လန်ဒန်မြို့လယ်ခေါင်ရှိ နိုက်ကလပ်အတွင်း၌ ၄င်းအားတစ်ယောက်ယောက်က ခါးပိုက်နှိုက်လိုက်သည်ကို အာဆင်နယ်အသင်းမှ ကစားသမားဖြစ်သူ ဗန်ပါစီသိလိုက်သည်။ သိသိချင်းနောက်သို့လှည့်၍ အဆိုပါပုဂ္ဂိုလ်အား ဒေါသတကြီးမေးသည်။
`ဟေ့ကောင်… မင်းလက်က ငါ့ဘောင်းဘီအိတ်ထဲ ဘာလုပ်နေတာလဲ…´
ဟို… ဟို… မီးခြစ်ရှာနေတာပါ…´
`ဒါဆိုလည်း တောင်းပေါ့ကွ… တောင်းရင်ပေးမှာပေါ့…´
`ဟို… ဟို… တောင်းရမှာ ရှက်လို့ပါ…´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများထဲမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment