*** အိပ်ပျော်ချိန်သွားကြိတ်မှုအား ပျောက်ကင်းအောင်ကုသသင့်***
ညအိပ်သောအခါ `သွားကြိတ်ခြင်း´ကို လျှပ်စစ်တို့ ကုသခြင်းဖြင့် ပျောက်ကင်းနိုင်ပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ကြောင်း တွေ့ရသည်ဟု ဆိုသည်။ အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်း၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ကျခြင်းကြောင့်လည်း အိပ်စက်စဉ် သွားကြိတ်တတ်သည်။ သွားကြိတ်ခြင်းကို မကုသပါက သွားများပါးကုန်ခြင်း၊ သွားပျက်စီခြင်း၊ မေးကြောများနာကျဉ်ခြင်း၊ ခေါင်းကိုက်ခေါင်းခဲဖြစ်ခြင်းနှင့်
အိပ်ရေးပျက်ခြင်းများ ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် ပျောက်ကင်းအောင်ကုသသင့်သည်ဟု ဆိုသည်။ `လျှပ်စစ်တို့´ကုသရေးကရိယာသုံးခြင်းဖြင့် ၂-လအတွင်းတွင် ညအခါသွားကြိတ်မှု (၈၀)ရာခိုင်နှုန်း လျော့ပါးသွားနိုင်ကြောင်း တွေ့ရသည်ဟုဆိုသည်။ (အင်တာနက်)
+++(Public Health)++

1 comment:
အဲဒီ လျှပ်စစ်တို့  စက် ဘယ်မှာဝယ်လို့ ရလဲ လမ်းညွှန် ပေးပါ ကျေးဇူးအထူးတင်ပါတယ်
Post a Comment