ဆော်ဒါပါဝင်သော အချိုရည်များကို သောက်သုံးခြင်းဖြင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားနိုင်ဟုဆို…
ဆော်ပါဝင်သော အချိုရည်ပုလင်းများနှင့် ဘူးများကို သောက်သုံးမှုများပါက ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင် ကြောင်း အမေရိကန် ဆေးသိပ္ပံပညာရှင်များ၏ သုတေသနပြုချက်၌ ဖော်ပြထားသည်။ တစ်နေ့လျှင် နှစ်ကြိမ် ခန့်ဆောင်ဒါပါဝင်သော အချိုရည်များကို သောက်သုံးလေ့ရှိပါက ကျောက်ကပ်၏ ပုံမှန်လုပ်ငန်းကို ထိခိုက်စေ သည့်အပြင် ကျောက်ကပ်တွင် ရှိသည့် အလွန်သေးငယ်သော

သွေးကြောငယ်လေးများ ပျက်စီးစေကြောင်း ၄င်းတို့၏ သုတေသနပြုချက်၌ ဖော်ပြထားသည်။ သို့သော် အမျိုးသမီးများ၌မူ ဆော်ဒါပါဝင်သော အချိုရည်ကို တစ်နေ့တစ်ကြိမ်ခန့် သောက်သုံးပါက ကျောက်ကပ်ထိခိုက်ပျက်စီးမှုမှာ အမျိုးသားများထက် လျော့နည်းမှုတွေ့ရကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ ထို့ကြောင့် ဆော်ပါဝင်သော အချိုရည်များကို ချင့်ချိန်သောက်သုံးသင့်ကြောင်း အမေရိကန် ဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။ (အင်တာနက်)
*** (Public Health)***

No comments:
Post a Comment