(အမ်စတာဒမ်၊ နိုဝင်ဘာလ ၂၄-ရက်)
နယ်သာလန်နိုင်ငံရှိ ကေအယ်လ်အမ် လေကြောင်း ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် ဇီဝလောင်စာ အသုံးပြုသော လေယာဉ်တစ်စင်းဖြင့် လေကြောင်းခရီးစဉ်ပျံသန်းမှုကို အောင်မြင်စွာပြုလုပ်နိုင်ကြောင်း အင်တာနက်သတင်းမှာ ဖော်ပြသည်။ ကေအယ်လ်အမ်လေကြောင်း ကုမ္ပဏီမှ (ဘိုးရင်း- ၇၄၇)အမျိုးအစား ခရီးသည်တင် လေယာဉ်တစ်စင်းသည် ဇီဝလောင်စာအသုံးပြုသည့် ပထမဆုံးသော လေကြောင်း ခရီးစဉ်တစ်ခုကို သရုပ်ပြပျံသန်းခဲ့သည်။ အဆိုပါလေယာဉ်သည် နိုဝင်ဘာလ ၂၃-ရက်နေ့က မိနစ်(၉၀)ကြာ
သရုပ်ပြပျံသန်းမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ကြောင်း ကေအယ်လ်အမ်လေကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ်-ပီတာဟတ်မန်းက ပြောကြားသည်။ (အင်တာနက်)**ဘာသာပြန်-စံစံ**
*** ဖိလစ်နိုင်ငံတွင် မျိုးနွယ်စုနှစ်စု ရန်ပွဲဖြစ်ပွား၊ လူ ၂၄-ဦးသေဆုံး…
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ အရှိန်အ၀ါကြီးမားသော မျိုးနွယ်စုနှစ်စုအတွင်း နိုဝင်ဘာလ ၂၃-ရက်နေ့က ရန်ပွဲဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပေါ်ကာ အမျိုးသမီးအများစု ပါဝင်ပြီး လူ ၂၄-ဦးသေဆုံးသည်ဟု ခန့်မှန်းထားသည်။ ဓားစာခံ(၁၀)ဦးထက်မနည်းကို ရဲများက ကယ်တင်ရန် ကြိုးပမ်းနေကြောင်း ရဲအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ပြင်သစ်နိုင်ငံတွင် ဓာတုဗေဒစက်ရုံပေါက်ကွဲ၊ လူ ၄-ဦးဒဏ်ရာရ…
ပြင်သစ်နိုင်ငံအလယ်ပိုင်းရှိ ဓာတုဗေဒစက်ရုံတစ်ရုံတွင် နိုဝင်ဘာလ ၂၃-ရက်နေ့ ညနေပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားရာမှ လ ၄-ဦးဒဏ်ရာရရှိသွားကြောင်း၊ ပေါက်ကွဲမှုနှစ်ခုကြောင့် ၂-ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များက ပြောကြားသည်။ (အင်တာနက်)
*** စစ်လေယာဉ်တစ်စင်းပျက်ကျ၊ ၅-ဦးသေဆုံး…
ီ်အီတလီနိုင်ငံ အနောက်မြောက်ပိုင်း ပီဆာလေဆိပ်အနီး၌ လေယာဉ်တစ်စင်း ပျက်ကျရာမှ လူ ၅-ဦးသေဆုံး သွားကြောင်း အီတလီလေတပ်က နိုဝင်ဘာလ ၂၃-ရက်နေ့မှာ ပြောကြားသည်။ လူ ၅-ဦးလိုက်ပါလာသော (စီ- ၁၃၀)ပို့ဆောင်ရေး စစ်လေယာဉ်တစ်စင်းသည် ဒေသစံတော်ချိန် ၂-နာရီ ၁၀-မိနစ်အချိန်၌ ပီဆာလေဆိပ်မှ အတက်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အန်ဆာသတင်းဌာနက ဖော်ပြသည်။ (အန်ဆာသတင်း)
***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***
*** ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် ဇီဝလောင်စာဖြင့် လေကြောင်း ခရီးစဉ်ပျံသန်း…

No comments:
Post a Comment