ငါမကြိုက်သူက ပါးပြင်
ငါလိုရာ ငါသဘော ငါကော ကောတဲ့
အိုဘယ့်အာဏာရှင်…။
*** ချစ်လျှင် အကျိုးရ မုန်းလျှင် အပြစ်မြင်
မြတ်နိုးလေတော့ သဒ္ဓါဖြူ
မကြည်ဖြူသူကို အပုတ်ချ
ဒုက္ခပေးတတ်တဲ့ အာဏာရှင်…။
*** ကောင်းသတင်းဟစ်ကြွေး ပြည်တွင်းရေးကို
လေလှိုင်းသံစဉ် လွှင့်ထုတ်နေလည်း
ဒုက္ခရောက်သူ ဒို့ပြည်သူများ
သောက မျက်ရည် မိုးသို့ဆွေပေါ့…။
*** ရေခြား မြေခြား ဒို့လုပ်အားနဲ့
ဝမ်းစာအတွက် ရှာဖွေထွက်လည်း
နောက်ယောင်ခံလိုက် လူတသိုက်က
ဗီဇာလုပ်ရန် ပွဲစားခံသတဲ့…။
*** ရွာမပြန်လည်း အမေ့ထံသို့
ကလိမ် ကကျစ် စာဖြင့်ရေး၍
အိမ်တိုင်ယာရောက် အမေအိုကိုဟောက်လို့
နေပြည်တော်က လွတ်လိုက်တာတဲ့…။
*** လိမ်တယ် ညာတယ် ခွေတယ် ခေါက်တယ်
လှည့်တယ် ပတ်တယ် ပြည်သူကို
ဂိုးသွင်းပါတဲ့ ကြံ့ဖွတ်လုပ်ဇာတ်….။
***ခံစားတင်ပြသူ- ယမကာလုလင် (ယာတောမြေ)မဲဆောက်***
*** ကြိုက်သူကို မယားတင်
ငါမကြိုက်သူက ပါးပြင်
ငါလိုရာ ငါသဘော ငါကော ကောတဲ့
အိုဘယ့်အာဏာရှင်…။
*** ချစ်လျှင် အကျိုးရ မုန်းလျှင် အပြစ်မြင်
မြတ်နိုးလေတော့ သဒ္ဓါဖြူ
မကြည်ဖြူသူကို အပုတ်ချ
ဒုက္ခပေးတတ်တဲ့ အာဏာရှင်…။
*** ကောင်းသတင်းဟစ်ကြွေး ပြည်တွင်းရေးကို
လေလှိုင်းသံစဉ် လွှင့်ထုတ်နေလည်း
ဒုက္ခရောက်သူ ဒို့ပြည်သူများ
သောက မျက်ရည် မိုးသို့ဆွေပေါ့…။
*** ရေခြား မြေခြား ဒို့လုပ်အားနဲ့
ဝမ်းစာအတွက် ရှာဖွေထွက်လည်း
နောက်ယောင်ခံလိုက် လူတသိုက်က
ဗီဇာလုပ်ရန် ပွဲစားခံသတဲ့…။
*** ရွာမပြန်လည်း အမေ့ထံသို့
ကလိမ် ကကျစ် စာဖြင့်ရေး၍
အိမ်တိုင်ယာရောက် အမေအိုကိုဟောက်လို့
နေပြည်တော်က လွတ်လိုက်တာတဲ့…။
*** လိမ်တယ် ညာတယ် ခွေတယ် ခေါက်တယ်
လှည့်တယ် ပတ်တယ် ပြည်သူကို
ဂိုးသွင်းပါတဲ့ ကြံ့ဖွတ်လုပ်ဇာတ်….။
***ခံစားတင်ပြသူ- ယမကာလုလင် (ယာတောမြေ)မဲဆောက်***


No comments:
Post a Comment