အိမ်ထောင်သက် (၁၅)နှစ်ရှိပြီဖြစ်သော အမျိုးသားတစ်ဦးသည် မျက်စိရောဂါကြောင့် ခွဲစိတ်ကုသမှု ခံယူပြီးနောက် ဇနီးဖြစ်သူအား ၀မ်းသာအားရ ပြောကြားလေသည်။
(ခင်ပွန်း) မျက်စိခွဲစိတ်ကုသတဲ့ ဆရာဝန်က တော်လိုက်တာကွာ…
(ဇနီး) ပါရဂူတွေပဲလေ…
(ခင်ပွန်း) ခွဲစိတ်တဲ့ အချိန်မှာ လုံးဝနာကျင်မှုမရှိဘူး…
(ဇနီး) ဒါကောင်းတာပေါ့….
(ခင်ပွန်း) မျက်စိခွဲစိတ်တဲ့ အချိန်လည်း ၁၀-မိနစ်လောက်ပဲ…
(ဇနီး) မြန်လိုက်တာနော်…
(ခင်ပွန်း) ခွဲစိတ်ကုသပြီးတော့လည်း လုံးဝနာကျင်မှု မခံစားရဘူး….
(ဇနီး) ဟုတ်လား…
(ခင်ပွန်း) ဆရာဝန်တွေကို သိပ်ကျေးဇူးတင်ဖို့ကောင်းတယ်….
(ဇနီး) ဒါပေါ့… ဒါထက် မျက်စိအမြင်ကကော ဘယ်လိုလဲ…
(ခင်ပွန်း) မင်းကလွဲပြီး အားလုံး အကုန်မြင်ရတယ်ကွ…
(ဇနီး) ဘာ……
မှတ်ချက်။ ။ ဘ၀အမောပြေက- တင်ပြသည်။
***(ဟာဒယနှလုံး- တခဏပြုံး)***

No comments:
Post a Comment