ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 25, 2009

နိုဝင်ဘာလအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ

>
(နိုဝင်ဘာလ ၂၅-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက်ရှိ ဖုတ်ဖရားမြို့နယ် ၃၅-ကီလိုမီတာကျေးရွာ `အထစ်ဝန်း´ထဲတွင်နေထိုင်သော မြန်မာစိုက်ပျိုးရေးအလုပ်သမား ၄၃-ဦးတို့အား ယနေ့နံနက် ၀၄း၀၀-နာရီခန့်က ထိုင်း နယ်ခြားစောင့်အဖွဲ့မှ လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ အဆိုပါ အလုပ်သမားများသည် နေထိုင်ခွင့်(ခေါ်) မြို့နယ်တစ်ခုအတွင်း မှီတင်းနေထိုင်ခွင့် လက်မှတ် ကိုယ်စီ ရှိကြသော်လည်း ၄င်းတို့ကိုင်ဆောင်ထားသော နေထိုင်ခွင့်လက်မှတ်များသည် ယခုအခါ သက်တမ်းကုန် ဆုံးနေ ပါသောကြောင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ၃၅-ကီလိုမီတာကျေးရွာမှ မြန်မာပြည်သား အဖွဲ့၏ စည်းရုံးရေးမှူး တစ်ဦးက ပြောဆိုသည်။

ဖုတ်ဖရားမြို့နယ်အတွင်းတွင် ခြံ၊ တောင်ယာစသည့် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြသော မြန်မာအလုပ်သမား ၇၀၀၀၀-ခန့်အနက် အများစုမှာ နေထိုင်ခွင့် လက်မှတ်၊ ၅-နှစ်ခံ နေထိုင်ခွင့်လက်မှတ် စသည်ဖြင့် လက်မှတ်များရှိကြသော်လည်း သက်တမ်းကုန်ဆုံးနေပြီဖြစ်သော အခြေအနေကို သတိမပြုမိကြခြင်းကြောင့်လည်းကောင်း၊ မိမိတို့၏ သက်ဆိုင်ရာအလုပ်ရှင်မှ လက်မှတ်သက်တမ်းတိုးရန် ငြင်းဆန်ခံရခြင်းကြောင့်လည်းကောင်း၊ ယခုလို အဖမ်းအဆီးရာသီတွင် ပိုမို၍ အဖမ်းခံကြရဖွယ်ရှိကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)မှ သုံးသပ်တင်ပြသည်။ ဖုတ်ဖရားမြို့နယ်အတွင်း မှီတင်းလုပ်ကိုင်စားသောက်နေကြသော မြန်မာစိုက်ပျိုးရေးအလုပ်သမား အနည်းစုတွင်သာ အလုပ်သမားလက်မှတ် (ဘတ်ကြီး/ Work Permit)ရှိကြကြောင်း သိရသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ နာဂစ်မုန်တိုင်းလွန်ကူညီထောက်ပံ့ရေး ညီလာခံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယနေ့(နိုဝင်ဘာလ ၂၅-ရက်)နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းညီလာခံ၌ ၂၀၁၀ -ပြည့်နှစ် ဇူလိုင်လအထိ လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ပတ်သက်၍ တောင်းဆို သွားမည်ဖြစ်ကြောင်း သိရသည်။ နာဂစ်လေဘေးသင့် ပြည်သူများ အရေးတကြီးလိုအပ် နေသည်များကို ကူညီထောက်ပံ့နိုင်ရန် ရံပုံငွေ ပိုမိုရရှိရေးအတွက် နာဂစ်မုန်တိုင်းလွန် ကူညီထောက်ပံ့ရေး ညီလာခံကို ကျင်းပသွားရန် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလ ၂-ရက်နေ့က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ (မြန်မာပြည်သား)
(နိုဝင်ဘာလ ၂၄ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံရှိ မြန်မာရွှ့ပြောင်း အလုပ်သမားများ ပညာသင်ကြားရန် ပုဂ္ဂလိက စာသင်ကျောင်းများကို အာဏာပိုင်များက တရားဝင် ဖွင့်ခွင့်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ် စုစုပေါင်း ၁ သန်းကျော် ရှိသည့်အနက် သုံးပုံ နှစ်ပုံမှာ မြန်မာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။ အဆိုပါ စာသင်ကျောင်းများသည် ထိုင်း ပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်၍ဖွင့်လှစ်ရန် လွန်ခဲ့သည့်အပတ်က ပြုလုပ်သည့် အစိုးရ၀န်ကြီးများအစည်းအဝေးမှ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။(ဧရာဝတီ)
ဖြစ်ရပ်-၂။ ။ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတွင် ၎င်းတို့လှူဒါန်းထားမှုအနေအထားများ သိနိုင်ရန် ဥရောပသမဂ္ဂအဖွဲ့ဝင် (၁၄) နိုင်ငံမှ သံတမန်များ မယ်လဒုက္ခသည်စခန်းသို့ ယမန်နေ့၌ သွားရောက်လေ့လာခဲ့ကြသည်။
ဥရောပသမဂ္ဂ၏ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားဆိုင်ရာသံအမတ် မစ္စတာဒေးဗစ်လစ်မင်း ဦးဆောင်သည့် အဖွဲ့ဝင် (၂၇) ဦးပါ သံတမန်များအဖွဲ့သည် မယ်လစခန်း၏ စီမံခန့်ခွဲမှုဌာနကြီး (၅) ခုဖြစ်သည့် ကျန်းမာရေးဌာန၊ ရေပေးဝေရေးနှင့် သန့်ရှင်းရေးဌာန၊ ပညာရေးဌာန၊ ဥပဒေအကြံပေးဌာန၊ ရိက္ခာထုတ်ပေးရေးဌာနတို့ကို စစ်ဆေးခဲ့ကြသည်။အလှူရှင်နိုင်ငံတို့မှ ယခုကဲ့သို့ ကွင်းဆင်းလာရောက်ခြင်းသည် ဒုက္ခသည်စခန်းများတွင် အဂတိလိုက်စားမှုများ တိုးပွားလာခြင်းနှင့် ဆက်စပ်မှုရှိကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့တခုမှ ဌာနေ၀န်ထမ်းတဦးက ပြောသည်။
၂၀၀၆ ခုနှစ်မှစ၍ ဒုက္ခသည်စခန်းတို့မှ ဒုက္ခသည်များကို တတိယနိုင်ငံများသို့ ပြောင်းရွှေ့အခြေချခွင့်ပြုရာ ဒုက္ခသည် အစစ်အမှန်မဟုတ်ဘဲ မသမာသည့်နည်းဖြင့် ရောက်ရှိသွားသူများအနက် (၉၅) ရာခိုင်နှုန်းမှာ မယ်လစခန်းမှ အများစုပါဝင်သည်ဟု ယူအန်အိပ်ခ်ျစီအာက ပြောကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။ယင်းဖြစ်ရပ်များကြောင့် မယ်လစခန်းမှ ဒုက္ခသည်များ အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချခွင့်ကို ယခင်လမှစကာ ရပ်နားထားပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က စခန်းအတွင်း စစ်ဆေးလျက်ရှိသည်။(ခေတ်ပြိုင်)
ဖြစ်ရပ်-၃။ ။ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို ရှပ်နီဝတ်ဂိုဏ်းသားများက ပြန်လည်ဖန်တီးကြမည်။ လမ်းများပေါ်တွင် ဆန္ဒပြကြမည်ဟူ၍ သတင်းများ ထွက်ပေါ်နေသဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အရေးပေါ်အခြေအနေများ ကျေညာရဖွယ်ရှိကြောင်း ပြည်တွင်းလုံခြုံရေးဌာနက ပြောကြားသည်။ (RFA)
(နိုဝင်ဘာလ ၂၃ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မြန်မာနိုင်ငံသား ဒုက္ခသည်များ အကြောင်း အခြေခံထားသည့် အချစ်ဇာတ်လမ်းကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရုပ်ရှင်အဖြစ် ရိုက်ကူး ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
စီးပွားရေး၊ နိုင်ငံရေး အကျပ်အတည်းနှင့် နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည့် ဒုက္ခသည်များ အကြောင်းအပါအဝင် ၎င်းတို့လမ်းခရီးတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် လူထုအတွက် အလွန်အန္တရာယ် ကြီးမားသည့် မြေမြှုပ် မိုင်းအကြောင်းကို ရိုက်ကူးတင်ပြထားသည်ဟု အဆိုပါဇာတ်ကား၏ ဒါရိုက်တာ ဆွစ်ဇာလန်လူမျိုး စတီဖင်ဟဒ်က ဧရာဝတီကိုပြောသည်။ ယင်းဇာတ်ကား၏ အမည်ကို ယာယီအားဖြင့် How about Love ဟု အမည်ပေးထားကြောင်း သိရသည်။
ယခုရုပ်ရှင်ကားသည် ဆွစ်ဇာလန်နိုင်ငံသား ဆရာဝန်တဦးနှင့် ဒုက္ခသည်စခန်းမှ ကရင်အမျိုးသမီး တဦး၏ အချစ်ဇာတ် လမ်းကို ဇာတ်အိမ်တည်ကာ မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ နေထိုင်ရသည့်အခက်အခဲ ဒုက္ခများကို တင်ပြရိုက်ကူးထား ခြင်းဖြစ်သည်ဟု သိရသည်။(ဧရာဝတီ)
ဖြစ်ရပ်-၂။ ။ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော်ရပ် ငါးသေတ္တာ စက်ရုံအနီးတွင် မြန်မာအဆိုတော်များ လာရောက် ဖျော်ဖြေသွားခဲ့ရာ အဆိုတော် ထွန်းထွန်း၏ “ရဲတွေ လာနေပြီ” ဆိုသော သီချင်းကို ကြည့်ရှုသူ ပရိသတ် အထူး နှစ်ခြိုက် အားပေးခဲ့ကြောင်း သိရသည်။နိုဝင်ဘာ ၂၁ ရက်နေ့က လာရောက်ဖျော်ဖြေသွားခဲ့သော ယင်း စင်တင်ဖျော်ဖြေပွဲတွင် အများဆုံး ကြည့်ရှု အားပေးခဲ့သူများမှာ ထိုဒေသတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြပြီး “ရဲတွေလာနေပြီ” ဆိုသည့် သီချင်းက ၎င်းအလုပ်သမားတို့၏ ဘဝနှင့် တထပ်တည်း ကျသောကြောင့် နှစ်ခြိုက်အားပေးခြင်း ဖြစ်ကြောင်း အဆိုပါပွဲသို့ သွားခဲ့သည့် ကိုမင်းက ပြောသည်။ထွန်းထွန်း၏ “ရဲတွေလာနေပြီ” သီချင်းထဲတွင် ပါဝင်သည့် အကြောင်းအရာများက လက်ရှိ မြန်မာပြည်သူ များ၏ နေ့စဉ်ဘ၀ကို ဖော်ပြထားသကဲ့သို့ ထိုင်း နိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၏ ဘ၀များ ထဲတွင်လည်း ထိုင်းရဲများ၊ ထိုင်း လ၀ကများကို အမြဲတမ်း ကြောက်ရွံ့ထိတ်လန့် နေရသည့် ခံစားမှု ရှိနေရာ ထိုသီချင်းကို အော်ဟစ်အားပေးမိကြောင်း ကိုမင်းက ဆက်ပြောသည်။လာရောက်ဖြေဖျော်သည့် အဆိုတော်များမှာ ရေဗက္ကာဝင်း၊ ဂျင်းနီ ၊ထွန်းထွန်း။ ဟန်ထွန်းနှင့် နောနော်တို့ ဖြစ်ကြသည်။ (ဧရာဝတီ)
(နိုဝင်ဘာလ ၁၇ရက် ၂၀၀၉) ရှမ်းတိုင်းရင်းသား အများအပြား နေထိုင်သော ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ဘုန်းကြီးကျောင်း တခုတွင် ရှမ်းနှစ်သစ်ကူး ပွဲတော်ကို သုံးရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ျင်းမိုင်မြို့လယ်ရှိ ၀ပ်ကူထောက် ဘုန်းတော်ကြီး ကျောင်းဝင်း တခုလုံးတွင် ပွဲဈေးတန်းများ၊ ဧည့်ပရိသတ်များ၊ ရှမ်းအိုးစည်သံများဖြင့် သက်ဝင် လှုပ်ရှားနေသည်။ ဤပွဲကို နိုဝင်ဘာလ ၁၅ ရက်နေ့က အစပြုခဲ့ရာ ယနေ့သည် ပွဲတော် နောက်ဆုံးနေ့ ဖြစ်သည်။ရှမ်းနှစ်သစ်ကူး ကာလ အထိမ်းအမှတ် ကောက်သစ်စားပွဲ၊ ရိုးရာ ယဉ်ကျေးမှု ပြပွဲ၊ အားကစားပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ဟောပြောပွဲများ ပြုလုပ်နေသည်ကို တွေ့ရသည်။ ခေါင်းဆောင်ကြီးများ၊ ရှေးက စာဆိုများကို ပြန်သတိရစေရန် ၎င်းတို့အား ရည်စူးပြီး အလှူအတန်းများကို ပြုလုပ်ကြကြောင်း သိရသည်။(ဧရာဝတီ).
(နိုဝင်ဘာလ ၁၅ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မြန်မာအလုပ်သမားများအတွက် ယာယီမြန်မာနိုင်ငံကူးလက်မှတ် (ယာယီပတ်စပို့) နှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးအကြောင်းကို Human Rights and Development Foundation (HRDF) မှ ယခုလ ၁၅ ရက်နေ့တွင် ဆမွတ်ဆခွန်ခရိုင် မဟာချိုင်မြို့ ဝက်ပေါင့်မ် ဘုန်းကြီးကျောင်း၌ ရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့သည်။၎င်းရှင်းလင်းပွဲတွင် မဟာချိုင် ထိုင်းအလုပ်ရှာဖွေရေးရုံးမှ်တစ်ဦး၊ ထိုင်းရှေ့နေများကောင်စီမှ အခြေခံဥပဒေရေးဆွဲရေးကော်မတီ တစ်ဦး၊ ရေထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အတိုင်ပင်ခံ တစ်ဦး၊ ရက်ထိုင်းဖောင်ဒေးရှင်း တစ်ဦးနှင့် အလုပ်သမား ၃၅၀ ကျော်တို့က တက်ရောက်ကြပြီး၊ ယာယီပတ်စပို့ရရှိပြီးသူ ၂ ဦး တက်ရောက်ကြသည်။( Independent Mon News Agency)
ဖြစ်ရပ်-၂။ ။ယနေ့မနက်ပိုင်း၌ ထိုင်း - သျှမ်းနယ်စပ်တရာ၌ သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက် ရေးအသင်း SWAN မှ ‘တားမြစ်ထားသောမြင်ကွင်းများ’ စာအုပ်နှင့်ပါတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။
SWAN မှ ထုတ်ဝေသည့် တားမြစ်ထားသောမြင်ကွင်းများ ခရီးသွားလမ်းညွှန်စာအုပ်သျှမ်းပြည်ကို အုပ်ချုပ်ခဲ့သော သျှမ်းစော်ဘွား ၃၄ ပါး မှ ကျန်ရှိသည့် ဟော်နန်းအချို့အား သမိုင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားအောင် နအဖစစ်အုပ်စုက လုပ်ဆောင်နေကြောင်း ရုပ်ပုံကားချပ်နှင့်တကွ သျှမ်းအမျိုး သမီးက ထောက်ပြထားသည်။ (သျှမ်းသံတော်ဆင့် )
(နိုဝင်ဘာလ ၁၃-ရက် ၂၀၀၉) မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက်ကာ မယ်လဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် အသစ်ထပ်မံရောက်ရှိလာသူ (၂၃,၀၀၀) ကို တရားဝင်ဒုက္ခသည် အဖြစ်အသိအမှတ်ပြုနိုင်ရေးအတွက် ရှေ့လမှစ၍စိစစ်မှုမျာ:ပြုလုပ်သွားမည်ဖြစ်သည်။ထိုသို့စိစစ်ခြင်းခံရမည့်သူများမှာ ၂၀၀၆ ခုနှစ်မှစတင်ကာ ယခုနှစ်ကုန်ပိုင်း အထိ မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိလာသူများ ဖြစ်ပြီး ၎င်းတို့အနက် စစ်ပြေးဒုက္ခသည်များ၊ သာမန်စားဝတ်နေရေး ကျပ်တည်းမှုကြောင့် လာရောက်သူများ၊ အမေရိကန်နှင့် တတိယနိုင်ငံတခုခုသို့ စခန်းမှတဆင့် သွားရောက်နိုင်ရန် အိုးအိမ်ခြံမြေရောင်းချပြီး လာရောက်သူများ ပါရှိသည်ဟု စခန်းတာဝန်ရှိသူတဦးက ပြောသည်။
တရားဝင်ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မခံရမီကာလတွင် ၎င်းတို့စခန်းတွင်း ရပ်တည်နိုင်ရေးအတွက် ဒုက္ခသည်များကို အခြေခံစားကုန်များ ကူညီပေးနေသည့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (TBBC) အဖွဲ့က အကူအညီပေးထားခြင်းဖြစ်သည်။မကြာခင်ပြုလုပ်မည့် စိစစ်မှုကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ ခရိုင်ဆိုင်ရာဝင်ခွင့်ပြုရေးဘုတ်အဖွဲ့ (PAB) က စစ်ဆေးမည်ဖြစ်ပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က လေ့လာသူအဖြစ် ပါရှိမည်ဖြစ်သည်။ထိုသို့ စိစစ်မှုပြုလုပ်ပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူများကို ထိုင်းဘက်မှလက်ခံမည်ဖြစ်ပြီး ငြင်းပယ်ခံရသူများကို ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံဘက် ပြန်ပို့မည်ဟု မယ်လစခန်းမှ အရာရှိတဦးက ပြောသည်။ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည်စခန်းအသီးသီးမှ ဒုက္ခသည်များသည် မရိုးသားသည့်နည်းလမ်းများဖြင့် တတိယနိုင်ငံများသို့ ထွက်ခွာမှုများရှိရာတွင် မယ်လဒုက္ခသည်စခန်းမှ (၉၅) ရာခိုင်နှုန်းရှိသည်ဟု UNHCR က ပြောသည်။(ခေတ်ပြိုင်)
(နိုဝင်ဘာလ ၉-ရက် ၂၀၀၉) `နိုင်ငံတကာ စားအုန်းဆီညီလာခံ´ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၌ နိုင်ဝင်ဘာလ ၉-ရက်နေ့မှ ၁၂-ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
(နိုဝင်ဘာလ ၇-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မြဝတီမြို့၊ ကျောက်တောင်ရွာ အနီးတဝိုက်တွင် ဒီကေဘီအေအဖွဲ့များက ရွှေတူးသည့်လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းများထွက်ပေါ်နေလျက်ရှိသည်။လွန်ခဲ့သည့် ၆ လခန့်မှ စတင်ကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ရွှေစအနည်းငယ်ပါဝင်သည့် မြေမှုန့်များကို ရောင်းချခြင်းများ ရှိနေသည်ဟု ဒေသခံ ရွှေလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောသည်။ယင်းကဲ့သို့ ရွှေတူးနေခြင်းကို ဒီကေဘီအေအဖွဲ့ဝင်များက လူအများအသိမခံဘဲ ၎င်းတို့ အုပ်စုအတွင်းလောက်သာ သိရကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။(Yoma3.)
ဖြစ်ရပ်-၂။ ။ထိုင်းနိုင်ငံတွင် အလုပ်သမား လက်မှတ်လုပ်ရန် သတ်မှတ်ရက် ကျော်သွားသဖြင့် လုပ်ခွင့် မရလိုက်သည့် နိုင်ငံခြားသား အလုပ်သမား ၁သိန်းခွဲကျော်အတွက်လုပ်ခွင့်ပြန်ပေးနေပြီ ဖြစ်သည်။ အလုပ်သမားလက်မှတ်လုပ်ရန် ယခုနှစ် ဇူလိုင်မှ စက်တင်ဘာလထိ အချိန်ပေးထားခဲ့ခြင်း ဖြစ်ပြီး ယခုလမှ စ၍ လာမည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ အချိန်ထပ်ပေးခြင်း ဖြစ်သည်။စာရင်းသွင်းထားပြီးမှ ရက်ကျော်သွားသဖြင့် ကျန်ခဲ့သည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်း အလုပ်သမားများအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနသတင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။( မဇ္ဈိမ)
(နိုဝင်ဘာလ ၆ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ သက်ဆင် ရှင်နာ ၀တ္ထရာ အား အစိုးရ အကြံပေး အဖြစ် ခန့်အပ်ခြင်းကို ကန့်ကွက်သည့် အနေနှင့် ထိုင်းနိုင်ငံက ကမ္ဘောဒီးယား နှင့် လောင်စာဆီ၊ သဘာဝ ဓာတ်ငွေ့ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များအားရပ်ဆိုင်း တော့မည် ဖြစ်ကြောင်း နိုဝင်ဘာ (၆)ရက် နေ့တွင် ကြေညာခဲ့ပြီ ဖြစ်သည်။ ကမ္ဘောဒီးယား အစိုးရသည် ထိုင်း နိုင်ငံ၏ အာဏာ အသိမ်းခံရသည့် ၀န်ကြီးချုပ်ဟောင်း သက်ဆင် အား အကြံပေးအဖြစ် နိုဝင်ဘာ (၄)ရက် နေ့တွင် အတည်ပြု ခန့်အပ်ခဲ့ရာ ထိုင်းက အပြင်းအထန် ကန့်ကွက်ခဲ့ပြီး နိုဝင်ဘာ (၅)ရက် နေ့တွင် နှစ်နိုင်ငံ သံမှူးများကို အသီးသီး ပြန်လည် ရုတ်သိမ်းခဲ့ရာ သံတမန် ဆက်သွယ်ရေးပါ ပြတ်တောက် သွားခဲ့ရသည်။(လူထုအသံ အွန်လိုင်းဂျာနယ်)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ အူးသူးထာ့ ကျေးရွာတွင် နေထိုင်ကြသော စစ်ပြေး ကရင် ဒုက္ခသည်များအား စခန်းပြောင်းရွှေ့ရန်အတွက် နာမည်စာရင်းကို ထိုင်းအာဏာပိုင်များက စတင်ကောက် ယူသည်။
ထိုင်းအာဏာပိုင်များက လုံခြုံရေး တာဝန်မယူနိုင်သဖြင့် နို့ဘိုးစခန်းသို့ပြောင်းရန် နာမည် စာရင်းများကို ယခုလ ၄ ရက် ဗုဒ္ဓဟူးနေ့မှ လာကောက်ခြင်းဖြစ်သည်ဟု အူးသူးထာ့ စခန်းတာဝန်ခံ ကူနူးကပြောသည်။(NMG )
(နိုဝင်ဘာလ ၅-ရက် ၂၀၀၉) အလုပ်အကိုင်ရှားပါးလာသော ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် သက်ဆိုင်ရာအာဏာပိုင်တို့ကို ဆက်ကြေးပေးကာ လောင်းကစားဝိုင်းအမျိုးမျိုးဖြင့် စီးပွားရှာသူ တနေ့တခြား များပြားလာကြောင်း သိရသည်။
ချဲထီရောင်းချသူ ကော်မရှင်စားတဦးက “အခု မြဝတီမြို့ထဲမှာတောင် ကော်မရှင်စားတွေ (၁၅၀) လောက်ရှိတယ်။ တချို့တွေကျတော့ ဟိုဘက်ကမ်း မဲဆောက်အထိ သွားပြီး ချဲရောင်းနေရတယ်။ ဒီအလုပ်က (၁၂) ရာသီ လုပ်လို့ရတယ်။ အလုပ်အကိုင်လည်းမရှိတော့ ကော်မရှင်စားတွေက များလာတာပေါ့။ ဒါပေမယ့် ပိုပွတဲ့လူက အာဏာပိုင်တွေပါ” ဟု ပြောသည်။
ယင်းကဲ့သို့ (၂) လုံးနှင့် (၃) လုံး ချဲထီရောင်းချသူ ကော်မရှင်စားများနှင့် ဘောလုံးပွဲဒိုင်တို့ များပြားလာပြီး သက်ဆိုင်ရာ အာဏာပိုင်တို့အား ဆက်ကြေးပေးဆောင်နေရသဖြင့် မြဝတီမြို့၏ လောင်းကစားလုပ်ငန်းသည် အာဏာပိုင်တို့၏ ကြီးပွားရေးအတွက်ကဲ့သို့ ဖြစ်နေသည်ဟု အဆိုပါချဲထီရောင်းသူက ပြောသည်။(ခေတ်ပြိုင်)

(နိုဝင်ဘာလ ၄-ရက် ၂၀၀၉) ၁၉-ကြိမ်မြောက် နိုင်ငံတကာ လေဆိပ်ကောင်စီ(အေစီအိုင်)၏ ကမ္ဘာ့နှစ်ပတ် လည် အထွေထွေညီလာခံနှင့် ၄-ကြိမ်မြောက် နိုင်ငံတကာ လေဆိပ်ကောင်စီ(အေစီအိုင်)၏ အာရှ-ပစိဖိတ် ဆိုင်ရာ ညီလာခံကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၌ နိုဝင်ဘာလ ၂-ရက်နေ့မှ ၄-ရက်နေ့အထိကျင်းပ လျက်ရှိကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ မလေးရှားလေဆိပ် ဦးပိုင်ကုမ္ပဏီ မလေးရှား အရပ်ဘက် လေ ကြောင်းပို့ဆောင်ရေးဌာန၊ ပစိဖိတ် အာရှခရီးသွားလုပ်ငန်း အရပ်ဘက်လေကြောင်းပြ၀န်ဆောင်မှုလုပ်ငန်း အဖွဲ့ အပါအ၀င် နိုင်ငံခြားလေကြောင်း ကုမ္ပဏီအများအပြားမှ ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိသည်။ (အင်တာနက်)
(နိုဝင်ဘာလ ၃-ရက် ၂၀၀၉) တတိယနိုင်ငံများသို့ မရိုးသားသော နည်းလမ်းများဖြင့် သွားရောက်အခြေချသူများထဲတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် စခန်း (၉) ခုအနက် မယ်လဒုက္ခသည်စခန်းမှ ထွက်ခွာသူများမှာ (၉၅) ရာခိုင်နှုန်းရှိသဖြင့် ယခုလလယ်မှစတင်ကာ ယူအန်အိပ်ခ်ျစီအာမှ စိစစ်မှုများ ပြုလုပ်မည်ဖြစ်သည်။မယ်လစခန်း ဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “တတိယနိုင်ငံကို မရိုးမသားနဲ့ ထွက်တာ မယ်လစခန်းက (၉၅) ရာခိုင်နှုန်းရှိတယ်လို့် ယူအန်ကပြောတယ်။ ဒါကြောင့် ဒီလကစပြီး နှစ်ကုန်တဲ့အထိစိစစ်မှုတွေလုပ်မှာဖြစ်တယ်”ဟုခေတ်ပြိုင်သို့ပြောသည်။ဘန်ကောက်အခြေစိုက်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ၏ ဒေသဆိုင်ရာ ဒု-တာဝန်ခံ သည် လွန်ခဲ့သည့်လက မယ်လစခန်းသို့ရောက်ရှိလာစဉ် စခန်းတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အဆိုပါကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။(ခေတ်ပြိုင်)
(နိုဝင်ဘာလ ၂-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ကျေးရွာတွင် ရေနံအစမ်းတွင်း တစ်တွင်းကို ထိုင်းနှင့်မြန်မာ အကျိုးတူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာပြည်ဘက်မှ စီးပွားရေးလုပ်ငန်းရှင် ဦးမိုးမြင့်နှင့် တာ့(ခ်)ခရိုင်စက်မှု လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်း (FTI)တို့က အကျိုးတူပူးပေါင်း ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။ (BBC)
ဖြစ်ရပ်-၂။ ။ ယနေ့သည် ထိုင်းနိုင်ငံ၏ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သော လွိုင်းကရထုန်း(ခေါ်)မီးဖောင်မျှောပွဲတော် နေ့ဖြစ်သည်အားလျော်စွာ ထိုင်းနိုင်ငံတ၀ှမ်းတွင် ဒေသခံ ထိုင်း-လူမျိုးများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများချစ်ကြည်ရင်းနှီးစွာဖြင့် မီးဖောင်မျှောပွဲတော်ကို အတူတကွ ပါဝင်ဆင်နွဲကြကြောင်း သတင်းရရှိသည်။
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထိုင်းနှင့် မြန်မာ နယ်စပ်အာဏာပိုင်တို့အကြား တင်းမာမှု ခေတ္တဖြစ်ပွားခဲ့ရာမှ ယနေ့ ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း နယ်စပ်သွားလာမှုမှာ ပုံမှန်မဖြစ်သေးဟု သိရသည်။ အောက်တိုဘာလ ၃၀ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အဆိုပါတင်းမာမှုသည် တဖက်နှင့်တဖက် နယ် မြေကျူးကျော်မှုကြောင့်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ခွင့်ကို နှစ်ဖက်အာဏာပိုင်များက ခေတ္တပိတ်ပင်ခဲ့ရာ ယခုပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ယခင်လို လူအစုလိုက်အပြုံလိုက် ဖြတ်ကျော်ခွင့် မပေးသေးကြောင်း ဘုရားသုံးဆူမှ ဒီကေဘီအေ တပ်မှူးတဦးက ပြောသည်။(ကေအိုင်စီ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)