ရုရှားသို့အလည်သွားစဉ် တက္ကစီတစ်စီးအား လီဗာပူးလ်အသင်းမှ ကစားသမားဖြစ်သူ ဒါ့ကောက်စီးနင်းသည်။ တက္ကစီပေါ်တွင် ပျင်းပျင်းရှိသည်နှင့် တက္ကစီဆရာက ဒါ့ကောက်အား ပြောသည်။
`ပျင်းတယ်ဗျာ… ခင်ဗျားကို ကျနော်ပဟေဠိဖွက်မယ်။ ခင်ဗျားဖြေနိုင်ရင် တက္ကစီဖိုးမပေးနဲ့…´
`ပြောလေ…´
ကျုပ်မိန်းမရဲ့ ယောင်္ကျားပဲ။ ဒါပေမယ့် ကျုပ်မဟုတ်ဘူး။ အဲဒါဘယ်သူလဲ…´
ဒါ့ကောက်စဉ်းစားသော်လည်း မဖြေနိုင်သဖြင့် တက္ကစီသမားကပြောသည်။
`ရှင်းရှင်းလေးပဲ… သူ့လင်ငယ်ပေါ့ဗျာ…´
ဒါ့ကောက် လီဗာပူးလ်သို့ ပြန်ရောက်လာသည်။ အသင်းဖော်သူငယ်ချင်းများအား ကြုံခဲ့ရသည့်ဟာသနှင့် ပတ်သက်၍ပြောသည်။
`ကျုပ်မိန်းမရဲ့ ယောင်္ကျားပဲ။ ဒါပေမယ့် ကျုပ်မဟုတ်ဘူး။ ဘယ်သူလဲ…´
ဘယ်သူမှမဖြေနိုင်။ ထို့အခါ ဒါ့ကောက်က ဆက်ပြောသည်။
` ရှင်းရှင်းလေးပဲ ရုရှားကတက္ကစီသမားမိန်းမရဲ့ လင်ငယ်ပေါ့ဗျ…´
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများထဲမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment