စတိုးဆိုင်တစ်ဆိုင်မှာ အကြီးအကျယ် လျှော့ဈေးနဲ့ ရောင်းမယ်လို့ သတင်းစာထဲမှာ ပါပါတယ်။ နံနက် ၈-နာရီ ခွဲမှာ စရောင်းမယ်၊ စာကပ်တာက ညဆိုတော့ နောက်တစ်နေ့ နံနက်မှာ ၈-နာရီခွဲမတိုင်ခင်ကတည်းက ဆိုင်ရှေ့ မှာ တန်းစီနေကြတဲ့ သူတွေအများကြီး ဖြစ်နေတယ်။
အဲဒီအချိန်မှာ လူတစ်ယောက်က သုတ်သီးသုတ်ပျာရောက်လာပြီး လူတွေကြားထဲတိုးဝင်ကျော်တက်ဖို့ ကြိုးစားတယ်။ လူတွေကကြားဖြတ် မခံနိုင်တော့ အဲဒီသူကို တစ်ယောက်စီက အနောက်ဘက်ကို တွန်းတိုက်လွှတ် ပစ်လိုက်တယ်။ အဲဒီသူက နောက်တစ်ကြိမ် ထပ်ကြိုးစားတယ်။ ဒီတစ်ခါလည်း ပထမတစ်ခါလိုပဲ လူတွေက အကျော်မခံဘဲ အနောက်ကို ပြန်တွန်းပစ်လိုက်ကြတယ်။ အဲသလိုနဲ့ သူက သုံး-လေး ကြိမ်ကြိုးစားတယ်။ မအောင်မြင်ဘူး။ သူစိတ်တိုလာတယ်။ အဲဒါကြောင့် အားလုံးကြားအောင် အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။
`ခင်ဗျားတို့ ကျုပ်ကို ဒီတစ်ခါထပ်ပြီးတွန်းထုတ်ပစ်ရင်တော့ စတိုးဆိုင်တံခါးကို ကျုပ်ဖွင့်မပေးတော့ဘူး´
မှတ်ချက်။ ။ ရန်ကုန်တိုင်း(မ်)အတွဲ ၅- အမှတ် ၄၄ နိုဝင်ဘာလမှ ကူးယူဖော်ပြပါသည်။
(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)

No comments:
Post a Comment