ကျမကိုကိုက ကြိုက်တတ်တာမို့
ကိုကို့အတွက် `ရှယ်အပ်ထည်´အနေနဲ့
ကျမရဲ့ အလုပ်ခွင်ထဲက အားလပ်ချိန်မှာပဲ
ကိုကို့အတွက် အင်္ကျီတစ်ထည် သို့မဟုတ်
ကျမကိုယ်တိုင် ထုတ်လုပ်တဲ့ ချစ်သက်လက်ဆောင်ပေါ့ရှင်…။
+++ ကိုကိုက မိုးပြာရောင်ဆိုရင် အလွန်ကြိုက်တာဆိုတော့
မြင်တာနဲ့ နှစ်ခြိုက်ရ လေအောင်
စိတ်ကူးနဲ့ရော၊ လက်တွေ့ကိုပါ စွမ်းဆောင်ရတာမို့
နောင်ရှေ့ရေးကိုတွေး၊ တွေးပြီး
ရင်ထဲမှာ အေးကနဲ၊ နွေးကနဲ ဖြစ်ရတာပေါ့ရှင်…။
*** ဘန်ကောက်ပြည်နယ်ရောက် ကျမဟာ
မဲဆောက်မှာကျန်နေခဲ့တဲ့ ကိုကို့ကို
ဘာလိုလိုနဲ့ ခွဲခွာခြင်း ၃-နှစ်ကျော်လာပြီမို့
လွမ်းလို့မဆုံး၊ ချစ်လို့မဆုံး ကြောင်းသက်သေအဖြစ်
ကျမကိုယ်တိုင် ထုတ်လုပ်တဲ့ ဟောဒီအင်္ကျီဟာ
ချစ်သက်လက်ဆောင်ပါဆိုတာကို
ကိုကို သိရင် ဘယ်လောက်ထိ ကြည်နူးမယ်ဆိုတာ
စက်ချုပ်ရင်း ပျော်မြူးရတယ်ရှင်…။
ခံစားတင်ပြသူ- လှယမင်း (ဘန်ဖွန်းခရိုင်၊ ဘန်ကောက်ပြည်နယ်ရောက် ရွှေ့ပြောင်းတစ်ဦး)
*** အိတ်ကပ် နှစ်ဖက်ပါတဲ့ အင်္ကျီကိုမှ

No comments:
Post a Comment