ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 18, 2009

နှစ်လဆိုသော ဝေါဟာရ…

> ***(ဟာသပုံပြင်များ)**
အမရပူရ နေပြည်တော်ကြိးမှာ စာရေးတော်ကြီးတစ်ယောက် ရှိခဲ့ဖူးလေသည်။ တစ်နေ့သောအခါမှာ မုဆိုးမ မုန့်သည်မတစ်ယောက်သည် စာရေးတော်ကြီးအိမ်သို့ ရောက်ရှိလာခဲ့သည်။ သူနှင့်အတူ ပါလာသော သားကလေးကို အပ်နှံသည်။ ခိုင်းစရာများ ခိုင်းစေပြီး သွန်သင်ဆုံးမပေးပါရန် တောင်းပန်ပြီးနောက် ထားပစ်ခဲ့လေ၏။
စာရေးတော်ကြီး၏ `မင်း ငါ့ဆီမှာ ဘယ်နှစ်လနေမတုန်း´ အမေးကို
`နှစ်လ နေပါမည်ခင်ဗျား´ဟု သူငယ်က ဖြေပေ၏။
နောက်တစ်နေ့တွင် စာရေးကြီး ရုံးတက်သည်။ သူငယ်က ကွမ်းအစ်ကို ပိုက်ပြီး မြင်းမြီးဆွဲလျက် လိုက်ရသည်။ စာရေးကြီးက မြင်းကို

မှန်မှန်နှင်လာသည်။ သို့သော် ရုံးသို့ရောက်သောအခါ သူငယ်ပါမလာချေ။ စာရေးကြီး စိတ်ဆိုးဆိုးနှင့် မျှော်ကြည့်နေရာ အတန်ကြာမှ သူငယ်ရောက်လေ၏။
`မင်း ဘာပြုလို့ နောက်ကျနေတာတုန်း´
`မြင်းက ခြေထောက်လေးချောင်းနှင့် သွားတာကို ခြေထောက် နှစ်ချောင်းတည်းရှိတဲ့ ကျနော်က ဘယ်လိုလုပ်ပြီး မှီပါ့မတုန်း´
`စကားမများနှင့် နောက်ကို မီအောင်လိုက်ရမယ်၊ မလိုက်နိုင်ရင် မင်းအမေဆီ ပြန်ပို့မယ်´
အမေ့အိမ်တွင် အစားအသောက် ချို့တဲ့သည်။ သို့ဖြစ်၍ အမေ့အိမ်သို့မူ ပြန်မပို့နှင့်၊ မီအောင်လိုက်ပါမည်ဟု အာမခံလေ၏။
သူငယ်သည် သူ၏ကတိအတိုင်း နောက်တစ်နေ့တွင် မြင်းမြီးဆွဲလျက် အမီလိုက်လာသည်။ သို့သော် ရုံးပေါ်တွင် ထိုင်မိ၍ ကွမ်းစားလိုသောကြောင့် ကွမ်းအစ်တောင်းသောအခါ ကွမ်းအစ် ပါမလာချေ။ လမ်းတွင် ကျကျန်ခဲ့သည်။
`ကွမ်းအစ် ကျကျန်ခဲ့တာသိရင် ဘာပြုလို့ ပြန်မကောက်တာတုန်းဟဲ့´
`စာရေးကြီးကို မမီမှာစိုးလို့ပါ´
`နောက်ကို မှတ်ထား၊ ကိုယ့်အရှင်သခင်ရဲ့ ပစ္စည်းကိုရင် ချေးတုံးတစ်တုံးကအစ ကျန်မနေခဲ့ပါစေနဲ့´
သူငယ်က ထိုစကားကို အတိအကျ လိုက်နာပါသည်။ နောက်တစ်နေ့တွင် စာရေးကြီး ရုံးသို့ရောက်၍ ကွမ်းစားရန် ကွမ်းအစ်ကို ဖွင့်လိုက်သောအခါ မြင်းချေးတုံးတွေ ထွက်လာသော ကြောင့်ပေတည်း။
သူငယ်သည် မြင်းနောက်မှ လိုက်သူဖြစ်ရာ မြင်းအမြီးမြောက်တက်ကတည်းက ကွမ်းအစ်အဖုံးကို ဖွင့်ပြီး ခံယူခဲ့သော ကြောင့်တည်း။ ကွမ်းအစ်ထဲမှ မြင်းချေးတွေ တစ်တုံးပြီးတစ်တုံး ထွက်လာသောအခါ အဖော်အပေါင်းများစွာ ၀ိုင်းဝန်းရယ်မောကြလေ၏။
`မင်း ဘာဖြစ်လို့ မြင်းချေးတွေကို ကွမ်းအစ်ထဲထည့်လာတာတုံး´
စာရေးကြီးက စိတ်ဆိုးမာန်ဆိုး မေးသည်။
`နို့ စာရေးကြီးပဲ ကိုယ့်သခင်ပစ္စည်းဆို ချေးတုံးတစ်တုံးကအစ ကျန်မနေခဲ့ပါစေနဲ့ ပြောထားလို့ပါ´
ကိုယ့်စကားနှင့် ကိုယ်မိနေသောကြောင့် စာရေးကြီးမှာ ကြိတ်မနိုင် ခဲမရဖြစ်နေလေ၏။
သို့အတွက် နောက်တစ်နေ့တွင် ထိုသူငယ်အား ရုံးသို့ မခေါ်တော့ပေ။ အိမ်တွင် ထားပစ်ခဲ့သည်။
စာရေးကြီး ရုံးသို့ထွက်သွားပြီး မကြာမီပင် စာရေးကြီး၏ ဇနီးက ထိုသူငယ်အား လှမ်းခေါ်၏။
`ငါတို့ ဈေးသွားမလို့ ကလေးအိပ်နေတာ ကြည့်ထားလိုက်စမ်း´
`ဟုတ်ကဲ့ ခင်ဗျာ့´
သူ၏ ဟုတ်ကဲ့ခင်ဗျာ့မှာ အလွန်ကြောက်စရာကောင်း၏ ကလေးကို ကြည့်လိုက်စမ်းဆိုခြင်းမှာ ကလေးမနိုးအောင် ပုခက်ကို စောင့်လွှဲရန်၊ ကလေး နိုးလာခဲ့သော် ထိန်းထား ချော့မော့ထားရန်ဟူ၍ အဓိပ္ပာယ်ရသည်။
သို့သော် သူငယ်ကား ပုခက်ကို တစ်ချက်မလွှဲပါ။ ကလေးကို ကြည့်ထားလိုက်ဆိုသည့်အတိုင်း ကြည့်၍သာနေ၏။ ပုခက် ရပ်သွားသည်။ ကလေးကို ခြင်ကိုက်သဖြင့် နိုးပြီ။ ကလေးမှာ လေးဖက်တွားစအရွယ်ဖြစ်ရာ ငိုယိုပြီး ထသည်။ သူငယ်ကား ချော့မော့ခြင်းမပြု။ ယူပြီးချီရန်လည်း သတိမရ ကြည့်၍သာ နေ၏။
ကလေးသည် ငိုယိုလျက်က ပုခက်နှုတ်ခမ်းကို ဖက်ပြီး ဆင်းသည်။ ပုခက်ပေါ်မှ ဒုန်းခနဲ ဇောက်ထိုးကျသည်။ ခေါင်းတွင် အဖူးကြီး ချက်ချင်း ဖုထလာသည်။ ငိုလိုက်ပုံမှာလည်း ကျွတ်ကျွတ်ရိုက်နေ၏။
သို့ပါသော်လည်း သူငယ်ကား ကလေးကို ကြည့်မြဲကြည့်နေ၏။
ကလေးသည် ထိုင်ပြီး ငိုမနေပါ။ ငိုယိုရင်းက လေးဖက်တွားလျက် အိမ်လှေကားသို့ သွားသည်။ လှေကားထိပ်မှ ကျွမ်းပြန်ကျသည်။ တလိမ့်ခေါက်ကွေးကျရာ အောက်ဆုံးအထစ်ရောက်မှ ရပ်တော့သည်။
ကလေးငိုပုံမှာ တက်မတတ်၊ ချက်မတတ်၊ နှုတ်ခမ်း ကွဲပြီး ထိပ်ပါပေါက်သွားပြီး။ သွေသံ တရဲရဲ၊ သူငယ်ကား ကြည့်မြဲကြည့်နေသည်။ ကလေးအမေသာ ပြန်ရောက်မလာလျှင် ကလေးသည် လမ်းအထိ ထွက်ကောင်းထွက်မည်။ ကျွဲ၊ နွားအနင်းခံရကောင်းလည်း ခံရဖွယ်ရှိသည်။
`မင်းနှယ့်ကွယ်၊ ကလေးကို ကြည့်ထားလိုက်ပါဆိုတာ ငုံ့ကြည့်နေသလား၊ အခု ဖြစ်ပုံကောင်းသေးရဲ့လား´
`နို့ သခင်မက ကြည့်ထားလိုက်ဆိုလို့ ကျနော်ကြည့်နေတာ မျက်တောင် တစ်ချက်မခတ်´
စာရေးကြီး ဇနီးသည် တစ်နေ့လုံး မြည်တွန်တောက်တီး၍ မပြီး။ စာရေးကြီပြန်လာလျှင် လာချင်း ငိုကြီးချက်မဖြင့် တိုင်ကြားတော့သည်။ သို့အတွက် လူကတ်သတ်အား ခေါ်ရတော့သည်။
`မင်းဟာ ရုံးမှာလည်း သုံးမရ၊ အိမ်မှာလည်း သုံးမရမို့ မင်းအမေအိမ်ကိုပဲ ပြန်ပါတော့ မောင်မင်းကြီးသား´
`ကျနော် နှစ်လပြည့်မှ ပြန်ပါရစေခင်ဗျား´
`ဟေ့ ဟေ့ မင်း ငါ့အိမ်ရောက်ပြီး ဂြိုလ်မွှေနေတာ သုံးလကျော်ပါပြီကွာ´
ထိုအခါ လူကတ်သတ်က ရေးရေးကလေး ပေါ်နေသော တိမ်လွှာကြားက လမင်းကို လက်ညှိုးထိုးပြ၏။ စာရေးကြီးမှာများစွာ အခက်တွေ့သွား၏။ အတန်ကြာမှ အကြံရကာ လူကတ်သတ်အား ရေအင်တုံရှိရာသို့ ခေါ်သွား၏။
`ရေအင်တုံထဲမှာ ကြည့်စမ်း လတစ်စင်း၊ မိုးပေါ်မှာ ကြည့်စမ်း လတစ်စင်း၊ ကဲသည်တော့ လနှစ်လ ရှိသွားပြီမဟုတ်လား၊ မင်း စကားအတိုင်း မင်းအမေအိမ်ကို ကြွပေတော့´
လူကတ်သတ် ဆင်ခြေပေးစရာ မရှိတော့ပါတကား…။

***မင်္ဂလာဈင်အောင်***

***(ဟာသပုံပြင်များ)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)