ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, November 30, 2009

30 Nov, 2009// နိုဝင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

> *** A(H1N1)ရောဂါဖြင့်သေဆုံးသူ ကမ္ဘာတ၀န်း၌ (၇၈၂၆)ဦးရှိလာပြီ…***
(ဂျီနီဗာ၊ နိုဝင်ဘာလ ၂၈-ရက်)
၂၀၀၉-ခုနှစ် ဧပြီလမှ စတင်ဖြစ်ပွားခဲ့သည့် A(H1N1) ရောဂါကြောင့် ကမ္ဘာတစ်ဝန်း၌ သေဆုံးသူဦးရေ (၇၈၂၆) ဦးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ နိုဝင်ဘာလ ၂၇-ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ A(H1N1) ရောဂါဖြင့် သေဆုံးသူဦးရေမှာ အမေရိကန်နိုင်ငံများတွင် (၅၃၆၀) ဦး၊ အရှေ့တောင်အာရှနိုင်ငံများ၌ (၇၃၈)ဦး၊ ဥရောပနိုင်ငံများမှာ (၆၅၀)ဦး၊ အနောက်ပစိဖိတ်နိုင်ငံများတွင် (၆၄၄)ဦး၊ မြေထဲပင်လယ်ဒေသတွင် (၃၃၀)ဦးနှင့် အာဖရိကနိုင်ငံများတွင် (၁၀၄)ဦးစသည်ဖြင့် အသီးသီး သေ ဆုံးခဲ့ကြောင်း သိရသည်။ (အင်တာနက်)

***အမေရိကန်သမ္မတ၏ ညစာစားပွဲသို့ မဖိတ်ကြားထားသူ ၂-ဦးတက်ရောက်လာသဖြင့်ထောက် လှမ်းရေးများ စုံစမ်းစစ်ဆေးနေကြ***
(၀ါရှင်တန်၊ နိုဝင်ဘာလ ၂၇-ရက်)
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက တည်ခင်းဧည့်ခံသော အိမ်ဖြူတော်၏ ညစာစားပွဲသို့ ဖိတ်ကြားထားခြင်းမရှိသော ဧည့်သည် ၂-ဦး တက်ရောက်လာခဲ့ရာ ၄င်းတို့သည် အထပ်ထပ်ချထားသော လုံခြုံရေးကို မည်ကဲ့သို့ ဖြတ်ကျော်လာခဲ့သည်ကို လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၂၅-ရက်နေ့တွင် ပြောကြားသည်။ သမ္မတနှင့် အဆင့်မြင့်အရာရှိကြီးများ၏ လုံခြုံရေးကို တာဝန်ယူထားသော လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့သည် နိုဝင်ဘာလ ၂၄-ရက်နေ့က အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းကို ဂုဏ်ပြုဧည့်ခံသည့် ညစာစားပွဲ၌ လုံခြုံရေးကျိုးပေါက်မှုကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်လျက်ရှိသည်ဟု လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အင်ဗင်ဒိုနိုဗန်က ပြောကြားသည်။ဗာဂျီးနီးယားပြည်နယ် မြောက်ပိုင်းမှ ဇနီး မောင်နှံဖြစ်သူ တာရက်နှင့် မစ်ချယ်လီဆာလာယီတို့သည် ဖိတ်ကြားထားသည့် စာရင်းတွင် မပါဝင်သော်လည်း အိမ်ဖြူတော်ပါတီပွဲသို့ တက်ရောက်ခဲ့ကြောင်း၊ သို့သော် ညစာစားပွဲတွင် ထိုင်ခွင့်မရရှိခဲ့ကြောင်း ၀ါရှင်တန်ပို့(စ်)သတင်းစာက ကနဦးဖော်ပြသောသတင်းမှာ ရေးသားထားသည်။ (အင်တာနက်)

*** နယူးဇီလန်နိုင်ငံဘက်သို့ ရေခဲတောင်များ မျောပါမှုအား သိပ္ပံပညာရှင်များ လေ့လာစောင့်ကြည့်လျက်ရှိ***
(၀ယ်လင်တန်၊ နိုဝင်ဘာလ ၂၇-ရက်)
နယူးဇီလန်နိုင်ငံဘက်သို့ ဦးတည်ကာ ရေခဲတောင်အလုံးပေါင်း (၁၀၀)ကျော် မျောပါလာသည်ကို သိပ္ပံပညာရှင်များ လေ့လာစောင့်ကြည့်လျက်ရှိကြောင်း အင်တာနက်သတင်းမှာ ဖော်ပြသည်။ တောင်ဝန်ရိုးစွန်း `အန္တာတိက´ဒေသမှ မျောပါလာသော ဧရာမရေခဲပြင်လွှာ တစ်ခုကျိုးပြတ်ကာ နယူးဇီလန်နိုင်ငံဘက်သို့ ရေခဲတောင် အလုံးပေါင်း (၁၀၀)ကျော် ဦးတည်ရွေ့လျား လာနေကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ ယင်းသို့ မျောပါလာနေသော ရေခဲတောင် အချို့မှာ မီတာ ၂၀၀(ပေ-၆၅၀)ရှည်လျားသည်။ ရေခဲတောင်များ မျောပါလာနေသဖြင့် ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်း၌ သင်္ဘောများ ခုတ်မောင်းသွားလာရာတွင် သတိရှိကြရန် နယူးဇီလန် ရေကြောင်း အာဏာပိုင်များက နှိုးဆော်ထားသည်။ (အင်တာနက်) ***ဘာသာပြန်-တက်လူ***

*** ကိုလံဘီယာနိုင်ငံ၌ ကန်စစ်စခန်းထားရှိရေး ကိစ္စအား ဗင်နီဇွဲလားနိုင်ငံက လုံခြုံရေးကောင်စီသို့ တိုင်ကြား***
(ဂျီနီဗာ၊ နိုဝင်ဘာလ ၂၇-ရက်)
တောင်အမေရိကန်တိုက်ရှိ ကိုလံဘီယာနိုင်ငံ၌ အမေရိကန်နိုင်ငံ၏ စစ်စခန်းထားရှိရေးဆိုင်ရာ (ကိုလံဘီယာ-အမေရိကန်)သဘောတူစာချုပ်မှာ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် စဉ်းစားပေးပါရန် ဗင်နီဇွဲလားနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တိုင်ကြားလိုက်သည်။ အမေရိကန်စစ်စခန်းထားရှိရေးမှာ တောင်အမေရိကတိုက်တွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သော ပြဿနာတစ်ရပ်ပင်ဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အကြောင်းကြားပြီးနောက် ကုလသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလားနိုင်ငံ သံအမတ်ကြီး ဗယ်လာဂိုက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။ ကိုလံဘီယာနှင့် ဗင်နီဇွဲလားနိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာနေသည်မှာ ကြာပြီဖြစ်ပြီး `မူးယစ်ဆေးဝါးတိုက်ဖျက်ရေး´အတွက် ကိုလံဘီယာသို့ အမေရိကန်တပ်ဖွဲ့ဝင်များအား လက်ခံသည့် နှစ်နိုင်ငံသဘောတူစာချုပ်ကို ဇူလိုင်လက လက်မှတ်ရေးထိုးပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာခြင်းဖြစ်၏။ (အင်တာနက်)

*** AIDS ရောဂါကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးသူ ၂၅-သန်းရှိကြောင်း UN AIDS နှင့် WHO ပူးတွဲအစီရင်ခံစာက ဖော်ပြ***
(ဂျီနီဗာ၊ နိုဝင်ဘာလ ၂၇-ရက်)
ကမ္ဘာ့နေရာအနှံ့အပြားတွင် HIV/AIDS ကြောင့် သေဆုံးသူ ၂၅-သန်း ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂ HIV/AIDS အစီအစဉ် UN AIDS နှင့် ကျန်းမာရေးအဖွဲ့ (WHO)တို့၏ ပူးတွဲအစီရင်ခံစာ၌ ဖော်ပြပါရှိသည်။ မကြာမီက ထုတ်ပြန်သည့် အဆိုပါ ပူးတွဲအစီရင်ခံစာ၌ ကမ္ဘာတ၀န်းတွင် HIV ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ (၃၃ ဒဿမ ၄)သန်းခန့်ရှိသည်။ ဤရောဂါကူးစက်ပျံနှံ့ပြီးနောက်ပိုင်း သေဆုံးသူ (၂၅)သန်း အပါအ၀င် ကူးစက်ဖြစ်ပွားသူ သန်း (၆၀)နီးပါး ရှိကြောင်း ပူးတွဲအစီရင်ခံစာ၌ ဖော်ပြသည်။ (အင်တာနက်)

*** ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရန် သမ္မတ အိုဘားမား ကတိပြု***
အမေရိကန်နိုင်ငံ၏ ဖန်လုံအိမ် အာနိသင်ထုတ်လွှတ်မှုကို (၂၀၂၀)ခုနှစ် မတိုင်မီ (၁၇)ရာခိုင်နှုန်း လျှော့ချသွားရန် ရာသီဥတုဆိုင်ရာ ဒိန်းမတ်နိုင်ငံ (ကိုပေဟေဂင်ထိပ်သီးညီလာခံ)မကျင်းပမီ အမေရိကန်သမ္မတ အိုဘားမားက နည်းလမ်းရှာဖွေနေသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်များ လျှော့ချသွားရန် အိုဘားမား၏ ကတိပြုချက်သည် ဒိန်းမတ်နိုင်ငံ၊ ကိုပေဟေဂင်မြို့တော်၌ လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံမတိုင်မီပေါ်ထွက်လာခြင်းဖြစ်သည်။ (အင်တာနက်)

*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ***

*** A(H1N1)ရောဂါဖြင့်သေဆုံးသူ ကမ္ဘာတ၀န်း၌ (၇၈၂၆)ဦးရှိလာပြီ…***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)