*** ငါး၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စားသုံးပေးပါလျှင် စိတ်ပိုင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုကို လျော့ကျစေနိုင်ဟုဆို…
ငါး၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို သီတင်းတစ်ပတ်လျှင် အနည်းဆုံး ၅-ကြိမ်ခန့် စားသုံးပေးပါက စိတ် ပိုင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုများကို လျော့ကျစေနိုင်ကြောင်း ဗြိတိသျှ ဆေးသိပ္ပံပညာရှင်များက ပြောကြား သည်။
အသားစားသူများနှင့် ငါး၊ ဟင်းသီးဟင်းရွက်အပြင် သစ်သီးများစားသုံးလေ့ရှိသူ (၃၅၀၀)အား ၅-နှစ်ကြာ နှိုင်းယှဉ်သုတေသနပြုကြည့်ရာ ငါး၊ ဟင်းသီးဟင်းရွက်အပြင် သစ်သီးစားသုံးသူများတွင် စိတ်ကျရောဂါနှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါများဖြစ်ပွားမှု မရှိကြောင်း တွေ့ရှိရသည်ဆို၏။ ငါးနှင့် ဟင်းသီးဟင်းရွက်များအပြင် သစ်သီးများ၌ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွမှုဖြစ်ပေါ်စေသော ဓာတ်များပါရှိကြောင်း၊ သို့ဖြစ်၍ စိတ်ကျရောဂါဖြစ်ပွားမှုကို ၂၆-ရာခိုင်နှုန်းလျော့က်ျစေနိုင်ကြောင်း ၄င်းတို့က ပြောကြားသည်။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ရောဂါများဖြစ်ပွားမှု လျော့ကျစေရန် ငါး၊ သစ်သီးများကို များများစားသုံးပေးသင့်ကြောင်း ဗြိတိသျှဆေးသိပ္ပံပညာရှင်များက အကြံပြုထားသည်။ (အင်တာနက်)
(Public Health)

No comments:
Post a Comment