တစ်နေ့သော် လီဗာပူးလ်အသင်းမှ ကပ္ပတိန် ဖြစ်သူ စတီဗင်ဂျာရတ် လေ့ကျင့်ရေးကွင်းမှ မျက်နှာစူပုတ်ပြီးမှ ပြန်လာသဖြင့် ဇနီးဖြစ်သူအဲလက်စ်ကာရင်က စိုးရိမ်တကြီး မေးမြန်းသည်။
`ရှင်ဘာဖြစ်လာတာလဲ`
`ဗေဒင်ဆရာကြောင့်ပါကွာ… မပြောချင်ပါဘူး´
`ပြောပြပါရှင်´
`ငါဟာ ကမ္ဘာကျော် ဘောလုံးမင်းသားတဲ့´
`မှန်တာပဲလေ´
`ပြီးတော့… မင်းကလည်း ရုပ်ချောတယ်တဲ့´
`အင်း… ဒါလဲမှန်တာပေါ့ရှင်´
`နောက်ပြီး ငါ့ရဲ့ အင်္ဂလန်အသင်းကစားဖော်နဲ့ ချဲလ်ဆီးအသင်းက လမ်းပတ်က မိန်းမတစ်ယောက်ကိုတောင် မပြုစုနိုင်တဲ့သူ၊ ယောင်္ကျားမပီသတဲ့သူတဲ့´
`ဟင်း… ဒါကတော့ ရှင့်ဗေဒင်ဆရာလုံးဝကို မှားသွားပြီ…´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ… (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment