ဟုတ်ကဲ့ပါ။ ။ `အခုအချိန်ဆို ဒို့လယ်တောမှာ xxx ပြောင်းတွေကလည်း ပေါလှပါဘိအေxxx ငြုပ်သီး တွေလည်း ခူးကြ တာပေါ့အေ´ရယ်လို့ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်ထဲက မဲဆောက်၊ ဖုတ်ဖရား၊ အုန်းဖန် နဲ့ မယ်ရမတ်မြို့နယ်တွေဆီက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ဆောင်းအေးအေးမှာ သူမတို့ရဲ့ နူတ်ချို စကား ခပ်အေးအေးနဲ့ သင့်ကို ပြောပြချင်မှာပါ မိတ်ဆွေ။
ဒီမယ်မိတ်ဆွေ… ဟော့ဒီဓာတ်ပုံမှတ်တမ်းထဲမှာက မဲဆောက်မြို့ တောင်ဘက် ဖုတ်ဖရားမြို့နယ်ထဲက ပြောင်းစိုက်ရင်း၊ ငြုပ်သီးခူးရင်း သင်းပျံ့တဲ့ မြေဆီမြေသင်းရနံ့တွေနဲ့အတူ `ယာတောမြေမှာ သာမောဖွေရှာ´ကြတဲ့ ဒို့မြန်မာ ရွှေ့ပြောင်းတွေရဲ့ လုပ်အားအလှတွေကို တွေ့ကြရမှာပါ။ မြန်မာပြည်သား စာစောင်နဲ့ ဘလော့ဂ်က ကွင်းဆင်းပညာပေးမှုရယ်၊ လူထုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရယ်ကို လစဉ်မပြတ် ဆောင်ရွက်နေကြပဲလေ။ ဒါကြောင့် ငြုပ်သီးခူးချိန်၊ ပြောင်းစိုက်ချိန်မှာ ဒို့မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့ရဲ့ ရင်ဖွင့်သံတွေကို နားထောင်ကြည့်ရအောင်နော်။ `၁-ကီလိုကို ၅-ဘတ်ပေးတာရှိတယ်။ ၆-ဘတ်ပေးတာရှိတယ်။ အခုမြင်ရတဲ့ ပုံးတစ်ပုံးကို ၅-ကီလို၊ ၆-ကီလို ဆန့်တယ်လေ။ မနက် ၇-နာရီလောက်ကနေ ညနေ ၆-နာရီအထိ ခူးမယ်ဆိုရင် ခပ်သွက်သွက်လူက ၃၆-ကီလို၊ ၄၀-ကီလို အထိရတယ်´ လို့ ရှင်းပြပါတယ်၊`သားကဖုတ်ဖရားမြို့နယ် ၄၄-ကီလိုမီတာ၊ `ဒို့မိတ်ဆွေ´(Our Friend) ရွှေ့ပြောင်းအလုပ်သမားကျောင်းမှာ ကျောင်းတက်
်ပါတယ်။ ၄-တန်းကျောင်းသားပါ။ အခုလို ငြုပ်သီးဆွတ်ချိန်မှာ ကျောင်းမတက်ပဲ ငြုပ်သီးလိုက်ခူးတာ တစ်နေ့ကို ကီလို (၂၀)လောက်အထိရပါတယ်။ သားထက်ငယ်တဲ့ ကလေးတွေလည်း ရှိပါတယ်။ သူတို့လည်း ၁၅-ကီလိုလောက်တော့ အသာလေး ခူးနိုင်ပါတယ်။´လို့ ရှင်းပြပါတယ်။
မြန်မာပြည်သားအဖွဲ့(JACBA)ဟာ ၃၉-ကီလိုမီတာကျေးရွာဘက်ကို ချီတက်သွားရင်း ပြောင်းစိုက်ခင်းတွေမှာ လုပ်ကိုင်နေတဲ့ ဒို့မြန်မာ ရွှေ့ပြောင်းအလုပ်သမားတချို့နဲ့ အခုလို စကားပြောဖြစ်ခဲ့ပါတယ်။ `ကျနော် နာမည်က ကိုဦး၊ ထိုင်းနိုင်ငံရောက်တာ ၁၅-နှစ် ရှိပြီ။ မွန်ပြည်နယ် သထုံမြို့နယ်ဘက်ကလာတာ။ အခုဒီစိုက်ခင်းတွေမှာ အလုပ်ကြပ်(၀န်န)ပါ။ ကျနော်တို့ အလုပ်ကြပ်တွေက တစ်နေ့ကို ဘတ်(၁၀၀-၁၂၀)ရတယ်။ နေ့စားအလုပ်သမားတွေကတော့ တစ်နေ့ကို (၇၀-၈၀)ဘတ် အစားစားရှိတယ်။ ကလေး တချို့လည်း ၀င်လုပ်တာရှိတယ်။ ကလေးတွေလည်း (၆၀)ဘတ် လောက်ရကြတယ်။ အခုအချိန်က ပြောင်းစိုက်ချိန်၊ ဒီ (၃၉)ကီလိုမှာတော့ ကုလားပန်း(ခေါ်)ရွှေဒင်္ဂါးပန်းနည်းနည်း ပါးပါးစိုက်တာရှိတယ်။ ကုလားပန်း စိုက်ခင်းတွေမှာ လုပ်တဲ့သူတွေက နေ့စားခ မတူကြဘူး။ ဆေးဖျန်းတဲ့သူက ပိုရတယ်။ ဆေးဖျန်းသူက တစ်နေ့ (၁၀၀)ဘတ်ရတယ်။ ကျန်တဲ့သူတွေက (၈၀-၉၀)ဘတ်ရကြတယ်။ အမျိုးသမီးအလုပ်သမားတွေလည်း အများကြီးရှိတယ်။ ကလေးတွေလည်းရှိတယ်။ မြန်မာပြည်က ဆိုရင် ပဲခူးတိုင်း(ဝေါ၊ သနပ္ပင်၊ ပဲခူး၊ ပဲနွယ်ကုန်း၊ ရွှေကျင်)ဘက်က များတယ်။ မွန်ပြည်နယ်ကဆိုရင် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဘက်က များတယ်။ မြန်မာပြည်မှာလည်း လယ်ယာလုပ်လာသူတွေက အများစုဆိုတော့ ဒီအလုပ်တွေလုပ်ရတာ ဘာမှ အခက်အခဲ မရှိကြပါဘူး´လို့ ရှင်းပြပါတယ်။
(ဆက်လက်တင်ပြပါမည်)
***ခံစားတင်ပြသူ- ဓူဝံ(ဖုတ်ဖရား)***

No comments:
Post a Comment