို့ ၀င်နေခြင်း ဖြစ်ပေသည်။ တစ်နေ့လုံး စပါးကျီထဲ၌ ဒုက္ခခံနေကာ မှောင်ရီပျိုးမှ အိပ်ပေါ်သို့တက်သည်။ ထမင်းစားအပြီးတွင်လည်း လည်ရိုးလည်စဉ် ရွာရိုးကိုးပေါက် လျှောက်မလည်ဘဲ ထိုးအိပ်တော့သည်။
ရေခပ်ထွက်နေကျ မထွက် ဈေးသွားသည်ကိုလည်း မမြင်ရတော့သော မိန်းမပျို၊ မိဘအိမ် ပြန်ရောက်လာပြီ။ ဘယ်သူဘယ်ဝါ့သားနှင့် လိုက်ပြေးတာ ဟူ၍ အဖြေပေါ်လာပြီ။ ကံကြီးလည်း ထိုအခါကျမှသာ စပါးထဲကထွက်ပြီး အရပ်ထဲ၌ ဟေးလားဝါးလား လုပ်တော့သည်။
ထိုကဲ့သို့ အထင်ခံရနည်းသလား အလုပ်ကောင်းသောကြောင့် ကံကြီးမှာ ထောင့်ကျမည့်ဘေးမှ သီသိကလေး လွတ်ခဲ့ရ၏။
ဖြစ်ပုံမှာ သုံးအိမ်ကျော်က ဒေါ်သေးတာ၏သမီး မဆတ်စလူးပျောက်သွား၏။ ဤသတင်းကိုကြားလျှင် ကြားချင်း ကံကြီးလုပ်ပုံမှာ ထုံးစံအတိုင်း စပါးကျီထဲသို့ ၀င်ပုန်းနေခြင်းဖြစ်၏။ မဆတ်စလူးပျောက်သွားပြီး နှစ်ရက်အကြာတွင် ကံကြီးတို့အိမ်တွင် ပုလိပ်တွေ ရောက်လာကာ ကံကြီးကို လက်ထိတ်ခတ်ပြီး ခေါ်သွားလေ၏။
`ဘာမှုတုန်း ဘာဖြစ်လို့တုန်း´
သူကြီးလည်း မသိ ဒွေးကြီးလည်း မပြောတတ်၊ ဆယ်အိမ်ခေါင်းကား သာ၍မသိ။ ကံကြီး၏ အဖေနှင့် ဆွေမျိုးများမှာ မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ဂတ်သို့လိုက်ကြရ၏။ ထိုအခါတွင်မှ `မဆတ်စလူးအား လုယက်မှု သတ်ဖြတ်မှုဖြင့်´ အဖမ်းခံရကြောင်း သိကြရလေတော့၏။
ပုလိပ်တော်မင်းများက စစ်မေး၏။
`မဆတ်စလူးပျောက်သွားချိန်ဝယ် မောင်မင်း ဘယ်မှာသွားနေသတုန်း´
`စပါးကျီးထဲ ရောက်နေပါသည် ဘုရား´
ကံကြီး၏ အဖြေအဆုံး၌ ခြေထောက်ဖြင့် ၀ိုင်းကန်ကြ၏။ ရိုင်ဖယ်သေနတ်ဒင်ကြီးတွေဖြင့် ဆောင့်ကြ၏။
`ယုတ္တိမရှိဘူး စပါးကျီထဲ ဘာလုပ်ဖို့ ရောက်နေသတုန်း´
`ပုန်းနေတာပါ ဘုရား´
`ဘာဖြစ်လို့ ပုန်းနေရသနည်း မောင်မင်း´
`အထင်လွဲအောင်လို့ပါ ဘုရား´
ကံကြီးကို တွန်းလွဲကြ၏။ ခြေသလုံးပေါ်တွင် သံဒလိမ့်တုံးကြီးဖြင့် လှိမ့်ကြ၏။ ခလုတ်တိုက်၍ သော်မျှ အမေမတသော ကံကြီး၊ အမေ တရပြီ။ သို့ရာတွင် ကံကြီး၏ အဖြေမှန်ကန်ကြောင်း အိမ်နီးချင်းတွေက သက်သေခံသောအခါ မြိတ်ထုံးဆာပါ ခေါင်းတုံးဒင်္ဂါး အပြားသုံးရာကျော်ထွက်သွားသောအခါ လွတ်စေမောင်မင်း ဖြစ်သွားလေ၏။
ထိုအချိန်မှစတင်ပြီး မည်သူ့သမီး မည်သူ့ ခယ်မပျောက်ပျောက် ကံကြီးကား ရွာရိုးလျှောက်ပြီး လေချွန်နေလေသတည်း။

***မင်္ဂလာဈင်အောင်***

***(ဟာသပုံပြင်များ)***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)