အမေရိကန်ပြည်ထောင်စု၏ မောင်းသူမဲ့လေယာဉ်တစ်စင်း ပါကစ္စတန်နိုင်ငံ တောင်ပါဇီစစ္စတန် လူမျိုးစုများ နေထိုင်ရာသို့ နိုဝင်ဘာလ ၄-ရက်နေ့ညက တိုက်ခိုက်ရာ လေးဦးထက်မနည်း သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရရှိသွားကြောင်း ပါကစ္စတန် ရုပ်မြင်သံကြားလိုင်းက နိုဝင်ဘာလ ၅-ရက်နေ့၌ ထုတ်လွှင့်ကြေညာသည်။ သေဆုံး ဒဏ်ရာရရှိသူများ၏ အမည်ကို အတိအကျမသိရသေးသော်လည်း ဒဏ်ရာရရှိသူများက ဆေးဝါးကုသရန် ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ကြေညာချက်တွင်
ဖော်ပြထားသည်။ အဆိုပါဒေသတွင် မောင်းသူမဲ့လေယာဉ်ပျံသန်းမှုများရှိနေဆဲဖြစ်ပြီး ဒေသခံပြည်သူများ ထိတ်လန့်တကြား ဖြစ်နေကြဆဲရှိကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။ (အင်တာနက်)
*** ယိုကိုဟားမားမြို့၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား…
ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့တွင် နိုဝင်ဘာလ ၆-ရက်နေ့က သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်နိုင်ငံတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။(အင်တာနက်)
*** ပါကစ္စတန်တောင်ပိုင်း၌ ဓာတုစက်ရုံ မီးလောင်…
ပါကစ္စတန်နိုင်ငံ တောင်ပိုင်း လန်ဒီစက်မှုဇုန်တွင် နိုဝင်ဘာလ ၆-ရက်နေ့က ဓာတုပစ္စည်းထုတ်လုပ်သည့် စက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွားရာ မီးသတ်တပ်ဖွဲ့ဝင်များ အရေးပေါ် မီးငြိမ်းသတ်ခဲ့ရကြောင်း စက်ရုံအစိတ်အပိုင်းအများအပြား ပျက်စီးခဲ့ကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
*** တောင်ကိုရီးယား၌ A(H1N1) ဖြင့် သေဆုံးသူ ၄-ဦးရှိ…
တောင်ကိုရီးယားနိုင်ငံ ချောင်ခွန်ပြည်နယ်တွင် နိုဝင်ဘာလ ၆-ရက်နေ့က နှစ်နှစ်သား အရွယ်ကလေးငယ်တစ်ဦး A(H1N1) ရောဂါဖြင့် သေဆုံးခဲ့ရာ တောင်ကိုရီးယားနိုင်ငံ၌ ယင်းရောဂါဖြင့် သေဆုံးသူစုစုပေါင်း ၄၈-ဦး ရှိလာခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ဂရိကုန်တင်သင်္ဘောအား ဆိုမာလီပင်လယ်ဓားပြများ အပိုင်စီး…
မြေထဲပင်လယ်မှ ကင်ညာနိုင်ငံ စွမ်ဘာဆာမြို့သို့ နိုဝင်ဘာလ ၆-ရက်နေ့က မောင်းနှင်လာသော ဂရိကုန်တင်သင်္ဘောတစ်စင်းအား ပင်လယ်ဓားပြများ အပိုင်စီးသွားခဲ့ကြောင်း ဂရိနိုင်ငံအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာဈေးကွက်၌ ရွှေဈေးအနည်းငယ်ပြန်မြင့်တက်…
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းမှာ အနည်းငယ် ပြန်လည်မြင့်တက်လျက်ရှိရာ တရုတ်ဈေးကွက်၌ နိုဝင်ဘာလ ၆-ရက်နေ့ ဈေးပိတ်ချိန်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၀၉၂.၇၀-ဒေါ်လာအထိ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
*** ၂၀၁၀-ခုနှစ်၌ တောင်ကိုရီးယားက ဂြိုလ်တုလွှတ်တင်မည်…
တောင်ကိုရီးယားနိုင်ငံက လာမည့် ၂၀၁၀-ခုနှစ် မတ်လတွင် ပင်လယ်သမုဒ္ဒရာတို့၏ ရေမျက်နှာပြင်အနေအထားကို စောင့်ကြည့်လေ့လာမည့် ဆက်သွယ်ရေးဂြိုလ်တုတစ်လုံးကို လွှတ်တင်မည်ဖြစ်ကြောင်း ယင်းဂြိုလ်တုကို ကမ္ဘာမြေမှ ကီလိုမီတာ ၃၆၀၀၀-အကွာ အာကာသအတွင်း လွှတ်တင်ထားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ပညာရေးသိပ္ပံနှင့် နည်းပညာဆိုင်ရာဝန်ကြီးဌာနက နိုဝင်ဘာလ ၆-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** မောင်းသူမဲ့လေယာဉ်တိုက်ခိုက် လေးဦး သေဆုံး၊ လေးဦးဒဏ်ရာရ…

No comments:
Post a Comment