(ဆိုးလ်၊ နိုဝင်ဘာလ ၂၃-ရက်)
တောင်ကိုရီးယား သိပ္ပံပညာရှင်များသည် `ဇီဝအင်ဂျင်နီယာနည်းပညာ´ဖြင့် ဇီဝပလတ်စတစ် (Bioplastic) ထုတ်လုပ်နိုင်သော နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြသည်။ တောင်ကိုရီးယားနိုင်ငံ တေဂျွန်မြို့ ကိုရီးယားအဆင့်မြင့် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ပါမောက္ခ-ဆန်ယပ်လီဦး ဆောင်သောအဖွဲ့သည် အယ်လ်ဂျီချမ်း အမည်ရှိ ဓာတုဗေဒကုမ္ပဏီမှ သုတေသီများနှင့်အတူ ဇီဝပလတ်စတစ် ထုတ်လုပ်နိုင်သော နည်းလမ်းကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့သည်။
ဇီဝပလတ်စတစ်(၀ါ)အော်ဂဲနစ်ပလတ်စတစ်ကဲ့သို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ခြင်းမရှိပေ။ PLA-ဟု အတိုကောက် ခေါ်ဝေါ်သော Polylamida သည် ပိုလီမာ သဘာဝဒြပ်ပေါင်းဖြစ်ပြီး ပြောင်းဖူးကစီဓာတ်ကဲ့သို့သော ပစ္စည်းမှ ထုတ်ယူနိုင်သလို ကြံသကြား (သို့)ဂျုံတို့မှလည်း ထုတ်ယူနိုင်မည်ဖြစ်သည်။ (အင်တာနက်) *** ဘာသာပြန်- ဧရာမောင်***
*** သြစတြေးလျနိုင်ငံတွင် တောမီးလောင်ကျွမ်းသဖြင့် အရေးပေါ် အခြေအနေကြေညာ…
သြစတြေးလျနိုင်ငံ အရှေ့ပိုင်း၌ တောမီးလောင်ကျွမ်းလျက်ရှိရာ ရာပေါင်းများစွာသော ဒေသခံပြည်သူများကို အရေးပေါ်သတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်း နိုဝင်ဘာလ ၂၂-ရက်နေ့ထုတ် သတင်းများမှာ ဖော်ပြသည်။ အပူချိန်မြင့်တက်နေမှုနှင့် လေတိုင်နှုန်းတို့ကြောင့် တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန် မလွယ်ကူကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။ နယူးဆောက်သ်ဝေး ပြည်နယ်ရှိ ရိုင်းစတုန်း၊ ကန်ဒေါ့စ်နှင့် ကလန်ဒယ်လာမြို့(၃)မြို့တွင် နေထိုင်ကြသူများကို တောမီးလောင်ကျွမ်းမှု အရေးပေါ်သတိပေးချက်များအား ထုတ်ပြန်ပေးခဲ့ပြီး အမြင့်ဆုံး အဆင့်တပ်လှန့်ထားကြောင်း သိရသည်။ မီးသတ်သမား (၁၇၀)ယောက်တို့သည် ရဟတ်ယာဉ် ၆-စင်းနှင့် လေယာဉ် ၄-စင်းတို့၏ အကူအညီဖြင့် တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော်လည်း မအောင်မြင်သေးချေ။ (အင်တာနက်)
*** သြစတြေးလျနိုင်ငံ၌ တောမီးရှို့သူကို လျှို့ဝှက်ကင်မရာဖြင့် ဖော်ထုတ်မည်…
(ဆစ်ဒနီ၊ နိုဝင်ဘာလ ၂၄-ရက်)
သြစတြေးလျနိုင်ငံတွင် တောမီးလောင်ကျွမ်းလေ့ရှိသော ရာသီအတွင်း တောမီးရှို့သူကို ဖော်ထုတ်နိုင်ရန် လျှို့ဝှက်ကင်မရာများတပ်ဆင်ထားပြီဖြစ်ကြောင်း နယူးဆောက်သ်ဝေး ပြည်နယ်ရဲချုပ် မီချယ်ဒါလေးက နိုဝင်ဘာလ ၂၃-ရက်နေ့မှာ ပြောကြားသည်။ တောမီးများလောင်ကျွမ်းမှုဖြစ်နိုင်သော နေရာများတွင် လျှို့ဝှက်ကင်မရာများကို တပ်ဆင်ထားကြောင်း တောမီးရှို့သူကို ရဲတပ်ဖွဲ့က ပိုက်စိတ်တိုက်ထောက်လှမ်းရှာဖွေ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရဲချုပ် ဆက်လက်ပြောကြားသည်။ (အင်တာနက်)
*** ရုရှားနိုင်ငံတွင် လက်နက်သိုလှောင်ရုံပေါက်ကွဲ၊ လူ ၈-ဦးသေဆုံးပြီး ၂-ဦးဒဏ်ရာရ…
ရုရှားနိုင်ငံ အူလျာနော့ဗ်ပြည်နယ်၊ ဗော်လဂါစီးတီးရှိ လက်နက်သိုလှောင်ရုံတွင် နိုဝင်ဘာလ ၂၃-ရက်နေ့က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ၀န်ထမ်း ၈-ဦးသေဆုံးပြီး ၂-ဦးဒဏ်ရာရရှိသွားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကျေညာသည်။ ယင်းပေါက်ကွဲမှုသည် ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
***စုစည်းဘာသာပြန်- မောင်မောင်ဆွေ***
*** ဇီဝပလတ်စတစ်ထုတ်လုပ်နိုင်သော နည်းလမ်းအား တောင်ကိုရီးယားသိပ္ပံပညာရှင်များကတွေ့ရှိ…

No comments:
Post a Comment