အာဂျင်တီးနားနိုင်ငံ၌ A(H1N1) တုပ်ကွေးရောဂါဖြင့် သေဆုံးသူပေါင်း ၆၀၀-ခန့်ရှိပြီးနောက် A(H1N1) တုပ်ကွေးရောဂါ ကာကွယ်ဆေး စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၃-ရက်တွင် အာဂျင်တီးနားနိုင်ငံသမ္မတခ ရစ္စတီးနားအနန်ဒက်စ်က ထုတ်ပြန်ကြေညာသည်။ ယင်းဆေးဝါး ထုတ်လုပ်ရေးအဖြစ် ဆေးဝါးကျွမ်းကျင်သိပ္ပံပညာရှင် ၂၅၀-ခန့်နှင့် ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၂၁-သန်းခန့် လိုအပ်လျက်ရှိကြောင်းကိုအာဂျင်တီးနားနိုင်ငံ ၌ ကျင်းပသည့် နိုင်ငံတကာညီလာခံဖွင့်ပွဲတွင်
အာဂျင်တီးနား နိုင်ငံအကြီးအကဲ ခရစ္စတီးနားအနန်ဒက်စ်က ပြောကြားသည်။ အာဂျင်တီးနားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ ၄င်းနိုင်ငံ၌ A(H1N1) တုပ်ကွေးရောဂါ စတင်ဖြစ်သည့် ယခုနှစ်မေလကတည်းက လူပေါင်း ၁.၂-သန်းကျော် ကူးစက်ခဲ့ပြီးလူ ၆၀၀-ခန့်သေဆုံးခဲ့သည်။ (အင်တာနက်)
*** ဆိုမာလီတပ်ဖွဲ့ဝင်များအား ဥရောပသမဂ္ဂတပ်ဖွဲ့ သင်တန်းပေးမည်…
(မိုဂါဒစ်ရျူး၊ နိုဝင်ဘာလ ၁၆-ရက်)
ဥရောပသမဂ္ဂ(အီးယူ)သည် ဆိုမာလီတပ်ဖွဲ့ဝင် ၂၀၀၀-ကို လေ့ကျင့်သင်ကြားပေးရန် အီးယူလေ့ကျင့်ရေးတပ်ဖွဲ့များ စေလွှတ်ရေးအစီအစဉ်ကို အတည်ပြုမည်ဟု မျှော်လင့်ကြောင်း နိုဝင်ဘာလ ၁၃-ရက်တွင် အီးယူအရောရှိတစ်ဦးက ပြောကြားသည်။ အဆိုပါအစီအစဉ်အရ အီးယူတပ်ဖွဲ့ဝင် ၂၀၀-ကို ယူဂန္ဒာနိုင်ငံသို့ စေလွှတ်ပြီး ဆိုမာလီတပ်ဖွဲ့ဝင်များအား လေ့ကျင့်သင်တန်းပေးမည်ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်သည့် ဆိုဖြတ်ချက်ကို လာမည့်သီတင်းပတ်တွင် ကျင်းပမည့် အီးယူဝန်ကြီးများအစည်းအဝေး၌ ချမှတ်အတည်ပြုမည်ဟု သိရသည်။ ဆိုမာလီနိုင်ငံရှိ အင်အား ၆၀၀၀-ရှိသော ရဲတပ်ဖွဲ့ကို အထောက်အကူဖြစ်စေရေးအတွက် အကူအညီပေးရန် ဆိုမာလီအစိုးရ၏ မေတ္တာရပ်ခံချက်အရ ယင်းအစီအစဉ်ကို ချမှတ်ခြင်းဖြစ်သည်ဟု သိရသည်။ (အင်တာနက်)
*** ပင်လယ်ကွေ့ ၆-နိုင်ငံ လူဦးရေတိုးလာမည်…
ပင်လယ်ကွေ့ ၆-နိုင်ငံရှိ လူဦးရေစုစုပေါင်းသည် လာမည့် ၂၀၂၀-ခုနှစ်တွင် ၅၃-သန်းခန့်ရှိလာမည်ြ့ဖစ်ပြီး စီးပွားရေးနှင့် ပညာရေးကဏ္ဍများမှာ ယခုကထက်နှစ်ဆ တိုးမြှင့်လာမည်ဖြစ်ကြောင်း ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီက နိုဝင်ဘာလ ၁၆-ရက်၌ သတင်းထုတ်ပြန်သည်။(အင်တာနက်)
*** တရုတ်လေ့လာရေး သင်္ဘော အန္တာတိကသို့ ရောက်ရှိ…
(ဂရိတ်ဝေါစတေရှင်၊ အန္တာတိက၊ နိုဝင်ဘာလ ၁၆-ရက်)
ထောက်ပံ့ရေးပစ္စည်းနှင့် ရေနံစုစုပေါင်းတန်ချိန် ၂၃၀၀-ကျော် တင်ဆောင်ထားသော စနိုးဒရာဂွန်အမည်ရှိ တရုတ်လေ့လာရေးသင်္ဘောသည် အန္တာတိကရှိ ဂရိတ်ဝေါစတေရှင်ဆိပ်ကမ်းသို့ နိုဝင်ဘာလ ၁၂-ရက်နေ့က ဆိုက်ကပ်လာကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ အန္တာတိကတွင် အပူချိန်မြင့်လာသဖြင့် ဂရိတ်ဝေါစတေရှင်တစ်ဝိုက်တွင် နှင်းခဲများအရည်ပျော်ပြီး ပင်လယ်ပြင်တစ်ခွင်တစ်ပြင်၌ ရေခဲစိုင် ရေခဲတုံးများ မျောပါလျက်ရှိသည်။ ရေခဲများကြောင့် သင်္ဘောသားများက ထောက်ပံ့ပစ္စည်းများကို လှေများဖြင့် တင်ပို့နေရကြောင်း ယင်းထောက်ပံ့ရေးပစ္စည်းများ လှေပေါ်တင်ဆောင်သည့်လုပ်ငန်းကို ရှစ်ရက်အတွင်း အပြီးဆောင်ရွက်မည်ဖြစ် ကြောင်း
်သတင်းရရှိသည်။ (ဆင်ဟွာ)
***စုစည်းဘာသာပြန်- မောင်ချစ်ကြည်***
***အာဂျင်တီးနားနိုင်ငံ၌ A(H1N1) တုပ်ကွေးရောဂါ ကာကွယ်ဆေး စတင်ထုတ်လုပ်မည်**

No comments:
Post a Comment