ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 29, 2009

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

> *** ကမ္ဘာ့ချန်ပီယံတင်းနစ်ပြိုင်ပွဲတွင် ဒီပိုထရိုက ကမ္ဘာ့နံပါတ်တစ် ဖက်ဒဲယားကို အနိုင်ရ…
(လန်ဒန်၊ နိုဝင်ဘာလ ၂၇-ရက်)
အာဂျင်တီးနားနိုင်ငံသား တင်းနစ်ကစားသမား `ဒီပိုထရို´သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပလျက် ရှိ သော ကမ္ဘာ့ချန်ပီယံတင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့နံပါတ်(၁)ကစားသမားဖြစ်သူ `ရော့်ဂျာဖက်ဒဲယား´အား အနိုင်ရရှိ ကာအကြိုဗိုလ်လုပွဲသို့တက်ရောက်သွားသည်။ထိုသို့အာဂျငိတီးနားတင်းနစ်သမားကအနိုင်ရရှိလိုက်သဖြင့် ရော်ဂျာဖက်ဒဲယား၏(၅)နှစ်ဆက်တိုက်ကမ္ဘာ့ချန်ပီယံဖြစ်ရေးအိပ်မက်မှာ ပျက်ပြယ်သွားခဲ့ရသည်။
(အင်တာနက်)

*** ရီးရဲယ်မက်ဒရစ် အသင်းအတွက် စီရိုနယ်ဒို ပြန်ကစားပြီ…
(မက်ဒရစ်၊ နိုဝင်ဘာလ ၂၇-ရက်)
စပိန်လာလီဂါ ထိပ်သီးအသင်းကြီးဖြစ်သော ရီးရဲယ်မက်ဒရစ်ကလပ်အသင်းအတွက် အဓိက အားထားရသည့် တောင်ပံကစားသမားဖြစ်သူ `စီရိုနယ်လ်ဒို´သည် ဒဏ်ရာရရှိပြီးနောက် ပြီးခဲ့သည့် ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ၌ အက်ဖ်စီးဇူးရစ်အသင်းနှင့် ကစားခဲ့သော ပွဲမှာစပြီး အချိန်ပိုင်းပါဝင်ကစားလာပြီဖြစ်သည်။ တောင်ပံကစားသမား စီရိုနယ်လ်ဒိုသည် ခြေထောက်ဒဏ်ရာရရှိခဲ့သဖြင့် ပြီးခဲ့သည့် ပြိုင်ပွဲ (၉)ပွဲတွင် လွှဲချော်ခဲ့ရသည်။ ထို့အပြင် ပေါ်တူဂီနှင့် ဘော့စနီးယားတို့ ကမ္ဘာ့ဖလားရှုံးထွက် (ပြန်ကန်)ခြေစစ်ပွဲနှင့်လည်း လွဲချော်ခဲ့ရသည်။ မန်ချက်စတာယူနိုက်တက်အသင်းမှ (ပေါင်သန်း ၈၀)ပေးကာ ခေါ်ယူခဲ့ရသော စီရိုနယ်လ်ဒိုသည် ပြီးခဲ့သော စက်တင်ဘာလက ပေါ်တူဂီအသင်းအတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားပေးစဉ် `ခြေကျင်းဝတ်ဒဏ်ရာ´ရရှိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

*** မန်စီးတီးအသင်းမှ မီကာရစ်ချတ်အား စပါးက ခေါ်ယူမည်…
အင်္ဂလိပ်ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် မန်ချက်စတာစီးတီးအသင်းမှ နောက်တန်းလူ `မီကာရစ်ချက်´အား လာမည့်(၂၀၁၀)ခုနှစ် ဇန်န၀ါရီလ အပြောင်းအရွှေ့ရာသီတွင် တော့တင်ဟမ်ဟော့စပါး ကလပ်အသင်းက ခေါ်ယူရန်ကြိုးစားနေကြောင်း ၄င်းကလပ်က ပြောကြားသည်။ (အင်တာနက်)

*** ပို့စ်မောက်တိုက်စစ်မှူး ဒေးဗစ်နူးဂျင့်အား ဘန်လေအသင်းက စာချုပ်ချုပ်မည်…
ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ပို့စ်မောက်အသင်းမှ တိုက်စစ်မှူး`ဒေးဗစ်နူးဂျင့်´သည် ပို့စ်မောက်အသင်းနှင့် အငှားစာချုပ်ကုန်ဆုံးသွားပြီဖြစ်သောကြောင့် ဘန်လေကလပ်အသင်းနှင့် စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)

*** ရီးရဲယ်မက်ဒရစ် တိုက်စစ်မှူး နစ္စတယ်ရွိုင်းသည် လီဗာပူးလ် အသင်းသို့ ပြောင်းရွှေ့ကစားဘွယ်ရှိ…
စပိန်လာလီဂါထိပ်သီး အသင်းကြီးဖြစ်သော ရီးယဲလ်မက်ဒရစ်ကလပ်အသင်းမှ နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးလည်းဖြစ်သူ `နစ္စတယ်ရွိုင်း´သည် လာမည့် (၂၀၁၀)ခုနှစ် ဇန်န၀ါရီလအပြောင်းအရွေ့ရာသီတွင် ပရီးမီးယားလိဂ်အသင်းကြီးဖြစ်သော လီဗာပူးလ်ကလပ်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ဘွယ်ရှိကြောင်း ၄င်း၏ အေးဂျင့်က ပြောကြားသည်။ (အင်တာနက်)

*** ဂျပန်လက်ရွေးစင်ကွင်းလယ်လူ `ယာဆူဟီတို´အား အာရှအကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်…
ဂျပန်နိုင်ငံ ဂျေလိဂ်ပြိုင်ပွဲဝင် အသင်းကြီးဖြစ်သော ဂမ်ဘာအိုဆာကာ ကလပ်အသင်းမှ ဂျပန်လက်ရွေးစင်ကွင်းလယ်လူလည်းဖြစ်သူ `ယာဆူဟီတို´အား အာရှအကောင်းဆုံး ဘောလုံးသမားဆုကို ရွေးချယ်လိုက်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်(AFC)က ကျေညာသည်။ ၄င်းသည် ဂျပန်နိုင်ငံမှ ယင်းဆုကို ဆွတ်ခူးနိုင်ခဲ့သော ၄-ယောက်မြောက် ဘောလုံးသမားဖြစ်သည်။ (အင်တာနက်)

*** ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဂျိုဗာနိုဗစ်အား ဘာမင်ဂမ်အသင်းက ခေါ်ယူရင်ဆွေးနွေး…
ဘယ်လ်ဂျီယံနိုင်ငံ၊ စတန်းဒတ်လိဂ်ကလပ်အသင်းမှ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လည်းဖြစ်သူ `ဂျိုဗာနိုဗစ်´အား ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ဘာမင်ဂမ်ကလပ်အသင်းက ပေါင် (၃ ဒဿမ ၄-သန်း)ဖြင့် ခေါ်ယူရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ (အင်တာနက်)

*** စုစည်းဘာသာပြန်-အာကာကျော်***

*** ကမ္ဘာ့ချန်ပီယံတင်းနစ်ပြိုင်ပွဲတွင် ဒီပိုထရိုက ကမ္ဘာ့နံပါတ်တစ် ဖက်ဒဲယားကို အနိုင်ရ…

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)