(၀ါရှင်တန်၊ နိုဝင်ဘာလ ၁၉-ရက်)
အမေရိကန် (၆)ဦးလျှင် ၁-ဦးသည် စားနပ်ရိက္ခာ ရှားပါးမှုကြုံတွေ့နေရကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေး ဆုတ်ယုတ်ကျဆင်းနေထိုက် ယင်းကဲ့သို့ ပူဆွေးသောကရောက်လောက်အောင် ရိက္ခာရှားပါးနေကြ ခြင်းဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုအစိုးရ၏ အစီရင်ခံစာတစ်စောင်၌ ဖော်ပြသည်ဟု ဆင်ဟွာသတင်း တစ်ပုဒ်တွင် နိုဝင်ဘာလ ၁၇-ရက်နေ့က ပါရှိသည်။ အမေရိကန်လူဦးရေ၏ ၁၄.၆-ရာခိုင်နှုန်းဖြစ်သော ပြည်သူ သန်း (၅၀)ခန့်သည်
အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၇-ခုနှစ် စီးပွားရေးအကျပ်အတည်းကြုံတွေ့ရမှုကြောင့် စားနပ်ရိက္ခာဖူလုံမှုအဆင့်အတန်းပိုမို နိမ့်ကျလာသဖြင့် စားနပ်ရိက္ခာအတွက် ကိုယ့်အားကိုယ်ကိုးကာ ရုန်းကန်လာရကြောင်းကို မကြာမီက ကျင်းပသောအမေရိကန် စိုက်ပျိုးရေးဌာန (USDA)၏ တွေ့ရှိချက်များ၊ သုတေသနလေ့လာချက်များဖော်ပြထားသည်။ (ဆင်ဟွာ)
*** ဆိုမာလီပင်လယ်ဓားပြ ပြဿနာအား စုပေါင်းအဖြေရှာကြရန် တရုတ်ပြည်ကဆော်သြ…
ဆိုမာလီနိုင်ငံတွင်ဖြစ်ပွားနေသော ပင်လယ်ဓားပြများ၏ အန္တရာယ်ကို တညီတညွတ်တည်း ဖြေရှင်းသွားနိုင်အောင် ဆောင်ရွက်သွားကြရန် တရုတ်ပြည်က နိုင်ငံတကာမိသားစုများသို့ နိုဝင်ဘာလ ၁၈-ရက်နေ့တွင် တိုက်တွန်းဆော်သြလိုက်သည်။ ဆိုမာလီပင်လယ်ဓားပြများ၏ အန္တရာယ်ကို စုပေါင်းဖြေရှင်းရာတွင် ထိရောက်သော နည်းဖြင့်တိုက်ခိုက်ချေမှုန်းသွားရန် လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာတရုတ်ပြည် အမြဲတမ်းကိုယ်စားလှယ်-လီယူရှင်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ ပြောကြားသည်။ (အင်တာနက်)
*** စားနပ်ရိက္ခာ ဖူလုံရေး ထိပ်သီးအစည်းအဝေးအား အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပ…
(ရောမ၊ နိုဝင်ဘာလ ၁၉-ရက်)
ကုလသမဂ္ဂစားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးကို အီတလီနိုင်ငံ ရောမမြို့၌ ကုလသမဂ္ဂအတွင်းရေးမှူး-ဘန်ကီမွန်းက နိုဝင်ဘာလ ၁၆-ရက်နေ့တွင် ဖွင့်လှစ်ပေးလိုက်သည်။ ကမ္ဘာပေါ်ရှိ ငတ်မွတ်ခေါင်းပါးနေသူ ပြည်သူများ၏ အခြေအနေကို ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများမှ ခေါင်းဆောင်များက အလေးဂရုမပြုဘဲ ပေါ့ပေါ့တန်တန် သဘောထားနေချိန်တွင် ယင်းထိပ်သီးအစည်းအဝေးကို ကျင်းပခြင်းဖြစ်သည်။ ကမ္ဘာအနှံ့ရှိ ပြည်သူတို့၏ လိုလားချက်ကို တကယ်တမ်းဖြည့်ဆည်းပေးနိုင်ရန် မိမိတို့ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် အီတလီနိုင်ငံ၊ ရောမမြို့ရှိ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)ဌာနချုပ်တွင် ကျင်းပသော ရိက္ခာဖူလုံရေးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံ အကြီးအကဲ (၆၀)ခန့်ကို ဘန်ကီမွန်းကပြောကြားသည်။ (အင်တာနက်)
*** `အတ္တလန္တစ်´လွန်းပြန်ယာဉ် အာကာသစခန်းသို့ရောက်ရှိ…
အမေရိကန်အာကာသလွန်းပြန်ယာဉ် ´အတ္တလန္တစ်´သည် ၂-ရက်နီးပါးကြာ ခရီးထွက်ခဲ့ပြီးနောက် နိုင်ငံတကာ အာကာသစခန်းသို့ နိုဝင်ဘာလ ၁၈-ရက်နေ့က ဆိုက်ရောက်ကြောင်း သတင်းရရှိသည်။ အဆိုပါအာကာသလွန်းပြန်ယာဉ်သည် အာကာသစန်းသို့ ဂရင်းနစ်စံတော်ချိန် (၁၆း၂၁)တွင် ဆိုက်ကပ်ခဲ့ကြောင်း၊ ထိုအာကာသလွန်းပြန်ယာဉ်သည် သြစတြေးလျနှင့် တာ့စ်မေးနီးယားနိုင်ငံအကြား ကမ္ဘာမြေပြင်မှနေ၍ မိုင် (၂၂၀)ခရီးကို ပျံသန်းခဲ့ကြခြင်းဖြစ်ကြောင်း အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့(နာဆာ)က ပြောကြားသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***
*** အမေရိကန်ပြည်သူ သန်း (၅၀)ခန့်သည် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ကြုံတွေ့နေရ…

No comments:
Post a Comment