ထိုအမျိုးသမီးမှာ မန္တလေးမှ လှတောသို့ပြန်လာသော လှတောသားများနှင့် တွေ့တတ်ပေသည်။ လှတောသားများနှင့် ကပ်လျှက် နေရာရပြီးနောက် မကြာမီကားထွက်လာရာ၊ ကားဆောင့်၍ ထိမိတိုင်း တွန့်တွန့်သွားသည်။ စစ်ကိုင်းအ၀င်တွင် `ဘယ့်နှယ်ကြောင့် တိုးတိုးနေရတာလဲ´ဟု ရန်တွေ့တော့သည်။
`
မတိုးပါဘူးဗျာ၊ ကားက ရုတ်တရက် ရပ်လို့ပါ´ `ဘာမှတ်နေသလဲ´ လှတောသား၏စိတ်က သည်းခံနေသော်လည်း ၀သီက မနေတော့ပါ။
`ဘာမှတ်ရမှာလဲ၊ ဓါးခုတ်ကောင်မှတ်တာပေါ့၊ ခင်ဗျားကို ပြစ်မှားပေးလို့ ခင်ဗျားယူမိတဲ့လူဟာ မသာအလောင်းပိုက်သလို ဖြစ်မယ်သိလား။ ဒါနဲ့များ တွန့်တွန့်သွားလိုက်တာ ဓားခုတ်ကောင် မီးနဲ့တို့သလားမှတ်ရ…´
*** လှတောသား ခြစ်တဲ့ မီးတောက်…
မီးရထားပေါ်တွင်ဖြစ်သည်။ လှတောသားဘေးမှ လူနှင့် မျက်နှာချင်းဆိုင်မှ လူများသည် သူ့မီးခြစ်မှာ မည်သည့်နိုင်ငံလုပ်၊ မည်သူက လက်ဆောင်ပေးသည် စသည်ဖြင့် ပြိုင်လာကြရာ၊ လှတောသား နားကြားပြင်းကတ်လာကာ သူ့မီးခြစ်ကို ထုတ်လိုက်ရင်း…
`ကျုပ်မီးခြစ်ကတော့ ပြည်တွင်းဖြစ်ဗျ၊ နှစ်ကျပ်ပဲ ပေးရတယ်။ ဓာတ်ဆီများပါရင်တော့ လှတောသား ခြစ်တဲ့ မီးတောက်ကို စစ်ကိုင်းက လှမ်းမြင်ရပြီး ရွာကိုမီးလောင်နေတယ်ထင်ရသဗျ…´ လှတောသားက ပညာပြလိုက်ရာ မီးခြစ် အကောင်းပြိုင်နေသူများ ငြိမ်သက်တိတ်ဆိတ်သွားကြလေ၏။
***ဦးလှအောင်***
***(လှတောသားဟာ လူရိုးလေးပါ)**

No comments:
Post a Comment