ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 15, 2009

နိုဝင်ဘာလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

> *** အေကေ ၄၇-ရိုင်ဖယ်သေနတ်တီထွင်သူက ကဗျာဆရာဖြစ်ရန် ဆန္ဒရှိခဲ့…
(မော်စကို၊ နိုဝင်ဘာလ ၁၂-ရက်)
ကမ္ဘာကျော် `အေကေ ၄၇-ရိုင်ဖယ်သေနတ်´ကို တီထွင်ခဲ့သော ရုရှားစစ်တပ်မှ `မီခေးလ်ကလပ်ရှ်နီကော့ဗ်´ သည် နိုဝင်ဘာလ ၁၀-ရက်နေ့တွင် အသက် (၉၀)နှစ်ပြည့်သွားပြီဖြစ်သဖြင့် ကရင်မလင်နန်းတော်၌ သူ၏ မွေး နေ့ပွဲအခမ်းအနားကျင်းပခဲ့ကြသည်။ ရုရှားသမ္မတ-ဒီမီထရီမက်ဒီဗက်စ်က ထိုအခမ်းအနားတွင် မီခေးလ်က လပ်ရှ်နီကော့ဗ်အား `ရုရှားနိုင်ငံဂုဏ်ဆောင် သူရဲကောင်းတံဆိပ်´ချီးမြှင့်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီတို့လက်ချက်ဖြင့် ဒဏ်ရာရရှိပြီးနောက် သူက (၁၉၄၇)ခုနှစ်တွင် `အော်တိုမက်တစ်ကလပ်ရှ်နီကော့ဗ်´(ခေါ်) `အေကေ ၄၇´ရိုင်ဖယ်ဒီဇိုင်းကို တီထွင်ခဲ့သည်။ ယခုအခါ အဆိုပါလက်နက်သန်း (၁၀၀)ကျော်ကို ကမ္ဘာအနှံ့အပြား၌ သုံးစွဲနေကြသည်။ တကယ်ဆိုပါလျှင် မီခေးလ်ကလပ်ရှ်နီကော့ဗ်သည် ငယ်စဉ်က `ကဗျာဆရာ´ဖြစ်ရန် ဆန္ဒရှိခဲ့သူဖြစ်ကြောင်း သိရသည်။ (အင်တာနက်)

*** အာဖရိကတိုက်မှ ပြည်သူသန်း (၂၀)ကျော်အတွက် အရေးပေါ်ရိက္ခာ အကူအညီများလိုအပ်နေပြီ…
(ရောမ၊ နိုဝင်ဘာလ ၁၂-ရက်)
ကင်ညာ၊ အီသီယိုပီးယား၊ ဆိုမာလီယာ၊ ယူဂန္ဓာ၊ ဆူဒန်အစရှိသည့် အာဖရိကတိုက်အရှေ့ပိုင်းနိုင်ငံများတွင် မိုးခေါင်မှုနှင့် စစ်မက်ဖြစ်ပွားမှုတို့ကြောင့် ပြည်သူသန်း (၂၀)ကျော်တို့အတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) နိုဝင်ဘာလ ၁၁-ရက်နေ့က ကျေညာသည်။ အာဖရိကတိုက် အရှေ့ပိုင်းဒေသရှိ နိုင်ငံအများအပြားတွင် မိုးခေါင်ရေရှားသဖြင့် သီးနှံအထွက်နှုန်းများ ကျဆင်းကာ ကျွဲ၊ နွားစားကျက်များ ခြောက်သွေ့မှု၊ စစ်မက်ဖြစ်ပွားမှု အရှိန်တိုးလာခြင်း၊ ကုန်သွယ်မှုဖရိုဖရဲ ဖြစ်ခြင်းနှင့် စားသောက်ကုန်ဈေးနှုန်းများမြင့်မားလာခြင်းတို့ကြောင့် ပြည်သူတို့၏ စားသောက်ရေး အခြေအနေများ စိုးရိမ်းဖွယ်ရာ ဖြစ်လာရသည်ဟု FAO ၏ ကျေညာချက်၌ ဖော်ပြထား၏။ (ရိုက်တာ)

*** လက်နက်များ သယ်ဆောင်လာသော ကုန်သင်္ဘောအား ဆိုမာလီပင်လယ် ဓားပြများက ပြန်ပြေးဆွဲ…
(အဘူဂျာဘီ၊ နိုဝင်ဘာလ ၁၂-ရက်)
လက်နက်များသယ်ဆောင်လာသော အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)နိုင်ငံ အလံတင်ထားသော ကုန်သင်္ဘောတစ်စင်းကို ဆိုမာလီပင်လယ်ဓားပြများက ပြန်ပြေးဆွဲလိုက်ကြောင်း ဒေသဆိုင်ရာ ပင်လယ်ရေကြောင်းဆိုင်ရာ အရာရှိများက ပြောကြားသည်။ အဆိုပါ သင်္ဘောသည် (၁၆)နှစ်ကြာ ကုလသမဂ္ဂ လက်နက်ပိတ်ပင်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး မင်းမဲ့စရိုက်ဆန်သော အာဖရိကဦးချို(အရှေ့ပိုင်း)နိုင်ငံဖြစ်သော ဆိုမာလီနိုင်ငံသို့ ဦးတည်ခုတ်မောင်းနေခြင်းဖြစ်ကြောင်း အရှေ့အာဖရိက သင်္ဘောသားများ အထောက်အကူပေးရေးအစီအစဉ် အကြီးအကဲ အင်ဒရူး မွန်ဂူရာက ပြောကြားသည်။ အဆိုပါ ကုန်သင်္ဘောသည် ဆိုမာလီနိုင်ငံသို့ လက်နက်များပုံမှန်သယ်ဆောင်နေကျဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ လက်နက်ပိတ်ပင်မှုကို ဆန့်ကျင်ခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။ (အင်တာနက်)

*** သဘာဝဘေးအန္တရာယ် လျော့ကျရေးညီလာခံ နီပေါနိုင်ငံမှာ ကျင်းပ…
`သဘာဝဘေးအန္တရာယ်များလျော့ကျရေးဆိုင်ရာ ညီလာခံ´တရပ်ကို နိုင်ငံတကာ ပုံစံဖြင့် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့၌ နိုဝင်ဘာလ (၁၂-၁၃)ရက်များတွင် ကျင်းပလျက်ရှိကြောင်း နီပေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ (အင်တာနက်)

*** ပါကစ္စတန်နိုင်ငံတွင် အီရန်သံတမန်တစ်ဦးပစ်သတ်ခံရ…
ပါကစ္စတန်နိုင်ငံ ပီရှာဝါမြို့အနောက်မြောက်ပိုင်းတွင် နိုဝင်ဘာလ ၁၂-ရက်နေ့က အီရန်နိုင်ငံမှ သံတမန်တစ်ဦးအား သေနတ်သမားများက ပစ်သတ်ခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)

***စုစည်းဘာသာပြန်- မောင်ချစ်ကြည်***

*** အေကေ ၄၇-ရိုင်ဖယ်သေနတ်တီထွင်သူက ကဗျာဆရာဖြစ်ရန် ဆန္ဒရှိခဲ့…

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)