***အစားအစာတွင် ဆားများများပါလျှင် ကျန်းမာရေးထိခိုက်ကြောင်း***
လူငယ်ခြောက်ဦးလျှင် တစ်ဦး နေ့စဉ် အသင့်စားနိုင်သော အစားအစာများကို စားသုံးနေကြောင်း လေ့လာတွေ့ရှိရသည်။ ထိုသို့သော အစားအစာများတွင် ဆားအတော်များများ ပါဝင်ကြောင်း ဆယ်ကျော်သက်ရွယ် ထက်ဝက်ကသာ သဘောပေါက်ကြသည်။ အစားအစာတွင် ဆားများများပါလျှင် ကျန်းမာရေးထိခိုက်ကြောင်း ပြည်သူ ၉၀-ရာခိုင်နှုန်းက သိကြသည်။ သို့သော် အရွယ်ရောက်သူများအနေဖြင့် တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထက် ပိုမစားသုံးသင့်ကြောင်းကို ၄၀-ရာခိုင်နှုန်းက
မသိရှိကြကြောင်း တွေ့ရသည်။ ဆားများများစားပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမပြုလုပ်လျှင် ပေါင်ချိန်တက်ကာ လေဖြတ်နိုင်သည်။ ထို့ကြောင့် ဆားလျှော့စားသင့်သည်။ ရက်သတ္တတပတ်လျှင် ငါးကြိမ်မျှ ကိုယ်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ရန် လိုအပ်သည်။ လေ့ကျင့်ခန်းတစ်ခါလုပ်လျှင် နာရီဝက်ခန့် ပြုလုပ်သင့်ကြောင်း အကြံပြုထားသည်။ (အင်တာနက်)
+++(Public Health)++

No comments:
Post a Comment