ဝက်လက်ဘုရားပွဲတော် ဇာတ်ပွဲတွင် ရန်ဖြစ်သဖြင့် ထွက်ပြေးလာရသော လှတောသားအား ရွာတွင် ကျန်ရစ်ခဲ့သူများကမေး၏။
`ရန်ပွဲမှာ ရဲမရှိဘူးတဲ့ကွာ၊ မြို့ကြီး ပြကြီး ဖြစ်နေပြီးတော့…´
`ရဲတော့မရှိဘူး၊ မြို့အုပ်ဆိုတာတော့ မြင်ခဲ့ရ၊ အလိုလေး မြို့အုပ်မင်း စိတ်ဆိုးနေလိုက်ပုံနှယ်၊ သူ့မျက်နှာကြီးက ညောင်နီ ခေါက်ကို
ပုဆိုးနဲ့ လွှားထားသလား မှတ်ရ´ဟု ပွဲပြန် လှတောသားက အားရပါးရ ပြောလေ၏။
*** ကြက်ယက်ထားတဲ့ ပလာတာ***
တောသူတောင်သားများထံမှရသော ငွေစက္ကူများသည် များသောအားဖြင့် ညစ်ပေနေလေ့ရှိ၏။ ဟောင်းနွမ်း၏။ ကျိုးကြေနေလေ့လည်းရှိ၏။ သို့ရာတွင် ဤဈေးသည်ကြီးထံမှရသော ကျပ်တန်များမှာ အလွန်ရုပ်ပျက်နေသည့်အတွက် လှတောသား စပယ်ယာသည် ဤသို့ ညည်းထွား၏။
` အလိုလေး… ကျပ်တန်တဲ့ အဒေါ်ရယ်၊ ထုရိုက်ထားတဲ့ ထပ်တစ်ရာ (ပလာတာ)ကို ကြက်ယက်ထားတာမှ တော်လိမ့်မယ်…´
*** ဦးလှအောင်***
*** ရဲမရှိတဲ့ ရန်ပွဲ***

No comments:
Post a Comment