(ဟာဘင်၊ နိုဝင်ဘာလ ၅-ရက်)
ကမ္ဘာအနှံ့မှ စက်ရုပ်တီထွင်သူများအနေဖြင့် ၄င်းတို့၏ တီထွင်ဖန်တီးမှုများကို ထုတ်ဖော်ပြသ ယှဉ်ပြိုင်နိုင်ရန်အတွက် ပထမဆုံး အပြည်ပြည်ဆိုင်ရာ စက်ရုပ်လူသား အိုလံပစ်ပွဲတော်အား တရုတ်ပြည်ဟာဘင်မြို့၌ (၂၀၁၀)ခုနှစ် ဇွန်လတွင် ကျင်းပမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။ နိုင်ငံပေါင်း (၂၀)ရှိ တက္ကသိုလ် (၁၀၀)ကျော်မှ ၄င်းတို့တီထွင်ထားသော စက်ရုပ်လူသားများစေလွှတ်ကာ ယှဉ်ပြိုင်ကြမည်ဟု မျှော်လင့်ကြောင်း၊ အားကစားပုံစံပြိုင်ပွဲများအပြင် ဆေးကုသမှုနှင့် ပြိုင်ပွဲအမျိုးအစား
၁၆-မျိုးကို ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း ဟာဘင်နည်းပညာတက္ကသိုလ် (အိတ်ခ်ျအိုင်တီ)မှ ပါမောက္ခ-ဟောင်ယောင်ကပြောကြားသည်။ (အင်တာနက်)
*** ပထမဦးဆုံး အာကာသဟိုတယ်တည်ဆောက် အာကာသခရီးသည်များတည်းခိုနိုင်တော့မည်…
(ဘာစီလိုနာ၊ စပိန်၊ နိုဝင်ဘာလ ၅-ရက်)
စပိန်နိုင်ငံ ဘာစီလိုနာမြို့ အခြေစိုက် ဂလက်တစ်ဆုကုမ္ပဏီလီမီတက်သည် (၂၀၁၂)ခုနှစ်တွင် ပထမဦးဆုံး အာကာသဟိုတယ်၌ အာကာသခရီးသည်များအား ၀န်ဆောင်မှုပေးရန် အသင့်အနေအထားရှိလိမ့်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီလီမီတက်က ပြောကြားသည်။ ထိုဟိုတယ်၌ သုံးညတည်းထိုနေထိုင်ရန်အတွက် အခန်းခ အမေရိကန်ဒေါ်လာ (၄.၄)သန်းကုန်ကျမည်ဖြစ်၏။ ယင်းအခန်းတွင် အပူပိုင်ဒေသရှိ ကျွန်းတစ်ကျွန်း၌ ရက်သတ္တ(၈)ပတ်ကြာ လေ့ကျင့်သင်ကြားပေးဦးမည်ဖြစ်ရာ ယင်းသင်တန်းအတွက် ပေးရမည့် သင်တန်းကြေးသည်လည်း ထိုအခန်းခတွင် အပါအ၀င်ဖြစ်သည်။ ခရီးသည်များအနေဖြင့် နေထွက်ချိန်ကိုတစ်ရက်လျှင် ၁၅-ကြိမ်ကြည့်ရှုနိုင်ပြီး မိနစ်(၈၀)လျှင် တစ်ကြိမ်ကမ္ဘာကို ပတ်နိုင်သည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြသည်။ (အင်တာနက်)
*** သြစတြေးလျနိုင်ငံ ရေနံတူးစင်မှ ယိုစိမ့်၊ သန့်စင်ရန် ၇-နှစ်ကြာမြင့်နိုင်ဘွယ်ရှိ…
(ဆစ်ဒနီ၊ နိုင်ဝင်ဘာ ၅-ရက်)
အလွန်သန့်ရှင်းကြည်လင်သော သြစတြေးလျ ပင်လယ်ပြင်တွင် ယိုစိမ့်စီးဆင်းနေသော ဧရာမရေနံများ စောင့်ကြည့်ရှင်းလင်းရေးလုပ်ငန်းသည် ၇-နှစ်ကြာမြင့်လိမ့်မည်ဟု အရာရှိတစ်ဦးက နိုဝင်ဘာလ ၄-ရက်နေ့တွင် ပြောကြားသည်။ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင်များက ယင်းကိစ္စနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းစစ်ဆေးရန် တိုက်တွန်းနေချိန်၌ ယင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟုဆို၏။ အနောက်အက်တလပ်ရေနံတူးစင် စတင်ယိုစိမ့်နေချိန်မှစပြီး ရေနံများယိုစီးနေသည်မှာ ရက်သတ္တ(၁၀)ပတ်ကြာပြီဖြစ်သည်။ သြစတြေးလျနိုင်ငံ အနောက်ပိုင်း မြောက်ဘက်ကမ်းရိုးတန်းတီမေ ပင်လယ်ကမ်းလွန်ဒေသအတွင်း သို့ ရေနံစည်(၂၈၀၀၀)ထက်မနည်း စီးဆင်းသွားပြီး ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအတွက် စိုးရိမ်စိတ်များ တနေ့တခြား ဖြစ်လာရကြောင်း သိရသည်။ (အင်တာနက်)
*** စက်ရုပ်လူသား အိုလံပစ်ပွဲတော်အား တရုတ်ပြည်မှာကျင်းပမည်**

No comments:
Post a Comment